မွှင်းခါး၁၅ပွဲနှင့်သံရည်ကျို၂စီး

ဆင်ပေါင်ဝဲမြို့နယ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော စစ်ကား ၃ စီး ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း မကွေးခရိုင် အမှတ် ၂ တပ်ရင်း ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၂ ရက် ည ၉ နာရီ မိနစ်၃၀ အချိန်ခန့်တွင် ပဲခူးရိုးမ အနောက်ခြမ်း ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သဂရလမ်းပိုင်း ဘန်းကုန်းကျေးရွာနှင့် ဓနုန်းမြောင် ကျေးရွာကြားတွင် စစ်ကောင်စီအင်အား ၈၀ ခန့်ပါ မော်တော်ယာဥ် ၃ စီးကို မိုင်းကွင်း ၄ ကွင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ၇ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ ကား ၂ စီးပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ယာဥ်တန်းသည် ဒီဇင်ဘာလ ၂၀ ရက်နေ့မှစ၍ ပဲခူးရိုးမအနောက်ခြမ်း အောင် လံ မြို့နယ် ကရင်မစမ်းကျေးရွာနှင့် ပျဥ်းကုန်းကျေးရွာအား စစ်ကြောင်းထိုးတောနင်းခဲ့ပြီး ပြန်လာ ခြင်းဖြစ်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဓနုန်းမြောင်စစ်တပ်ဂိတ်ကို စစ်ကား တစ်စီး သာ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း၊ သရက်ခရိုင် အမှတ် ၁ တပ်ရင်း၊ သရက်ခရိုင် အမှတ် ၅ တပ်ရင်း၊ အောင်လံမြို့နယ် ပကဖနှင့် ဆင်ပေါင်ဝဲမြို့နယ် ပကဖတို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

Photo -အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်စဥ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *