အညာသားတွေရဲ့ နှစ်သစ်မွှင်းခါး ၈ပွဲ

နွားထိုးကြီးမြို့မရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် ဆောက်လုပ်ရေးရုံး၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေ ဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြော ကြားသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ ခန့်အချိန် နွားထိုးကြီးမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် ဆောက်လုပ် ရေးရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မြင်းခြံခရိုင်တပ်ရင်း ၄ တပ်ဖွဲ့ဝင် များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲစခန်းတွင် ရဲ ၃ ဦး၊ ဆောက်လုပ်ရုံးရေးရုံးတွင် အကြမ်းဖက်စစ်ကောင်စီ တပ် သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ပထမ ဆောက်လုပ်ရေးရုံးကို ပစ်တယ်၊ နောက်တစ်ကြိမ် ရဲစခန်းကို ဝင်ပစ်တာ၊ အဖွဲ့ခွဲပစ်တာ မဟုတ်ဘူးပြောတယ်၊ ရဲစခန်းတံတိုင်းအခြေအထိဝင်ပစ်တာတောင် တစ်ယောက်မှ ပြန်မပစ်ဘူး၊ အတွင်းသတင်းကတော့ ရဲစခန်းက ရဲ ၃ ဦး၊ ဆောက်လုပ်ရေးရုံးက စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးတယ်လို့ သိရတယ်” ဟု နွားထိုးကြီးမြို့နယ် သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုသည် ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အင်အား အလုံးအရင်းဖြင့် ချီတက်ကာ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အပေါ်စီးမှ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မြို့တွင်းမှ ပြန်လည် ထွက်ခွာသွားပြီးနောက် အကြမ်းဖက်စစ် ကောင်စီတပ်သား၊ ရဲများက နွားထိုးကြီးမြို့ စသည်ပင်ဈေးထိပ်သို့ ရောက်ရှိလာပြီး ပြည်သူများထံမှ ဖုန်း၊ ငွေများ မတရားလုယူသွားကြောင်း၊ အလားတူ ယနေ့ ဇန်နဝါရီလ ၁ ရက်နံနက် ၅ နာရီခန့်က လည်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ခန့် စည်ပင်သာယာဈေးအတွင်း ဝင်ရောက်ကာ စစ် ဆေးနေကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *