မတ္တရာမြို့နယ် ပန်းသလဲတောင်စခန်းကုန်းပေါ်ရှိ အကြမ်းဖက်စစ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
++++++++++++++++++++++++
ဒီဇင်ဘာ ၃၀ ရက်
မန္တလေးတိုင်း မတ္တရာမြို့နယ် ပန်းသလဲတောင်စခန်းကုန်းပေါ်ရှိ အကြမ်းဖက်စစ်သားတွေကို လက်နက်ကြီးနဲ့ ၁၀ ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့မှ သတင်းထုတ်ပြန် ထားပါတယ်။
ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက မတ္တရာအရှေ့ပိုင်းနယ်မြေရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲ ထားတဲ့ ပန်းသလဲတောင်စခန်းကုန်းကို လက်နက်ကြီးနဲ့ ၁၀ ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေဟာ စက်လက်၊ ၆၀ မမ လက်နက်ကြီးများအပြင် RPG တွေနဲ့ပါ တန်ပြန်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ရဲဘော်တွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ် လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက မန္တလေး-မိုးကုတ်လမ်းမကြီးအနီး မြို့ဆိုးကုန်းတံ တားမှာ ရပ်ပြီး စစ်ဆေးရေးပြုလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဉီးသေဆုံးပြီး ၁ ဉီး ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ သိရပါတယ်။