ဘာအပြစ်မှမရှိလို့ ဘာမှကျေးဇူးတင်စရာမလိုဘူး

အကြမ်းဖက် စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံ ခြားသား အကျဉ်းသား၊သူ ၁၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုဟု ထုတ်ပြန်ဇန်နဝါရီ ၄ ရက်အကြမ်းဖက် စစ်ကောင်စီက ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊သူ ၁၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ယနေ့ နံနက်ပိုင်း ထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီက အမိန့်အမှတ် ၁/၂၀၂၄ ၊ ဇန်နဝါရီလ ၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပြီး ယင်းအမိန့်တွင် အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၉၆၅၂ ဦး အား ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုကြောင်း၊ နောက်တစ်ကြိမ် ထပ်မံ ပြစ်မှု ကျူးလွန်ပါက ယခင် ပြစ်ဒဏ်များကိုပါ တစ်ပေါင်းတည်းကျခံစေရန် ဆိုသော ခြွင်းချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ကြောင်း သိရှိရသည်။အလားတူ အကျဉ်းထောင်/အချုပ်ထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၁၄ ဦး အား ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။ ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီက ယခင်နှစ်များက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးစဉ်။ (ပုံအဟောင်ဖြစ်ပါသည်။)Photo- AFP

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *