MNDAAကသံချပ်ကာနှင့်တင့်ကား တချို့ကို စမ်းသပ်မောင်းနှင် (ရုပ်သံ)

MNDAA က စစ်ကောင်စီ၏ သံချပ်ကာနှင့် တင့်ကား ၁၁ စီး ထက်မနည်း သိမ်းဆည်းရရှိထားသည့်အနက် သံချပ်ကာနှင့်တင့်ကား တချို့ကို စမ်းသပ်မောင်းနှင် (ရုပ်သံ)

ဇန်နဝါရီ ၂ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့် MNDAA က စစ်ကောင်စီ၏ သံချပ်ကာနှင့် တင့်ကား ၁၁ စီးထက်မနည်းကို သိမ်းဆည်းရရှိခဲ့ပြီး ယင်းတို့အနက်မှ သံချပ်ကာနှင့် တင့်ကားတချို့ကို စမ်းသပ်မောင်းနှင်မှုများ လုပ်ဆောင်ခဲ့ကြောင်း MNDAA ရဲဘော်များက ဖြန့်ဝေတင်ထားသည့် လူမှုကွန်ရက်ဗီဒီယိုများအရ သိရှိရသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း တစ်နေရာတွင် စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိထားသည့် တင့်ကားတစ်စီးကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ ရဲဘော်များက စမ်းသပ်မောင်းနှင်ခဲ့ကြောင်း BPLAက သတင်းထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ်မတော် (MNDAA)အပါအဝင် ညီနောင်မဟာမိတ်အဖွဲ့များက စစ်ကောင်စီ၏ သံချပ်ကာယာဉ်များ၊ တင့်ကားများကို သိမ်းပိုက်လျက်ရှိရာ လက်ရှိတွင် တင့်ကားနှင့် သံချပ်ကာကား ၁၁စီးထက်မနည်းအထိ သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA က အသိပေးထုတ်ပြန်ခဲ့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *