ကိုလှရွှေတို့ ကြိတ်ခံလိုက်ရပြန်ပြီ

ပုလဲမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပုလဲမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၈ ရက် နံနက် ၁၀ မိနစ် ၃၀ ခန့်က ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးသီး ၂ လုံးဖြင့် လည်းကောင်း၊ မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ တွင် ပုလဲမြို့ပေါ်ရှိ ရဲစခန်းကို ဗုံးသီး ၄ လုံးဖြင့် လည်းကောင်း၊ ဒီဇင်ဘာလ ၂၉ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ပုလဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးကို ဗုံးသီး ၂ လုံးဖြင့် လည်းကောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် ပုလဲမြို့မရဲစခန်းကို ဗုံး သီး ၃ လုံးဖြင့် လည်းကောင်း ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3) PDAF ၊ Shar Htoo Waw Team(4)SSTF ၊ မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ ၃ ၊ တိမ်တမာန် လေကြောင်းစစ်ဆင်ရေး၊ စစ်ကိုင်း တိုင်း၊ ပကဖ ၊ ဆားလင်းကြီးမြို့နယ်၊ ပကဖ ၊ ကျောက်လုံးကြီးKLG တပ်မဟာ ၊ Seven People Defense Force-Mandalay ၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ Support To Federal Democracy ၊ CONNECT နှင့် ဒေသခံတပ်ရင်း၊ တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့အနေဖြင့် ထောက်ပံ့ရရှိသည့် ပစ္စည်းများဖြင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေခြင်းဖြစ်ပြီး ဒရုန်းအစီးရေများများဖြင့် စွမ်းအားပြင်း ယမ်းများကို အသုံးပြုကာ ပိုမိုထိရောက်သော မစ်ရှင်များကို ဖော်ဆောင်လိုပါသဖြင့် မိဘပြည်သူ များမှ ပူးပေါင်းပါဝင် ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *