တည့်တည့် ကြီးကို ကျသွားတာ(ရုပ်သံ)

ပခုက္ကူမြို့ အခြေစိုက် တမခ ၁၀၁ မှ ထွက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မကွေးတိုင်း၊ ပခုက္ကူမြို့ အခြေစိုက် အမှတ် ၁၀၁ ခြေမြန် တပ်မဌာနချုပ်မှ ထွက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ပခုက္ကူမြို့နယ် ပကဖတပ်ခွဲ ၂ Young Force (UG) အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပခုက္ကူမြို့ အခြေစိုက်အမှတ် ၁၀၁ ခြေမြန် တပ်မဌာနချုပ်မှ ထွက်လာသော စစ်ကြောင်းသည် တွင်းမရွာတွင် ပိတ်မိနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက Fix Wing Drone ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ လိုက်ပါလာသည့် ကားပေါ် တည့်တည့်ကျရောက်ခဲ့ပြီး ထိခိုက်သေဆုံးမှု များစွာရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း(၁)၊ ဂဠုန်တပ်ခွဲ(၂)၊ DMG နှင့် ပခုက္ကူမြို့နယ်ပကဖ တပ်ခွဲ(၂) မှ ThuRain-TR (Pakokku)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *