ဆန်ကုန်မြေလေး၅၀နှင့်မွှင်းခါး၁ပွဲ

ရွှေဘိုမြို့နယ်၊ မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်မှု ပျူစောထီးများနှင့် မိသားစုဝင် ၅၀ ကျော် အရှင်ဖမ်းမိပြီး ပျူစောထီး ၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်ရာ ပျူစောထီးများနှင့် မိသားစုဝင် ၅၀ ကျော် အရှင်ဖမ်းမိပြီး ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၈ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီ ၈ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ တိုက်ပွဲကြာချိန် ၂ နာရီခန့် ဖြစ်ပွားခဲ့ပြီး မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ပွဲအတွင်း ပျူစောထီးများနှင့် ၎င်းတို့၏ မိသားစုဝင် ၅၀ ကျော်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ပျူစောထီး ၁ ဦးကို အသေဖမ်းဆီး ရမိခဲ့​ကာ ပျူစောထီး အချို့ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၈ ၊ ရွှေဘိုခရိုင်တပ်ရင်း ၁၇ ၊ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ၊ ရွှေဘိုခရိုင်တပ်ရင်း ၂၆ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *