ဘဘကြီးရဲ့စေတနာကြောင့် “အ”၃လုံးပြန်သင်ရတော့မယ်

နိုင်ငံတဝှမ်း “အ” ၃ လုံး စာတတ်မြောက်ရေး လှုပ်ရှားမှု အကောင်အထည် ဖော်မယ်လို့ စစ်ခေါင်းဆောင် ပြော

ဇန်နဝါရီ ၄ ရက်

မြန်မာနိုင်ငံတဝှမ်း “အ” ၃ လုံး စာတတ်မြောက်ရေး လှုပ်ရှားမှု အကောင်အထည် ဖော်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လိုင်က ပြောဆိုပါတယ်။

ဒီနေ့ (ဇန်နာဝါရီ ၄)မှာ ကျရောက်တဲ့ ၇၆ ရက်နေ့ လွတ်လပ်ရေးနေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ပေးပို့လိုက်တဲ့ သဝဏ်လွှာမှာ အခုလို ထည့်ပြောတာပါ။

အရင် ၂၀၁၅ ခုနှစ် “အ” ၃ လုံး လှုပ်ရှားမှုအတွင်း တိုင်းရင်းသားဒေသအတွင်းမှာ ပါဝင်ကူညီခဲ့သူ တစ်ဦးက “ကျနော်တို့တုန်းက တက္ကသိုလ်က လုပ်အားပေး အစီစဉ်ပေါ့။ နယ်စပ်ဒေသတွေ သွားရတာ။ သင်မယ့်လူ မရှိလို့ ကလေးတွေ ခေါ်သင်ရတာ။ အသက်ကြီးမှတော့ ဘယ်သူမှ မသင်ချင်တော့ဘူး။ တော်တော်များများက တိုင်းရင်းသားစာပဲ သင်ချင်ကြတာ။ ရှမ်းတစ်ယောက်က ဗမာစာ မတတ်လို့ ဘာမှမဖြစ်ပေမယ့် ရှမ်းစာက မတတ်လို့ မရဘူး။ အ ၃ လုံး အစီစဉ်တွေက ဘတ်ဂျက်ဖြုန်းတာလို့ပဲ မြင်တယ်” လို့ ပြောပါတယ်။

တိုင်းရင်းသားဒေသရှိ ကျေးလက်ဒေသ တချို့မှာ ဘာသာစကား အခက်အခဲ အပါအဝင် စိန်ခေါ်မှု အမျိုးမျိုးကြောင့် ပညာရေး အားနည်းနေတာကို တွေ့ရှိရတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

ဒါကြောင့် တိုင်းရင်းသား ပြည်သူအားလုံးနဲ့ စာတတ်မြောက်ဖို့နဲ့ အတန်းပညာ တတ်မြောက်ဖို့ မလွဲမသွေ ဆောင်ရွက်သွားမည် ဖြစ်ပြီး လာမယ့် ၂၀၂၄ ခုနှစ်၊ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ “အ” ၃ လုံး စာတတ်မြောက်ရေး လှုပ်ရှားမှု အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ မင်းအောင်လှိုင်က ဆက်ပြောပါတယ်။

“အ” ၃ လုံး စာတတ်မြောက်ရေး လှုပ်ရှားမှုကို ၂၀၁၅ ခုနှစ်မတိုင်ခင် ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက နှစ်တိုင်းလိုလို ဆောင်ရွက်ခဲ့ပြီး လုပ်အားပေးလိုတဲ့ တက္ကသိုလ်ကျောင်းသားတွေကို လမ်းစရိတ်ပေးကာ နယ်စပ်ဒေသတွေမှာ သင်ကြားရေးဆရာ အဖြစ် ခန့်အပ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် နယ်စပ်ဒေသတွေမှာ မြန်မာ ဘာသာစကား မသုံးစွဲကြဘဲ တိုင်းရင်းသား ဘာသာစကားတွေနဲ့ ထိစပ်နိုင်ငံတွေရဲ့ ဘာသာစာကားတွေကိုသာ သုံးစွဲကြတာကြောင့် ထိရောက်မှု မရှိလို့ဆိုကာ NLD အစိုးရလက်ထက်မှာ ရပ်ဆိုင်းခဲ့ပါတယ်။

ႏိုင္ငံတဝွမ္း “အ” ၃ လုံး စာတတ္ေျမာက္ေရး လႈပ္ရွားမႈ အေကာင္အထည္ ေဖာ္မယ္လို႔ စစ္ေခါင္းေဆာင္ ေျပာ
ဇန္နဝါရီ ၄ ရက္
ျမန္မာႏိုင္ငံတဝွမ္း “အ” ၃ လုံး စာတတ္ေျမာက္ေရး လႈပ္ရွားမႈ အေကာင္အထည္ ေဖာ္သြားမယ္လို႔ စစ္ေခါင္းေဆာင္ မင္းေအာင္လိုင္က ေျပာဆိုပါတယ္။
ဒီေန႔ (ဇန္နာဝါရီ ၄)မွာ က်ေရာက္တဲ့ ၇၆ ရက္ေန႔ လြတ္လပ္ေရးေန႔ အခမ္းအနား အထိမ္းအမွတ္အျဖစ္ ေပးပို႔လိုက္တဲ့ သဝဏ္လႊာမွာ အခုလို ထည့္ေျပာတာပါ။
အရင္ ၂၀၁၅ ခုႏွစ္ “အ” ၃ လုံး လႈပ္ရွားမႈအတြင္း တိုင္းရင္းသားေဒသအတြင္းမွာ ပါဝင္ကူညီခဲ့သူ တစ္ဦးက “က်ေနာ္တို႔တုန္းက တကၠသိုလ္က လုပ္အားေပး အစီစဥ္ေပါ့။ နယ္စပ္ေဒသေတြ သြားရတာ။ သင္မယ့္လူ မရွိလို႔ ကေလးေတြ ေခၚသင္ရတာ။ အသက္ႀကီးမွေတာ့ ဘယ္သူမွ မသင္ခ်င္ေတာ့ဘူး။ ေတာ္ေတာ္မ်ားမ်ားက တိုင္းရင္းသားစာပဲ သင္ခ်င္ၾကတာ။ ရွမ္းတစ္ေယာက္က ဗမာစာ မတတ္လို႔ ဘာမွမျဖစ္ေပမယ့္ ရွမ္းစာက မတတ္လို႔ မရဘူး။ အ ၃ လုံး အစီစဥ္ေတြက ဘတ္ဂ်က္ျဖဳန္းတာလို႔ပဲ ျမင္တယ္” လို႔ ေျပာပါတယ္။
တိုင္းရင္းသားေဒသရွိ ေက်းလက္ေဒသ တခ်ိဳ႕မွာ ဘာသာစကား အခက္အခဲ အပါအဝင္ စိန္ေခၚမႈ အမ်ိဳးမ်ိဳးေၾကာင့္ ပညာေရး အားနည္းေနတာကို ေတြ႕ရွိရတယ္လို႔ မင္းေအာင္လႈိင္က ဆိုပါတယ္။
ဒါေၾကာင့္ တိုင္းရင္းသား ျပည္သူအားလုံးနဲ႔ စာတတ္ေျမာက္ဖို႔နဲ႔ အတန္းပညာ တတ္ေျမာက္ဖို႔ မလြဲမေသြ ေဆာင္႐ြက္သြားမည္ ျဖစ္ၿပီး လာမယ့္ ၂၀၂၄ ခုႏွစ္၊ ေႏြရာသီ ေက်ာင္းပိတ္ရက္ေတြမွာ “အ” ၃ လုံး စာတတ္ေျမာက္ေရး လႈပ္ရွားမႈ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမယ္လို႔ မင္းေအာင္လႈိင္က ဆက္ေျပာပါတယ္။
“အ” ၃ လုံး စာတတ္ေျမာက္ေရး လႈပ္ရွားမႈကို ၂၀၁၅ ခုႏွစ္မတိုင္ခင္ ဦးသိန္းစိန္ အစိုးရလက္ထက္ကတည္းက ႏွစ္တိုင္းလိုလို ေဆာင္႐ြက္ခဲ့ၿပီး လုပ္အားေပးလိုတဲ့ တကၠသိုလ္ေက်ာင္းသားေတြကို လမ္းစရိတ္ေပးကာ နယ္စပ္ေဒသေတြမွာ သင္ၾကားေရးဆရာ အျဖစ္ ခန႔္အပ္ခဲ့ဖူးပါတယ္။
ဒါေပမယ့္ နယ္စပ္ေဒသေတြမွာ ျမန္မာ ဘာသာစကား မသုံးစြဲၾကဘဲ တိုင္းရင္းသား ဘာသာစကားေတြနဲ႔ ထိစပ္ႏိုင္ငံေတြရဲ႕ ဘာသာစာကားေတြကိုသာ သုံးစြဲၾကတာေၾကာင့္ ထိေရာက္မႈ မရွိလို႔ဆိုကာ NLD အစိုးရလက္ထက္မွာ ရပ္ဆိုင္းခဲ့ပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *