အကူမွှင်းခါးပွဲ၂၀ လနတွေပါရရှိ

ကျောက်တံခါးနှင့် ကျောက်ကြီး မြို့နယ်ရှိ စစ်စခန်းများကို တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံးပြီး လက်နက် မျိုးစုံ ၁၉ လက် သိမ်းဆည်းရရှိကာ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက နတ်သံကွင်းမြို့ကို ထိန်းချုပ်ထား

■ နတ်သံကွင်းမြို့ကို စစ်ကူလာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ဦး ထပ်မံသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ပဲခူးတိုင်း၊ ကျောက်တံခါးနှင့် ကျောက်ကြီး မြို့နယ်ရှိ စစ်စခန်းများကို တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံးပြီး လက်နက် မျိုးစုံ ၁၉ လက် သိမ်းဆည်းရရှိကာ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက နတ်သံကွင်းမြို့ကို ထိန်းချုပ်ထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲကွပ်ကဲရေးရုံးက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကျောက်တံခါးမြို့နယ်ရှိ နရွဲပင်ရွာ၊ အုန်းနှဲပင်ရွာနှင့် ကျောက်ကြီး မြို့နယ်ရှိ လပတ်ရွာ၊ နတ်သံကွင်းမြို့တို့ရှိ အကြမ်းဖက် စစ်တပ် စခန်းများကို KNLA၊ PDF၊ ABSDF၊ BPLA ပူးပေါင်းမဟာမိတ်တပ်များက တပြိုင်နက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း နရွဲပင်ရွာ၊ အုန်းနှဲပင်ရွာ၊ လပတ်ကျေးရွာ တို့ရှိ အကြမ်းဖက် စစ်တပ် စခန်းများနှင့် နတ်သံကွင်းမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ကင်းစခန်းများကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ ခမရ ၃၀၇ ၊ ခမရ ၃၅၁ ၊ ခလရ ၆၀ တပ်ရင်းများက လက်နက်ကြီးများဖြင့် တပြိုင်တည်း ပစ်ခတ် တိုက်ခိုက်ခဲ့​ပြီး လက်ရှိ အခြေအနေထိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက နတ်သံကွင်းမြို့ကို ထိန်းချုပ်ထားကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မူ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း စစ်ရေး ရည်မှန်းချက်အတိုင်း အကောင်ထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နတ်သံကွင်းမြို့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ရန်သူ အလောင်းများနှင့်အတူ လက်နက်ကြီး လက်နက်ငယ် ၁၉ လက်နှင့် ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့​ပြီး တော်လှန်းရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမူ တချို့ ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက် ၆ နာရီခန့် တွင်လည်း ပဲနွယ်ကုန်းမြို့မှ နတ်သံကွင်းမြို့ဘက်သို့ စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ကို သဲကောကျေးရွာအနီးတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးခန့် ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မူကြောင့် သဲကောကျေးရွာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် နတ်သံကွင်းမြို့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မူကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ အနေဖြင့် စစ်တောင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးကို စစ်ဆင်ရေး တိုးမြှင့် ဆောင်ရွက်မည် ဖြစ်သောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် စစ်ကောင်စီယန္တရား လည်ပတ်စေရန် ဆောင်ရွက်နေသူများအားလုံး ပြည်သူ့ဘက်ကို ရပ်တည် ပူးပေါင်းကြရန် တိုက်တွန်းလိုကြောင်း၊ ပြည်သူများအနေဖြင့် ဘေးအန္တရာယ် ကင်းဝေးစေရန် အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြပါရန် လေးလေးနက်နက် မေတ္တာရပ်ခံအပ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲကွပ်ကဲရေးရုံးက အသိပေး ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *