လွိုင်ကော်ရေ ခဝေးတွေကြောင့်အလှတရားတွေပျောက်ခဲ့(ရုပ်သံ)

လွိုင်ကော်ထောင်တိုက်ပွဲတွင် စစ်သား ၄၀ ခန့်သေဆုံးပြီးနောက် စစ်တပ်က လွိုင်ကော်မြို့ကို မီးရှို့နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ကရင်နီပြည်နယ်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ လွိုင်‌ကော် ထောင်တိုက်ပွဲ တွင် စစ်ကောင်စီတပ်သား ၄၀ ခန့်သေဆုံးပြီးနောက် စစ်တပ်က လွိုင်ကော် မြို့ပေါ်ရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း DMO Local PDF တပ်ဖွဲ့မှ သတင်းနှင့်ပြန် ကြားရေး တာဝန်ခံ ခွန်းဖရန်စစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့်ဖြင့် တပ်စွဲထား သော လွိုင်ကော်မြို့ရှိ အကျဉ်းထောင်ကို ကရင်နီတော်လှန်ရေး အင်အားစုတို့က ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အကျဉ်ထောင်ကို တဝက်နီးပါးအထိ စီးနင်းနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၀ ခန့်သေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ကရင်နီတော်လှန်ရေး အင်အားစု ဘက်မှလည်း ကျဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း၊ ယင်းနောက် စစ်သားများက လွိုင်ကော်မြို့ပေါ်ရှိ နေအိမ်များနှင့်ရပ်ကွက်များကို ယနေ့အထိ မီးရှို့နေကြောင်း သိရသည်။

“မနေ့က ညနေ ဗဟိုဈေးကို မီးလောင်ဗုံးနဲ့ ထုတာ၊ ၃ လုံးပေါ့၊ အဆောက်အအုံတွေမီးလောင်နေတာ ဒီမနက်အထိပဲ၊ သူတို့ရှိတဲ့နေရာတိုင်းမှာ မီးရှို့နေတာ၊ ဒီမနက်လည်း ရှို့တယ်၊ အခြားရက်တွေတုန်း ကလည်း ရှို့တယ်၊ အခုပို့ပေးတာ Video ဆိုရင် ဗဟိုဈေးနေရာပေါ့၊ ဗဟိုဈေးနေရာကတော့ လက် နက်ကြီးနဲ့ လှမ်းထုတာပေါ့၊ ဒီလိုမျိုးနေ့တိုင်းပဲ ရှို့နေတာ၊ သူတို့ခြေကုပ်ယူထားတဲ့ ဘေးပတ်ဝန်းကျင် က ပြည်သူ့နေအိမ်တွေကို ရှို့နေတာ၊ မြို့ထဲဆိုတော့ ဆုံးရှုံးမှုက သိန်းထောင်ချီရှိတာပေါ့၊ အဓိက မီးလောင်တဲ့နေရာက ဆိုင်ခန်းတွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဆုံးရှုံးမှုက များတာပေါ့၊” DMO Local PDF တပ်ဖွဲ့မှ သတင်းနှင့်ပြန် ကြားရေး တာဝန်ခံ ခွန်းဖရန်စစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ အကျဉ်းထောင်ကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက ခြေကုပ်ယူကာ ခံစစ်ပြင်ဆင်ထားပြီး အနီးအနားပတ်ဝန်းကျင်ရပ်ကွက်အတွင်းရှိ ပြည်သူ့နေအိမ် များကိုလည်း နေ့စဉ်နှင့်အမျှ မီးရှို့ဖျက်ဆီးနေကြောင်း၊ ကရင်နီပြည်နယ်တွင် ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ခံစစ်ပြင်ဆင်ကာ ၎င်းတို့တပ်စွဲထားရာ နေရာပတ်ဝန်းကျင်ရှိ ပြည်သူ့နေအိမ်များကို မီးလာင်ဗုံးဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများနေ့ စဉ်နှင့်အမျှ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“လောလောဆယ်တော့ အနည်းအကျဉ်းထိတွေ့မှုတော့ ရှိတယ်၊ ဘီလူးချောင်း ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းထိတွေ့မှုရှိသလို နောက်ပြီးတော့ ထောင်အနီး တဝိုက်မှာလည်း ထိတွေ့မှုတော့ရှိတယ်၊ အပြင်းအထန်တော့မဟုတ်ပေါ့၊ အနည်းအကျဉ်းပါပဲ၊ ဒီ နှစ်ရက် သုံးရက်တော့ ဟယ်ရီကော်ပတာ လာတာတော့တွေ့တယ်၊ လူလာပို့တာလား၊ လက်နက်ခဲ ယမ်းထပ်ဖြည့်တာလားတော့ ကျနော်တို့ လည်း မသိဘူး” ဟု DMO Local PDF တပ်ဖွဲ့မှ သတင်းနှင့် ပြန် ကြားရေး တာဝန်ခံ ခွန်းဖရန်စစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

ထို့ပြင် စစ်ရေးမသက်ဆိုင်သည့် ဘာသာရေးအဆောက်အအုံများ၊ ပြည်သူ့နေအိမ်များကို ခြေကုပ် ယူထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မြေပြင်မှ စစ်ကူပို့ဆောင်နိုင်ခြင်းမရှိသဖြင့် ရဟတ် ယာဉ်ဖြင့် လက်နက်ခဲယမ်းများ ပို့ဆောင် ဖြည့်တင်းခြင်းတို့လုပ်ဆောင်နေကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *