ကယန်းလက်ဝှေ့မယ် ဘရော်နီကာ မွေထိုင်း ချန်ပီယံ (၂) နှစ်ဆက်တိုက် ဖြစ်လာ

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ မွေထိုင်း ချန်ပီယံ (၂) နှစ်ဆက်တိုက် ဖြစ်လာ

++++++++++++++++++++

ဒီဇင်ဘာ၊ ၂၅

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့၊ Wat Wachira Thammaram မှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ထိုင်းဘုရင့်ဖလား မွေထိုင်းချန်ပီယံဗိုလ်လုပွဲမှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာက အနိုင်ရရှိခဲ့ပါတယ်။

ပထမအချီ ၁ မိနစ် ၁၃ စက္ကန့် မှာပဲ ဘရော်နီကာက အိမ်ရှင်ထိုင်းနိုင်ငံသူ ဖရာဆင်ဂါဆော်ဆွန်မစ်ကို အနိုင်ရရှိပြီး ၂ နှစ်ဆက်တိုက် ချန်ပီယံ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Thai Fight က စီစဥ်တဲ့ အဆိုပါ ပွဲဟာ ဘရော်နီကာအတွက် ထိုင်းမွေထိုင်းလောကမှာ ၂ နှစ်ဆက်တိုက်ချန်ပီယံရယူနိုင်တဲ့ ပထမဆုံး ကယန်း အမျိုးသမီးလက်ဝှေ့မယ် အဖြစ်မှတ်တမ်းဝင်ခဲ့ပါပြီ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *