ရိက္ခာလာယူတဲ့ စခတွေ အုန်းခံရ (ရုပ်သံ)

ကျောက်ရစ်ရဲစခန်းကနေ ရိက္ခာလာယူတဲ့ စစ်သားတွေ ဒရုန်းနဲ့ အုန်းခံရ (ရုပ်သံ)

ဒီဇင်ဘာ ၂၅ ရက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကနေ ထောက်ပို့ရိက္ခာ ပစ္စည်းတွေလာယူတဲ့ စစ်သားတွေ ဒရုန်းနဲ့ ၃ကြိမ်တိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ထိခိုက်မှုရှိခဲ့တယ်လို့ Myingyan District Drone Strike ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။

ယမန်နေ့က ရိက္ခာလာယူတဲ့ စစ်သားတွေကို နနွင်းကိုင်းရွာနဲ့ ရွှေတချောင်ရွာကြားအရောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သားတဦးအပြင်းအထန်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကိုတော့ Myingyan District Drone Strike အမှတ် (၁၈၄၈)ဒရုန်းတပ် နှင့် Shar Htoo Waw နည်းပညာ Team (2) ပူးပေါင်းမဟာမိတ်အဖွဲ့များကတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ မြောင်နယ်အတွင်းကို စစ်ကြောင်း၂ကြောင်းနဲ့ ဝင်ရောက်အကြမ်းဖက်နေလို့ ဒေသခံတွေဟာဘေးလွတ်ရာကို အရေးပေါ်ထွက်ပြေးနေရတယ်လို့သိရပြီး စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို အခုလိုတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်နေတာဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *