မွှင်းခါးမချက်ခင် ခေါ်တုန်းလာကြနော်

တန့်ဆည်တွင် စစ်သားများ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် ဒရုန်းလေယာဉ်ငယ်ဖြင့် စာရွက်များနှင့်အတူ ဗုံးများပါ ကျဲချ တိုက်တွန်း

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့‌ပေါ်ရှိ စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဒရုန်းလေယာဉ်ငယ်ဖြင့် ဗုံးကျဲချ တိုက်ခိုက်ပြီး စစ်သားများ အမြန်းဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်းစာရွက်များကိုပါ ကြဲချခဲ့ကြောင်း တန့်ဆည်PDF ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၀ရက် နေ့လယ် ၂နာရီ ၃ဝမိနစ်ခန့်အချိန် တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်တပ်စွဲထားသော မြို့မရဲစခန်းနှင့် ဝန်ထမ်းအိမ်ရာတို့ကို မောင်းသူမဲ့လေယာဉ်ငယ် (Fixed Wings) ဖြင့်ဗုံးသီး ၂လုံးကျဲချ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ ပြည်သူ့ရင်ခွင် ‌ခိုလှုံရန် တိုက်တွန်းစာများကို ဝေဟင်မှ ကျဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဗုံးကျဲလို့ထိတဲ့ ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲပါ။ ရဲစခန်းထဲကနေ လက်နက် ကြီးနဲ့ အဆက်မပြတ် ပြန်ပစ်တာဆိုတော့ အထိနာသွားတာတော့ သေချာတယ်။ ပြည်သူ့ရဲဘော်တွေတော့ ဘေးကင်းပါတယ်” ဟု တန့်ဆည်PDF ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း ၇၊ တပ်ရင်း ၈၊ တပ်ရင်း ၁၀နှင့် တပ်ရင်း ၁၆တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *