အုတ်ဖိုမြို့ အုပ်ကြီးလင်မယား အကုတ်ခံရ

အုတ်ဖိုမြို့နယ်က ရွာနှစ်ရွာကို အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရပြီး သေဆုံး

++++++++++++++++

ဒီဇင်ဘာ ၂၈

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းအုပ်စုအပိုင် ရေတာကျေးရွာနဲ့ ကျေးပင်အင်ကျေးရွာကို အုပ်ချုပ်တဲ့ နှစ်ရွာစား အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က ထုတ်ပြန်ပါတယ်။

ပျူခေါင်းဆောင်တဖြစ်လည်း နှစ်ရွာစား အုပ်ချုပ်ရေးမှူးလင်မယားကို ဒီဇင်ဘာ ၂၈ ရက် မနက် ၅ နာရီခွဲမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အဲ့လိုရှင်းလင်းပြီးနောက် နေအိမ်အတွင်း လက်ပစ်ဗုံး ၂ လုံး၊ အီနာဂါ ၁ လုံး ၊ အီနာဂါဗို့ကျည် ၁ လုံး၊ ၅.၅၆ ကျည် ၆ တောင့်၊ စကားပြောစက် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ပြီး သူကိုင်ဆောင်တဲ့ ပစ္စတိုသေနတ်ကိုတော့ မတွေ့ရှိတာကြောင့် မသိမ်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။

ရှင်းလင်းလိုက်တဲ့ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် လင်မယားဟာ စစ်ကောင်စီကို တော်​လှန်​ရေး ရဲ​ဘော်​များရဲ့ သတင်းအချက်အလက်များ​နဲ့ PDFစခန်း တည်နေရာများကို ထောက်​လှမ်း​သတင်းပေးပို့ခြင်း၊ တရားမဝင် လောင်းကစားဝိုင်းများနဲ့ ချဲနှစ်လုံးဒိုင်များဆီ လိုက်လံ ဆက်ကြေးကောက်ခံခြင်း၊ ဒေသခံပြည်သူများကို စစ်ကောင်စီ အားကိုးနဲ့ ဖိနှိပ်ဒုက္ခပေးနေခြင်းတို့ အခုလို အရေးယူရတာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *