နတ်တလင်း မွှင်းခါး၄ပွဲ

နတ်တလင်းတွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး၊ ပခုက္ကူခရိုင်တွင် အမှတ် ၂၁ ကပစ စက်ရုံမှ စစ်ကား ၂ စီးကို မိုင်းဆွဲမှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများ

ရန်ကုန်၊ ဇန်နဝါရီ ၁

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျောက်ပြုတ်ရွာအထက်စုဘက်သို့ စစ်ကြောင်း ထိုး လာသော အကြမ်း ဖက်စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီ တပ်သား ၄ ဦးသေဆုံး ခဲ့ကြောင်း နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာ ၃၁ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က နတ်တလင်းမြို့ နယ်၊ တောင်ညိုဆည် အထက်ပိုင်း၊ ကျောက်ပြုတ်ရွာအထက်စုဘက်ကို စစ် ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်း ကို တော်လှန်ရေးတပ်ဖွဲ့များက ၂ ကြိမ်မိုင်းဆွဲပြီး ၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“အခု စစ်ခွေးတွေက လေးအိမ်တန်းရောက်နေပြီ၊ လေးအိမ်တန်းရွာကို မီးရှို့နေတယ်၊ ပြည်သူတွေ ဖမ်းဆီးခံရတာမျိုးတော့ မကြားမိသေးပါဘူး” ဟု နတ်တ လင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂ တပ်စု ၃ Phoenix D F (နတ်တ လင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ရဲဘော်များနှင့် တပ်ရင်း ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၅ ရက်နေ့က နတ်တလင်းမြို့ အရှေ့ဘက် ပဲခူးရိုးမ အတွင်းသို့ အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်လာသော စစ်ကြောင်းဖြစ်ပြီး စစ်ဘေးရှောင်နေသော အပြစ်မဲ့ပြည်သူ ၆ ဦးကို PDF ဟုစွပ် စွဲကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့အရှေ့ဘက် ပဲခူးရိုးမအတွင်းသို့ အဆက်မပြတ် စစ်ကြောင်းထိုးနေပြီး မိဘပြည်သူ များ အပေါ် ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုပြုလုပ်လာသ ဖြင့် အကြမ်းဖက်စစ်အုပ်စုအနီး သွားလာ နေထိုင်ခြင်းမပြုကြရန်၊ စစ်ကောင်စီတပ် ဖွဲ့ဝင်များနှင့် ခရီးအတူသွားလာခြင်းမပြုလုပ်ကြရန်၊ စစ် ကောင်စီတပ်ဖွဲ့ဝင်များကို အဆက်အသွယ်မပြုလုပ်ကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များအနေ ဖြင့် ပူးပေါင်းတိုက်ခိုက်ကြရန် နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း၊ ဆော- ဆိပ်ဖြူးလမ်းပိုင်းတွင် အမှတ် ၂၁ ကာ ကွယ်ရေးပစ္စည်းစက်ရုံမှ ထွက်လာသော စစ်ကား ၂ စီးကို မိုင်းများ၊ ဗုံးများဖြင့် ပစ် ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများနိုင်ကြောင်း မြေလတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၇ နာရီအချိန် အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ထွက်လာသော စစ်ကား ၂ စီးကို ပခုက္ကူခရိုင်တပ်ရင်း ၄ ၊ တပ်ခွဲ ၁ ၊ ဆိပ်ဖြူမြေလတ်ပကဖတို့နှင့် မဟာမိတ် ရေနံမဟာမိတ် YRCF ၊ YYF တို့ ပူးပေါင်းကာ ဆော-ဆိပ်ဖြူလမ်းပိုင်း၊ သပြေကုန်းအဆင်းတစ်နေရာတွင် စစ်ကား ၁ စီးကို ပဒေသာမိုင်း ၃ လုံးတွဲ၊ လက်ပစ်ဗုံး ၂ လုံးတို့ဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း၊ ထို့ပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများ နိုင်ပြီး စစ်ကား မီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။

စစ်တပ်ဘက်မှ သေဆုံးထိခိုက်သော အလောင်းများနှင့်မီးလောင်နေသော စစ်ကားကို အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ကား၃ စီး ဖြင့် အင်အားပြည့် လာရောက် သယ်ယူသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ် ရခိုင်တွင် စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *