ဒီလိုနေ့တိုင်းဒီစကားပြောတာသုံးနှစ်ရှိပြီ

စစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ပြီး ဖမ်းဆီးထားသူများ ပြန်လွှတ်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်ရန် အမေရိကန်နိုင်ငံခြားဝန်ကြီး ထပ်ပြောပြန်ရန်ကုန်၊ ဇန်နဝါရီ ၄ မြန်မာနိုင်ငံမှ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ပြီး ဖမ်းဆီးထားသူများ ပြန်လွှတ်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်ရန် အမေရိကန်နိုင်ငံခြားဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ထပ်မံပြောဆိုလိုက်သည်။ ဇန်နဝါရီလ ၄ ရက်နေ့ တွင် ကျရောက်သည့် မြန်မာနိုင်ငံ၏ ၇၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ထိုသို့ ပြောဆို ထုတ်ပြန်ခြင်းဖြစ်သည်။အမေရိကန်အနေဖြင့် မြန်မာပြည်သူများနှင့် ၄င်းတို့၏ အခွင့်အရေးဖြစ်သည့် စည်းလုံးညီညွတ်သောပြည်ထောင်စုတစ်ခုဆီသို့ မိမိတို့အနာဂါတ်ကို သတ်မှတ်လျှောက်လှမ်းနိုင်ရေးကို အားပေးထောက်ခံခဲ့ကြောင်း၊ ၂၀၂၁ ဖေဖော်ဝါရီမှစတင်ခဲ့သည့် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်သည် သာယာဝပြောမှုကို ပြန်လည်ရရှိရန်နှင့် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုရှိရေး ရည်မှန်းချက်များဆီသို့​ ရှေ့ဆက်လျှောက်လှမ်းရန် မြန်မာပြည်သူများ၏ ခိုင်မာသော သံန္နိဌာန်ကို ယုတ်လျော့မသွားစေနိုင်ခဲ့ကြောင်း၊ ဤသို့ အားထုတ်မှုတွင် အသက်ဆုံးရှုံးခဲ့ရသူများအတွက် အမေရိကန်က ဝမ်းနည်းပူဆွေးကြရပြီး ၄င်းတို့ကို လေးစားဂုဏ်ပြုအပ်ကြောင်း အမေရိကန်နိုင်ငံခြားဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ၊ ကိုယ်ပိုင်ဆုံးဖြတ်ရွေးချယ်ပိုင်ခွင့်၊ တည်ငြိမ်မှုနှင့် လုံခြုံရေးတို့ကို ဖော်ဆောင်ရန် ကြိုးပမ်းနေကြသည့် မြန်မာပြည်သူများနှင့်အတူ အမေရိကန်က တသားတည်း ရပ်တည်ကြောင်း၊ မြန်မာစစ်အာဏာရှင်အနေဖြင့် အကြမ်းဖက်မှုများကို အဆုံးသတ်ရမည်ဖြစ်ပြီး နိုင်ထက်စီးနင်း ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးကို ပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ကာ အားလုံးပါဝင်နိုင်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလိုသည့် ပြည်သူများ၏ ဆန္ဒကိုလည်း အသိမှတ်ပြုရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *