မနေ့ကမွှင်းခါး၆ပွဲ ဒီနေ့လည်း၆ပွဲအမုန်းဆွဲ

ရေတာရှည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၄

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ သဖန်းဇင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

ဇန်နဝါရီလ ၁ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက် ဘက်ခြမ်းရှိ ဒိုးတန်းကျေးရွာ၊ ဒိုးတန်းကျေးရွာ၊ ကွမ်းအုံကျေးရွာမှတစ်ဆင့် သဖန်းဇင် ကျေးရွာဘက် သို့ စစ်ကြောင်းထိုး၀င်ရောက်လာသော အင်အား၅၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများအနက် ၄ ဦးကို ဆိုင်ကယ်ဖြင့် ချက်ချင်းသယ်ဆောင် သွားပြီး ကျန်အလောင်းများနှင့် ဒဏ်ရာရရှိသူများကို လိုက်ထရပ် ကားဖြင့် သယ်ဆောင်သွား ကြောင်း ၊ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ စစ်တောင်းမြစ်ဘေးရှိ ပြည်သူပိုင် ကြံခင်း ၅ ဧက ခန့်မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုခိုက်မှုကို ပုဝါနီစစ်ကြောင်းပြောက်ကျားပွိုင့်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ် ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂ ရက် နံနက် ၇ နာရီခွဲခန့်ကလည်း ပုဝါနီစစ်ကြောင်း ပြောက်ကျားပွိုင့်နှင့် ကီးကူ စစ် ကြောင်းတို့ရေတာက ရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ သဖန်းဇင်ကျေးရွာမှ တစ်ဆင့် ရွှေကဇောင်းကျေးရွာ အတွင်းထဲထိနယ်မြေရှင်းလင်းခဲ့ကြောင်း၊ ထိုအချိန် ခင်တန်းလေးကျေးရွာ၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများက ၆၀ မမ ၃ လုံး၊ ၈၁ မမ ၁ လုံးပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း၊ တောင်လှန်ရေးအင်အားစုများ အထိအခိုက်မရှိ ဘေးကင်းစွာရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ရှမ်းပြည်မြောက်ပိုင်းတွင် ယမန်နှစ်နှောင်းပိုင်း မိုင်းဆွဲခံထားရသည့် စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

ေရတာရွည္ၿမိဳ႕နယ္တြင္ စစ္တပ္စစ္ေၾကာင္းကို မိုင္းဆြဲတိုက္ခိုက္မႈ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၆ ဦးေသဆုံး
ရန္ကုန္၊ ဇန္နဝါရီ ၄
ပဲခူးတိုင္း၊ ေရတာရွည္ၿမိဳ႕နယ္၊ စစ္ေတာင္းျမစ္အေနာက္ဘက္ကမ္းရွိ သဖန္းဇင္ေက်း႐ြာအနီးတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ စစ္ေၾကာင္းကို မိုင္းဆြဲတိုက္ ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၆ ဦး ေသဆုံးခဲ့ေၾကာင္း ပုဝါနီစစ္ေၾကာင္းထံမွ သိရသည္။
ဇန္နဝါရီလ ၁ ရက္ မြန္းလြဲ ၁ နာရီ မိနစ္ ၄၀ ခန႔္က ေရတာရွည္ၿမိဳ႕နယ္၊ စစ္ေတာင္းျမစ္ အေနာက္ ဘက္ျခမ္းရွိ ဒိုးတန္းေက်း႐ြာ၊ ဒိုးတန္းေက်း႐ြာ၊ ကြမ္းအုံေက်း႐ြာမွတစ္ဆင့္ သဖန္းဇင္ ေက်း႐ြာဘက္ သို႔ စစ္ေၾကာင္းထိုး၀င္ေရာက္လာေသာ အင္အား၅၀ ခန႔္ရွိ စစ္ေကာင္စီ စစ္ေၾကာင္းကို မိုင္း ၂ လုံးျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္စစ္ေကာင္စီတပ္သား ၆ ဦးထက္မနည္းေသဆုံးခဲ့ၿပီး အမ်ား အျပား ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
မိုင္းဆြဲတိုက္ခိုက္ခံရမႈေၾကာင့္ ေသဆုံးသူမ်ားအနက္ ၄ ဦးကို ဆိုင္ကယ္ျဖင့္ ခ်က္ခ်င္းသယ္ေဆာင္ သြားၿပီး က်န္အေလာင္းမ်ားႏွင့္ ဒဏ္ရာရရွိသူမ်ားကို လိုက္ထရပ္ ကားျဖင့္ သယ္ေဆာင္သြား ေၾကာင္း ၊ တိုက္ခိုက္ခံရၿပီးေနာက္ အၾကမ္းဖက္စစ္ေကာင္စီတပ္က လက္နက္ႀကီးျဖင့္ ရမ္းသမ္း ပစ္ခတ္ခဲ့ရာ စစ္ေတာင္းျမစ္ေဘးရွိ ျပည္သူပိုင္ ႀကံခင္း ၅ ဧက ခန႔္မီးေလာင္ပ်က္စီးခဲ့ေၾကာင္း သိရသည္။
အဆိုပါ တိုခိုက္မႈကို ပုဝါနီစစ္ေၾကာင္းေျပာက္က်ားပြိဳင့္မွ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ေတာ္လွန္ေရးတပ္ ဖြဲ႕ဝင္မ်ား အထိအခိုက္မရွိေအာင္ျမင္စြာ ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း သိရသည္။
အလားတူ ဇန္နဝါရီလ ၂ ရက္ နံနက္ ၇ နာရီခြဲခန႔္ကလည္း ပုဝါနီစစ္ေၾကာင္း ေျပာက္က်ားပြိဳင့္ႏွင့္ ကီးကူ စစ္ ေၾကာင္းတို႔ေရတာက ရွည္ၿမိဳ႕နယ္၊ စစ္ေတာင္းျမစ္အေနာက္ဘက္ကမ္းရွိ သဖန္းဇင္ေက်း႐ြာမွ တစ္ဆင့္ ေ႐ႊကေဇာင္းေက်း႐ြာ အတြင္းထဲထိနယ္ေျမရွင္းလင္းခဲ့ေၾကာင္း၊ ထိုအခ်ိန္ ခင္တန္းေလးေက်း႐ြာ၌ တပ္စြဲ ထားေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ားက ၆၀ မမ ၃ လုံး၊ ၈၁ မမ ၁ လုံးပစ္ခတ္တိုက္ခိုက္ ခဲ့ေၾကာင္း၊ ေတာင္လွန္ေရးအင္အားစုမ်ား အထိအခိုက္မရွိ ေဘးကင္းစြာရွင္းလင္းႏိုင္ခဲ့ေၾကာင္း သိရသည္။
ဓာတ္ပုံ- ရွမ္းျပည္ေျမာက္ပိုင္းတြင္ ယမန္ႏွစ္ေႏွာင္းပိုင္း မိုင္းဆြဲခံထားရသည့္ စစ္ကားတစ္စီး။ (ပုံအေဟာင္းျဖစ္ပါသည္။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *