‘အန္တရာယ်ကင်း အဆောင်များ’ စာရွက်လေးကအသက်

နောင်ချို၊ သံဘိုကျေးရွာ စစ်တပ်စခန်းကို သိမ်းပိုက်ရရှိပြီး စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်ကို အရှင်ဖမ်းမိ၊ စစ်တပ်ဘက်မှ သေဆုံးသူများပြားပြီး လက်နက်ခဲယမ်းများနှင့် Jammer စက်ကြီးများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၄

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်ကို အရှင်ဖမ်းမိပြီး စစ်တပ်ဘက်မှ သေဆုံးသူများပြားကာ လက်နက်ခဲယမ်းများနှင့် Jammer စက်ကြီးများ သိမ်းဆည်းရရှိကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“တောင်သမန် စစ်ဆင်ရေး”ဖြင့် စစ်အာဏာရှင်အမြစ်ပြတ် ချေမှုန်းရေးတိုက်ပွဲများ ဖော်ဆောင်နေချိန် ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲများက နောင်ချိုမြိုနယ် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းအား ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊
ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သံဘိုကျေးရွာစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ စစ်တပ်၏ Drone Jammer စက်အကြီးများအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန် ကျောက်မဲလေးဘက်မှ သံဘိုကျေးရွာသို ကား ၃ စီးနှင့်လာသော စစ်ကူစစ်ကြောင်းကို ထပ်မံဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

သံဘိုကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းမှုး ဒုဗိုလ်မှူးကြီး သက်အောင်အား အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း ၊ အဆိုပါ သံဘိုကျေးရွာတိုက်ပွဲတွင် ကျွန်ုပ်တို ပြည့်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှလည်း ပေးဆပ်မှုအချို ရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် ဗျူဟာမြောက် ရန့်သူ့စစ်စခန်းတစ်ခုကို နှစ်သစ်ကူးလက်ဆောင်အနေဖြင့် ပြည်သူထံ ယူဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပြီး မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးများတိုးမြှင့် လုပ်ဆောင်နိုင်ရန် အခြေအနေကောင်းများကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပြောဆိုထားသည်။

“ဖမ်းဆီးရရှိတဲ့ ဒုဗိုလ်မှူးကြီး သက်အောင်က သံဘိုကျေးရွာစခန်းရဲ့ စစ် ကြောင်းမှူးပါ။ ” ဟု မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

(ဆင်ဆာမရှိသော ဓာတ်ပုံအကြည်များကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။)

နောင်ချို၊ သံဘိုကျေးရွာ စစ်တပ်စခန်းကို သိမ်းပိုက်ရရှိပြီး စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်ကို အရှင်ဖမ်းမိ၊ စစ်တပ်ဘက်မှ သေဆုံးသူများပြားပြီး လက်နက်ခဲယမ်းများနှင့် Jammer စက်ကြီးများ သိမ်းဆည်းရရှိရန်ကုန်၊ ဇန်နဝါရီ ၄ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်ကို အရှင်ဖမ်းမိပြီး စစ်တပ်ဘက်မှ သေဆုံးသူများပြားကာ လက်နက်ခဲယမ်းများနှင့် Jammer စက်ကြီးများ သိမ်းဆည်းရရှိကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ “တောင်သမန် စစ်ဆင်ရေး”ဖြင့် စစ်အာဏာရှင်အမြစ်ပြတ် ချေမှုန်းရေးတိုက်ပွဲများ ဖော်ဆောင်နေချိန် ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲများက နောင်ချိုမြိုနယ် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းအား ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သံဘိုကျေးရွာစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ စစ်တပ်၏ Drone Jammer စက်အကြီးများအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန် ကျောက်မဲလေးဘက်မှ သံဘိုကျေးရွာသို ကား ၃ စီးနှင့်လာသော စစ်ကူစစ်ကြောင်းကို ထပ်မံဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ သံဘိုကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းမှုး ဒုဗိုလ်မှူးကြီး သက်အောင်အား အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း ၊ အဆိုပါ သံဘိုကျေးရွာတိုက်ပွဲတွင် ကျွန်ုပ်တို ပြည့်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှလည်း ပေးဆပ်မှုအချို ရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် ဗျူဟာမြောက် ရန့်သူ့စစ်စခန်းတစ်ခုကို နှစ်သစ်ကူးလက်ဆောင်အနေဖြင့် ပြည်သူထံ ယူဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပြီး မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးများတိုးမြှင့် လုပ်ဆောင်နိုင်ရန် အခြေအနေကောင်းများကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပြောဆိုထားသည်။ “ဖမ်းဆီးရရှိတဲ့ ဒုဗိုလ်မှူးကြီး သက်အောင်က သံဘိုကျေးရွာစခန်းရဲ့ စစ် ကြောင်းမှူးပါ။ ” ဟု မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။(ဆင်ဆာမရှိသော ဓာတ်ပုံအကြည်များကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *