မင်းတပ်အဝေးကစ် မွှင်းခါးအိုးဘဲဥ

မင်းတပ်မှာ နှစ်ဖက်တိုက်ပွဲဖြစ်လို့ စစ်ကောင်စီ ဗိုလ်မှူးတစ်ဦး စနိုက်ဘာထိမှန်

ဇန်နဝါရီလ ၃ ရက်

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများနှင့် ချင်းကာကွယ်ရေးတပ် မင်းတပ် တို့ကြား ဇန်နဝါရီ ၁ ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဗိုလ်မှူးတစ်ဦး စနိုက်ဘာကျည်ထိမှန် ခဲ့ တယ်လို့ CDF-Mindat က ဒီကနေ့ထုတ်ပြန်ပါတယ်။
မင်းတပ်မြို့ပေါ် အရှေ့ရင်ပြင်ရပ်ကွက်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များက ပြည်သူ နေအိမ်နှစ်လုံးအားမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့များက တိုက်နယ် ၄ ဘက်ကို လက်နက်ကြီးပစ်ခတ်တာကြောင့် ပြည်သူ သုံးဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
မနေ့ ဇန်နဝါရီလ ၂ ရက်နေ့ တွင်လည်း စစ်ကောင်စီက တိုက်နယ် ၄ ဖက်ကို လက်နက်ကြီးများထပ်မံပစ်ခတ် ခဲ့တာကြောင့် လူနေအိမ် ၃ လုံးပျက်စီးခဲ့ပါတယ်။ CDF–Mindat အနေဖြင့်တိုက်ပွဲများဆက်လက် ဖော်ဆောင် နိုင်ရန်အတွက် Project Mindat 2024 ကမ်ပိန်းတွင်မိဘပြည်သူများ မှပါဝင်အားဖြည့်ပေးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တစ်ချိန်တည်းမှာဘဲ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က မင်းတပ်မြို့နယ်အတွင်းရှိ Non-CDM များ အာလုံး နှစ်သစ် ဇန်နဝါရီလ ၁ ရက်နေ့ က စပြီးရက်ပေါင်း ၃၀ အတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အလင်း ဝင်ရောက်ကြရန် နှင့် အလင်းဝင်ရောက်ခြင်းမရှိတဲ့ Non-CDM များကိုတည်ဆဲဥပဒေ နှင့်အညီ အပြစ်ပေးအ ရေးယူမှုများဆောင်ရွက်သွားမယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်အဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့ ရက်စွဲ ဖြင့်ထုတ်ပြန် ခဲ့ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *