မနက်ခင်း အဖွင့်လေးလှနေရော

ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်းနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာလ ၃၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်းနှင့် စာသင် ကျောင်း၌ တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၇ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်အစောပိုင်းက ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်းနှင့် စာသင် ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ခမရ ၂၀၈ ၊ ခမရ ၅၄၆ တပ်ရင်းမှ တပ်သားများကို KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ချေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်ကောာင်စီ တပ်သား ၂၇ ဦးထက်မနည်းသေဆုံးပြီး ရဲ ၁၀ ဦးအရှင်ဖမ်းမိကာ လက်နက် ၂၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA ၊ KNDO ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားဖြူစစ်ကြောင်း တပ်ခွဲ ၃ နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားများမှာ တောင်ကြာအင်းကျေးရွာမှ ဆုတ်ခွာသွားကြောင်း၊ ယင်းတိုက်ပွဲအတွင်း တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး တိုင်းပြည်နှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေး အတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးနှင့်အတူယှဉ်တွဲ၍ ကျားဖြူစစ်ကြောင်းအနေဖြင့် တပြိုင်တည်း ပါဝင်တိုက်ပွဲ ဆင် နွှဲ လျက်ရှိပြီး ကျားဖြူစစ်ကြောင်း၏ လက်ရှိတာဝန်ကျရာနေရာဖြစ်သော ကော့ကရိတ်ခရိုင်တွင် နေ့ စဉ်တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း၊ မိဘပြည်သူများအနေဖြင့် စစ်ရေးသတင်းများကို နားစွင့်၍ ဘေးကင်းလုံခြုံသော နေရာများတွင် နေထိုင်ပေးကြပါရန် ကျားဖြူစစ်ကြောင်းက အသိပေး ထုတ် ပြန်ထားသည်။

ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *