မွှင်းခါး၇ပွဲကို ၇ မိနစ်နဲ့ချက်

မုံရွာမြို့နယ်၊ သာစည်အကျဥ်းထောင်ဝင်းမှ စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ စစ်ဆေးရုံကို ဒဏ်ရာ စစ်သားများ ပို့ဆောင်စဥ် ထပ်မံ တိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး လက်နက် ၄ လက်ရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်အကျဥ်းထောင်ဝင်းမှ စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး စစ်ဆေးရုံကို စစ်သား အလောင်းနှင့် ဒဏ်ရာရသူများကို သယ်ဆောင်စဥ် ထပ်မံ တိုက်ခိုက်ရာ ၅ ဦးသေဆုံးပြီး လက်နက် ၄ လက်ရရှိခဲ့ကြောင်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၂၁ မိနစ်ခန့်တွင် သာစည် အကျဉ်းထောင်ဝန်းမှ ဆက်ကြေးကောက်ခံရန် ထွက်ရှိလာသော အကြမ်းဖက် စစ်စီတပ်သား ၁၀ ဦးခန့်ကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF) နှင့် မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်များက ခြုံခို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားချိန် ၇ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခြုံခို တိုက်ခိုက်မှု​အတွင်း ဒဏ်ရာရ အကြမ်းဖက်စစ်ကောင်တပ်သားများကို မုံရွာမြို့နယ်၊ အလုံမြို့ရှိ စစ်ဆေးရုံကို လူနာတင်ကားဖြင့် ပို့ဆောင်စဥ် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နှင့် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပ.လ.ဖ)များက လမ်းပိုင်း တစ်နေရာ၌ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦး ထပ်မံ သေဆုံးခဲ့ပြီး လက်နက် ၄ လက်ရရှိခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF-Gara စခန်း)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (Special Region Attack Force-SRAF) တပ်ခွဲနှင့်အတူ 9 Million အဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ်(၃၀) တပ်ရင်း၊ Future Star အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၂၅) တပ်ခွဲ(၄) Y.A.S.F၊ မုံရွာခရိုင်တပ်ရင်း (၂၁) တပ်ခွဲ(၃)၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တိုက်နယ်(၅) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *