ရဟတ်ယဥ်စီးချင်လို့ အိန္ဒိယထိရောက်အောင်ပြေးတာ

ရန်ကုန်၊ ဇန်နဝါရီ ၃

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် ရက္ခိုင်တပ်တော် AA ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယသို့ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်သား ၁၅၁ ဦးကို အိန္ဒိယ အစိုးရ၏ ခွင့်ပြုချက်ဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သုံးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူလိုက်ကြောင်း မီဇိုရိမ်ပြည်နယ်မှ လာသော သတင်းများအရ သိရှိရသည်။

ဇန်နဝါရီလ ၂ ရက်နေ့ မန္တလေးမှ လာရောက်သော စစ်ကောင်စီ၏ စစ်လေယာဉ်က အိန္ဒိယသို့ ထွက်ပြေးခဲ့သော စစ်သား ၁၅၁ ဦးကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Aizawl မြို့တွင် သွားရောက်ခေါ်ယူခဲ့ကြောင်း၊ အဆိုပါ စစ်သား ၁၅၁ ဦးသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ တွင် ချင်းပြည်နယ်၊ ပလက်၀ရှိ စစ်ကောင်စီတပ်စခန်းများမှ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း၊ ၉ ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးမှာ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယသို့ ထွက်ပြေးခဲ့သော စစ်သား ၁၅၁ ဦးကို ပြန်လည်ခေါ်ယူရန်အတွက် အိန္ဒိယအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စစ်ကောင်စီတို့အကြား ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသော စစ်သား ၉ ဦးကိုလည်း အိန္ဒိယအစိုးရက ဆေးဝါးကုသပေးခဲ့ကြောင်း ၊ နိုဝင်ဘာလအတွင်းတွင်လည်း စစ်သား ၁၀၄ ဦး စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ဘက်မှ ထွက်ပြေးလာသဖြင့် အိန္ဒိယအစိုးရက မြန်မာနိုင်ငံဘက်သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ရှိ တပ်စခန်းများကို AA က တိုက် ခိုက်သိမ်းပိုက်လျက်ရှိပြီး စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းရှိ တပ်စခန်းများကို ချင်းတော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။

AA ၏ တိုက္ခိုက္မႈေၾကာင့္ အိႏၵိယသို႔ ထြက္ေျပးလာေသာ စစ္ေကာင္စီတပ္သား ၁၅၁ ဦးကို စစ္ေလယာဥ္ျဖင့္ ျမန္မာႏိုင္ငံသို႔ အိႏၵိယအစိုးရက ျပန္ပို႔ ၊ ဒဏ္ရာရရွိေသာ စစ္သားမ်ားကို အိႏၵိယအစိုးရက ေဆးကုသေပးခဲ့
ရန္ကုန္၊ ဇန္နဝါရီ ၃
ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္တြင္ ရကၡိဳင္တပ္ေတာ္ AA ၏ တိုက္ခိုက္မႈေၾကာင့္ အိႏၵိယသို႔ ထြက္ေျပးသြားေသာ စစ္ေကာင္စီ တပ္သား ၁၅၁ ဦးကို အိႏၵိယ အစိုးရ၏ ခြင့္ျပဳခ်က္ျဖင့္ အၾကမ္းဖက္စစ္ေကာင္စီ၏ စစ္သုံးေလယာဥ္ျဖင့္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေခၚယူလိုက္ေၾကာင္း မီဇိုရိမ္ျပည္နယ္မွ လာေသာ သတင္းမ်ားအရ သိရွိရသည္။
ဇန္နဝါရီလ ၂ ရက္ေန႔ မႏၲေလးမွ လာေရာက္ေသာ စစ္ေကာင္စီ၏ စစ္ေလယာဥ္က အိႏၵိယသို႔ ထြက္ေျပးခဲ့ေသာ စစ္သား ၁၅၁ ဦးကို အိႏၵိယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္၊ Aizawl ၿမိဳ႕တြင္ သြားေရာက္ေခၚယူခဲ့ေၾကာင္း၊ အဆိုပါ စစ္သား ၁၅၁ ဦးသည္ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလ ၂၉ ရက္ေန႔ တြင္ ခ်င္းျပည္နယ္၊ ပလက္၀ရွိ စစ္ေကာင္စီတပ္စခန္းမ်ားမွ ထြက္ေျပးခဲ့ျခင္းျဖစ္ေၾကာင္း၊ ၉ ဦးမွာ ဒဏ္ရာရရွိခဲ့ၿပီး ၄ ဦးမွာ ျပင္းထန္ခဲ့ေၾကာင္း သိရွိရသည္။
အိႏၵိယသို႔ ထြက္ေျပးခဲ့ေသာ စစ္သား ၁၅၁ ဦးကို ျပန္လည္ေခၚယူရန္အတြက္ အိႏၵိယအစိုးရ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ စစ္ေကာင္စီတို႔အၾကား ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ ဒဏ္ရာရရွိေသာ စစ္သား ၉ ဦးကိုလည္း အိႏၵိယအစိုးရက ေဆးဝါးကုသေပးခဲ့ေၾကာင္း ၊ ႏိုဝင္ဘာလအတြင္းတြင္လည္း စစ္သား ၁၀၄ ဦး စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္ဘက္မွ ထြက္ေျပးလာသျဖင့္ အိႏၵိယအစိုးရက ျမန္မာႏိုင္ငံဘက္သို႔ ျပန္လည္ ပို႔ေဆာင္ခဲ့ေၾကာင္း သိရွိရသည္။
လက္ရွိတြင္ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္ရွိ တပ္စခန္းမ်ားကို AA က တိုက္ ခိုက္သိမ္းပိုက္လ်က္ရွိၿပီး စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္အတြင္းရွိ တပ္စခန္းမ်ားကို ခ်င္းေတာ္လွန္ေရးတပ္မ်ားႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္မ်ားက တိုက္ခိုက္သိမ္းပိုက္လ်က္ရွိေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *