သစ်ပင်အောက်တွေ‌ ပြေးဝပ်ကြတာသနားစရာ(ရုပ်သံ)

စစ်ကိုင်းမြို့နယ်တွင် ဈေးဝယ်ထွက်လာသည့် ပျူများနှင့် မိုင်းရှင်းစစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး

မိုင်းဆွဲတိုက်ခိုက်မှု ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင်ဈေးဝယ်ထွက်လာသည့် ပျူများနှင့် မိုင်းရှင်းရန် ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား များကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူနီကွန်းပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၉ ရက် နံနက် ၉ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာမှ ပျူစောထီးများ ဈေး ဝယ်ထွက်ရန် မိုင်းရှင်းလာသည့် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ ဈေးဝယ်ထွက် လာသည့် ပျူစောထီးများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နှစ်ဦးထိခိုက်ဒဏ်ရာရတယ်လို့ပဲ သိရတယ်၊ သေဆုံးမှု ရှိ၊ မရှိတော့ မသိရသေးဘူး၊ ဒရုန်းနဲ့ချတော့ ကားတွေ ထားပြီး လမ်းဘေးတွေ ဆင်းပြေးကြတယ်၊ သစ်ပင်အောက်တွေ‌ ပြေးဝပ်ကြတာပေါ့၊ အဲဒါ ကြောင့် သူတို့ဝင်သွားတဲ့ သစ်ပင်အောက်ကို လိုက်ချတာပါ” ဟု ယူနီကွန်းပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Royal Falcon ၊ Phoenix SGG နှင့် စစ်ကိုင်း ခရိုင် တပ်ရင်း ၇ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *