ကိုကျားဖြန့်တို့ စလုံးမှာ ဂွိကုန်ပြီ

ဒေါ်လာ ၁၃ သန်း လိမ်တဲ့ ကျားဖြန့်သံသယတရားခံ ၄၁၁ ယောက်ကို စင်ကာပူ ဖမ်းဆီး

ဇန်နဝါရီလ ၂ ရက်

မြန်မာနိုင်ငံမှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်တဲ့ သံသယတရားခံ ၄၁၁ ယောက်အထိကို စင်ကာပူရဲတပ်ဖွဲ့က စီမံကိန်းချဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေကြောင်းနဲ့ ဒီအမှုမှာ ဒေါ်လာ ၁၃ သန်းဖိုးအထိ လိမ်လည်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပြောဆိုသွားပါတယ်။

အသက် ၁၆ နှစ်ကနေ ၇၅ နှစ်ကြား အမျိုးသား ၂၉၂ ဦးနဲ့ အမျိုးသမီး ၁၁၉ ဦးတို့ကို ငွေကြေးလိမ်လည်မှုပေါင်း ၁၅၀၀ ကျော်မှာ ပါဝင်ပတ်သက်တယ်လို့ ယုံကြည်တဲ့အတွက် ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးနေတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စင်ကာပူမှာလည်း ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ များပြားလာလို့ ၂၀၂၃ ဒီဇင်ဘာလထဲမှာ ကူးသန်းရောင်းဝယ်ရေးဌာနနဲ့ ရဲတပ်ဖွဲ့ နယ်မြေ ၇ ခု ပူးပေါင်းပြီး ၂ ပတ်တာ anti-scam operation အဖြစ် ဖမ်းဆီးမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

လိမ်လည်သူတွေဟာ အလုပ်အကိုင်၊ ရင်းနှီးမြှုပ်နှံမှု၊ အင်တာနက် အချစ်ဇာတ်လမ်းခင်းမှု၊ ဖြားယောင်းမှု၊ အစိုးရ အရာရှိဟန်ဆောင်လိမ်လည်မှုတွေကနေ ပြည်သူများစွာကို လိမ်လည်တာဖြစ်ပြီး ဒီလိမ်လည်မှုတွေမှာ ငွေလွှဲ တွေကိုလိုင်စင်မရှိဘဲ ကြားက တာဝန်ခံပေးတဲ့သူတွေကိုပါ အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကျားဖြန့် လုပ်လိမ်လည်သူတွေကို ထောင်ဒဏ် ၁၀ နှစ်အထိချနိုင်ပြီး ဒဏ်ငွေပါ တစ်ပေါင်းတည်းချမှတ်နိုင်ကြောင်း၊ ကြားဝင်ငွေကြေးဝင်ဆောင်မှုလုပ်ပေးသူတွေကို ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၁၂၅၀၀၀ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်တယ်လို့ စင်ကာပူဥပဒေမှာ ပြဌာန်းထားပါတယ်။

ေဒၚလာ ၁၃ သန္း လိမ္တဲ့ က်ားျဖန႔္သံသယတရားခံ ၄၁၁ ေယာက္ကို စင္ကာပူ ဖမ္းဆီး
ဇန္နဝါရီလ ၂ ရက္
ျမန္မာႏိုင္ငံမွာ က်ားျဖန႔္လို႔ေခၚတဲ့ အြန္လိုင္းေငြေၾကးလိမ္လည္မႈလုပ္တဲ့ သံသယတရားခံ ၄၁၁ ေယာက္အထိကို စင္ကာပူရဲတပ္ဖြဲ႕က စီမံကိန္းခ်ဖမ္းဆီးခဲ့ၿပီး စုံစမ္းစစ္ေဆးမႈေတြလုပ္ေနေၾကာင္းနဲ႔ ဒီအမႈမွာ ေဒၚလာ ၁၃ သန္းဖိုးအထိ လိမ္လည္ခဲ့ၾကတယ္လို႔ ရဲတပ္ဖြဲ႕တာဝန္ရွိသူတစ္ဦးက ထုတ္ျပန္ေျပာဆိုသြားပါတယ္။
အသက္ ၁၆ ႏွစ္ကေန ၇၅ ႏွစ္ၾကား အမ်ိဳးသား ၂၉၂ ဦးနဲ႔ အမ်ိဳးသမီး ၁၁၉ ဦးတို႔ကို ေငြေၾကးလိမ္လည္မႈေပါင္း ၁၅၀၀ ေက်ာ္မွာ ပါဝင္ပတ္သက္တယ္လို႔ ယုံၾကည္တဲ့အတြက္ ဖမ္းဆီးၿပီး စုံစမ္းစစ္ေဆးေနတာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။
စင္ကာပူမွာလည္း က်ားျဖန႔္ေငြလိမ္လုပ္ငန္းေတြ မ်ားျပားလာလို႔ ၂၀၂၃ ဒီဇင္ဘာလထဲမွာ ကူးသန္းေရာင္းဝယ္ေရးဌာနနဲ႔ ရဲတပ္ဖြဲ႕ နယ္ေျမ ၇ ခု ပူးေပါင္းၿပီး ၂ ပတ္တာ anti-scam operation အျဖစ္ ဖမ္းဆီးမႈေတြ လုပ္ခဲ့တာ ျဖစ္ပါတယ္။
လိမ္လည္သူေတြဟာ အလုပ္အကိုင္၊ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ အင္တာနက္ အခ်စ္ဇာတ္လမ္းခင္းမႈ၊ ျဖားေယာင္းမႈ၊ အစိုးရ အရာရွိဟန္ေဆာင္လိမ္လည္မႈေတြကေန ျပည္သူမ်ားစြာကို လိမ္လည္တာျဖစ္ၿပီး ဒီလိမ္လည္မႈေတြမွာ ေငြလႊဲ ေတြကိုလိုင္စင္မရွိဘဲ ၾကားက တာဝန္ခံေပးတဲ့သူေတြကိုပါ အေရးယူသြားမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။
က်ားျဖန႔္ လုပ္လိမ္လည္သူေတြကို ေထာင္ဒဏ္ ၁၀ ႏွစ္အထိခ်ႏိုင္ၿပီး ဒဏ္ေငြပါ တစ္ေပါင္းတည္းခ်မွတ္ႏိုင္ေၾကာင္း၊ ၾကားဝင္ေငြေၾကးဝင္ေဆာင္မႈလုပ္ေပးသူေတြကို ေထာင္ဒဏ္ ၃ ႏွစ္နဲ႔ ဒဏ္ေငြ ေဒၚလာ ၁၂၅၀၀၀ သို႔မဟုတ္ ျပစ္ဒဏ္ႏွစ္ရပ္စလုံး ခ်မွတ္ႏိုင္တယ္လို႔ စင္ကာပူဥပေဒမွာ ျပဌာန္းထားပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *