အဝေးကစ်တစ်ကောင် အနီးကစ်တစ်ကောင်(ရုပ်သံ)

မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းအား တိုက်ခိုက်မှု ရဲ ၂ ဉီးသေဆုံး ၂ ဉီး ဒဏ်ရာရ (ရုပ်/သံ)

++++++++++++++++++

ဒီဇင်ဘာ ၂၄ ရက်

မကွေးတိုင်း မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းအတွင်း သရက်ကန်ပျူစောထီးစခန်းမှ ပြန်လာမဲ့ အကြမ်းဖက်စစ်ကြောင်းအား ကြိုဆိုရန် တန်းစီစောင့်ဆိုင်းနေစဉ် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဉီးသေဆုံးပြီး ၂ ဉီး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ယနေ့ ဒီဇင်ဘာ ၂၄ ရက် နံနက် ၈နာရီခွဲခန့်က မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းအတွင်း သရက် ကန်ပျူစောထီးရွာမှ ပြန်လာမဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြိုဆိုရန် တန်းစီစောင့်ဆိုင်းနေစဉ် စခန်းတောင်ဘက်မှ စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တာ ရဲ ၁ ဉီး ထိမှန်သေဆုံးပြီး အနောက်တောင်ဘက် မီတာ ၁၀၀ အထိ တိုးကပ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဉီးထပ်မံသေဆုံး ပြီး ၂ ဉီး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကြောင်းရောက်ရှိ လာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာပေးခဲ့တယ်လို့ သိ ရပါတယ်။

အထက်ပါစစ်ဆင်ရေးအား Earthquake people `s defence force(pakokku)၊ TYK ပျောက် ကြားတပ်ဖွဲ့​နဲ့ မြိုင် (ပကဖ)တပ်ရင်း (၁)ခွဲ (၄) စက်ြာတပ်ဖွဲ့တို့မှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *