နတ်နတ်သီးရှာရင်း အုန်းခံရ၍ ဂန့်

မတ္တရာတွင် မိုင်းရှာနေသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

ဒီဇင်ဘာလ ၃၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မိုးကုတ် – မန္တလေးလမ်းမကြီးအနီးတွင် မိုင်းရှာနေသည့် စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က မိုးကုတ် – မန္တလေးလမ်းမကြီးအနီး မြို့ဆိုးကုန်းတံတားတွင် မိုင်းထောင်ထားကြောင်း သတင်းရ၍ စစ်ကောင်စီတပ်က ကား နှစ်စီးဖြင့် မိုင်းရှာခဲ့သည်။

ထိုအချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသည် မိုင်းကွင်းအနီးသို့ တဖြည်းဖြည်း ချဥ်းကပ်လာခဲ့ပြီး မိုင်းကွင်းပေါ်သို့ ရောက်လာချိန်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စခတွေက မတ္တရာဘက်ကလာတာ။ ဒီကိစ္စမတိုင်ခင် ၁၀ရက်လောက်အလိုကလည်း မြို့ဆိုးကုန်းတံတားနဲ့မနီးမဝေးမှာ မိုင်းကွင်းတစ်ကွင်းဆွဲထားသေးတယ်။စကစသတင်းပေးတွေက အဲနားမှာ မိုင်းထောင်ထားတယ်လို့သတင်းပေးလိုက်လို့မိုင်းလာရှာတယ်။ သူတို့မိုင်းကွင်းထဲဝင်တဲ့အချိန်မှာ ချိန်သားကိုက်ကွက်တိဖောက်ခွဲလိုက်နိုင်ခဲ့တာပါ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်သား နှစ်ဦးသေဆုံးပြီး

တစ်ဦးပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

မတ္တရာမျိုးမှန်တပ်ဖွဲ့သည် ဒီဇင်ဘာ ၂၈ရက်ကပင် မတ္တရာနယ်အရှေ့ပိုင်းရှိ စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲထားသော ပန်းသလဲတောင် စခန်းကုန်းပေါ်သို့ လက်နက်ကြီးဖြင့်

၁၀ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ယနေ့ (ဒီဇင်ဘာ ၃၁ရက်) နံနက်ပိုင်းက မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ဥဒိန်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၈၀ခန့် မီးလောင်ပြာကျခဲ့သည်။

(ပြီးခဲ့သည့် ၂၀၂၂အတွင်းက မိုးကုတ် – မန္တလေးလမ်းမကြီးပေါ်တွင် သွားလာနေသော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *