AAကတော့အပြောနဲ့အလုပ်ညီတယ်နော်

ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝတို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး AA ထိုးစစ်ဆင်တိုက်ခိုက်

ဇန်နဝါရီ ၂ ရက်

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး ရက္ခိုင့်တပ်တော်(AA)က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း AAထံမှ သိရသည်။

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ စစ်ကောင်စီ၏ တောင်ရှည်တောင်ဗျူဟာကုန်း၊ ချင်းလက်ဝစခန်း(ပလက်ဝ)၊ မီးဝဗျူဟာကုန်း(ပလက်ဝ)နှင့် ပွိုင့် (၃၁၃)ကုန်းအပါအဝင် အခြားသော တစ်ဝက်တစ်ပျက်ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းကုန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေရာ ယနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။

တောင်ရှည်တောင်ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် (AA)မှ အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေရာ ယမန်နေ့တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် တင်းမရွာနှင့် အနီးအနားကျေးရွာများသို့ ဗုံး(၅)လုံးထက်မနည်း လာရောက်ကြဲချခဲ့သည်ဟု သိရသည်။

ထို့အပြင် ၎င်းဗျူဟာကုန်းနှင့် ကျောက်တော်အခြေစိုက် စကခ(၉)မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အခြားသောစစ်ကောင်စီတပ်စခန်းများကို AAက ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ညအချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းများဖြင့် ခုခံနေရပြီး အဆိုပါစခန်းများအားလုံးကို အချိန်တိုတိုအတွင်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ဆက်လက်ကြိုးပမ်းနေသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားရာ နေရာများထဲမှ တစ်ခုဖြစ်သော စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း၌လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်

ရခိုင္ႏွင့္ ခ်င္းျပည္နယ္ ပလက္ဝတို႔ရွိ စစ္ေကာင္စီတပ္စခန္းမ်ားကို သိမ္းပိုက္ႏိုင္ေရး AA ထိုးစစ္ဆင္တိုက္ခိုက္
ဇန္နဝါရီ ၂ ရက္
ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕တို႔ရွိ စစ္ေကာင္စီတပ္စခန္းမ်ားကို သိမ္းပိုက္ႏိုင္ေရး ရကၡိဳင့္တပ္ေတာ္(AA)က ဆက္လက္ထိုးစစ္ဆင္ တိုက္ခိုက္ေနေၾကာင္း AAထံမွ သိရသည္။
ေက်ာက္ေတာ္ၿမိဳ႕နယ္၊ တင္းမေက်း႐ြာအနီးရွိ စစ္ေကာင္စီ၏ ေတာင္ရွည္ေတာင္ဗ်ဴဟာကုန္း၊ ခ်င္းလက္ဝစခန္း(ပလက္ဝ)၊ မီးဝဗ်ဴဟာကုန္း(ပလက္ဝ)ႏွင့္ ပြိဳင့္ (၃၁၃)ကုန္းအပါအဝင္ အျခားေသာ တစ္ဝက္တစ္ပ်က္က်န္ရွိေနေသးသည့္ စစ္ေကာင္စီတပ္စခန္းကုန္းမ်ားကို ဆက္လက္ထိုးစစ္ဆင္ တိုက္ခိုက္ေနရာ ယေန႔ ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလ (၂)ရက္ေန႔အထိ တိုက္ပြဲမ်ား ျပင္းထန္ေနသည္ဟု သိရသည္။
ေတာင္ရွည္ေတာင္ဗ်ဴဟာကုန္းအား ရကၡိဳင့္တပ္ေတာ္ (AA)မွ အၿပီးသတ္ေခ်မႈန္းသိမ္းပိုက္ႏိုင္ေရးအတြက္ တိုက္ပြဲမ်ား ဆက္လက္ျပင္းထန္ေနရာ ယမန္ေန႔တြင္ စစ္ေကာင္စီတပ္က တိုက္ေလယာဥ္ျဖင့္ တင္းမ႐ြာႏွင့္ အနီးအနားေက်း႐ြာမ်ားသို႔ ဗုံး(၅)လုံးထက္မနည္း လာေရာက္ႀကဲခ်ခဲ့သည္ဟု သိရသည္။
ထို႔အျပင္ ၎ဗ်ဴဟာကုန္းႏွင့္ ေက်ာက္ေတာ္အေျခစိုက္ စကခ(၉)မွလည္း လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္ဟု ဆိုသည္။
အျခားေသာစစ္ေကာင္စီတပ္စခန္းမ်ားကို AAက ထိုးစစ္ဆင္တိုက္ခိုက္ေနရာ စစ္ေကာင္စီတပ္မွ တိုက္ေလယာဥ္မ်ားျဖင့္ လာေရာက္ဗုံးႀကဲတိုက္ခိုက္ျခင္း၊ လက္နက္ႀကီးမ်ားျဖင့္ ေန႔၊ ညအခ်ိန္မေ႐ြး ပစ္ခတ္တိုက္ခိုက္ျခင္းမ်ားျဖင့္ ခုခံေနရၿပီး အဆိုပါစခန္းမ်ားအားလုံးကို အခ်ိန္တိုတိုအတြင္း အၿပီးသတ္သိမ္းပိုက္ရယူႏိုင္ေရး ဆက္လက္ႀကိဳးပမ္းေနသည္ဟု သိရသည္။
ရကၡိဳင့္တပ္ေတာ္ (AA) လႈပ္ရွားရာ ေနရာမ်ားထဲမွ တစ္ခုျဖစ္ေသာ စစ္ကိုင္းတိုင္း၊ ထီးခ်ိဳင့္ၿမိဳ႕နယ္အတြင္း၌လည္း တိုက္ပြဲမ်ား ျဖစ္ပြားေနသည္ဟု သိရသည္

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *