ဆီဆိုင်ဆိုတော့ မွှင်းခါးအမြန်ကျတ်တာပေါ့(ရုပ်သံ)

စွမ်းရည်ထက်ဆီဆိုင်ရှိ အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို ဒရုန်းဖြင့် တိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်သား နှစ်ဦး သေဆုံး (ရုပ်သံ)

ဒီဇင်ဘာလ ၃၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ – မန္တလေးကားလမ်းပိုင်းရှိ စွမ်းရည်ထက်ဆီဆိုင်အနီးရှိ အာဏာသိမ်းစစ်အုပ်စုစစ်စခန်း ကို ဒရုန်းဖြင့် တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန် ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။

စွမ်းရည်ထက်ဆီဆိုင်အနီးရှိ အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ခရီးသွားပြည်သူများကို အဓမ္မဆက် ကြေး ကောက်နေတာ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ယမန့်နေ့ ညနေ့သုံးနာရီခွဲခန့်မှာ ဒရုန်းဖြင့် ၆၀ မမ ဗုံး သီး ဆယ်လုံး ကြဲချခဲ့တာ ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်အုပ်ဘက်မှ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ဆယ်ဦးအပြင် Jammer ပျက်စီးခြင်းအပါအဝင် အဆောက်အဦး နှစ်ခု မီးလောင်ခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး က ပြောဆိုထားပါသည်။

အဆိုပါစွမ်းရည်ထက်ဆီဆိုင်အနီးရှိ အာဏာသိမ်းစစ်ကောင်စီစစ်အုပ်စုက မကြာခဏဆိုသလို အနီးအနားဝန်း ကျင်ရှိ ကျေးရွာများမှ ပြည်သူနေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူပိုင်ပစ္စည်းများ နှင့် အိမ်မွေးတိရစ္ဆာန်များကို ယူဆောင်ခြင်းအပါအဝင် ဒေသခံပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုများကို ကျူးလွန်ထားလျက် ရှိသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *