မတာပေါ်မတာဆင့်ဖြစ်သွားတာပေါ့

ချောင်းဦး၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ပစ်ခတ်ခံရပြီးသေဆုံး၊ အလာင်းလာကောက်သည့် စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး ထပ်မံသေဆုံးပြန်

ရန်ကုန်၊ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်း၊ ချောင်းမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် စစ်ကောင်စီတပ်သားတစ်ဦး ခြေလျင် ထွက်လာသဖြင့် ပစ်ခတ်ခဲ့ရာသေဆုံးသွားပြီး ယင်းအလောင်းကို လာရောက်ကောက်ယူသည့် စစ် ကားတစ်စီးကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးထပ်မံသေဆုံးခဲ့ကြောင်း ချောင်းဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂ ရက် နံနက် ၆ နာရီခန့်အချိန် ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက်၊ မုံရွာ -မန္တလေးကားလမ်း မပေါ်သို့ စစ်ကောင်စီတပ်သား တစ်ဦး ထွက်ခွာလာသဖြင့် ချောင်းဦး PDF တပ်ဖွဲ့ဝင်များမှ ပစ်ခတ်ခဲ့ ရာ သေဆုံးသွားကြောင်း၊ ယင်းသေဆုံးအလောင်းကို ချောင်းဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများက အလောင်းကောက်ယူရန် ကားဖြင့် ထွက်လာစဉ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သူက အဲနားလေးကို ပုံမှန်လာနေကျမို့ စောင့်ပြီးပစ်ခဲ့တာ၊ ယူနီဖောင်းနဲ့ပဲ၊ လက်နက်တွေတော့ မပါ ဘူး၊ အဲဒီအလောင်းကို ကောက်ဖို့ ချောင်းဦးမြို့ ရဲစခန်းထဲကလား၊ ထွေအုပ်ရုံးကလားမသိဘူး၊ ထွက် လာတာ အဲဒီကားကို မိုင်းထပ်ဆွဲတာ၊ နှစ်ဦးဒဏ်ရာရတယ်၊ အဲဒီ ဒဏ်ရာရတဲ့ ၂ ဦးထဲက တစ်ဦးသေ သွားတယ်၊ မိုင်းဆွဲခံရပြီးတော့ အလောင်းကို လာကောက်ရဲတော့ဘူး၊ နာရေးကူညီမှုအသင်းတစ်ခု ကို သွားကောက်ခိုင်းတာ၊ မကောက်ပေးရင် တစ်သင်းလုံးဖမ်းမယ်ဆီးမယ်လို့ ခြိမ်းခြောက်ပြီး သွား ကောက်ခိုင်းတဲ့အတွက် လွှတ်ပေးလိုက်တယ်” ဟု ချောင်းဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ေခ်ာင္းဦး၊ မုံ႐ြာ-မႏၲေလးလမ္းေပၚတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁ ဦးကို ပစ္ခတ္ခံရၿပီးေသဆုံး၊ အလာင္းလာေကာက္သည့္ စစ္ကားတစ္စီးကို မိုင္းဆြဲတိုက္ခိုက္မႈ စစ္သား ၁ ဦး ထပ္မံေသဆုံးျပန္
ရန္ကုန္၊ ဇန္နဝါရီ ၄
စစ္ကိုင္းတိုင္း၊ ေခ်ာင္းၿမိဳ႕နယ္၊ မုံ႐ြာ -မႏၲေလးလမ္းမေပၚတြင္ စစ္ေကာင္စီတပ္သားတစ္ဦး ေျခလ်င္ ထြက္လာသျဖင့္ ပစ္ခတ္ခဲ့ရာေသဆုံးသြားၿပီး ယင္းအေလာင္းကို လာေရာက္ေကာက္ယူသည့္ စစ္ ကားတစ္စီးကို ထပ္မံမိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၁ ဦးထပ္မံေသဆုံးခဲ့ေၾကာင္း ေခ်ာင္းဦး PDF တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္။
ဇန္နဝါရီလ ၂ ရက္ နံနက္ ၆ နာရီခန႔္အခ်ိန္ ေခ်ာင္းဦးၿမိဳ႕၊ ၿမိဳ႕သစ္ရပ္ကြက္၊ မုံ႐ြာ -မႏၲေလးကားလမ္း မေပၚသို႔ စစ္ေကာင္စီတပ္သား တစ္ဦး ထြက္ခြာလာသျဖင့္ ေခ်ာင္းဦး PDF တပ္ဖြဲ႕ဝင္မ်ားမွ ပစ္ခတ္ခဲ့ ရာ ေသဆုံးသြားေၾကာင္း၊ ယင္းေသဆုံးအေလာင္းကို ေခ်ာင္းဦးၿမိဳ႕ေပၚရွိ စစ္ေကာင္စီတပ္သားမ်ားက အေလာင္းေကာက္ယူရန္ ကားျဖင့္ ထြက္လာစဥ္ ထပ္မံမိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၁ ဦး ေသဆုံးၿပီး တစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
“သူက အဲနားေလးကို ပုံမွန္လာေနက်မို႔ ေစာင့္ၿပီးပစ္ခဲ့တာ၊ ယူနီေဖာင္းနဲ႔ပဲ၊ လက္နက္ေတြေတာ့ မပါ ဘူး၊ အဲဒီအေလာင္းကို ေကာက္ဖို႔ ေခ်ာင္းဦးၿမိဳ႕ ရဲစခန္းထဲကလား၊ ေထြအုပ္႐ုံးကလားမသိဘူး၊ ထြက္ လာတာ အဲဒီကားကို မိုင္းထပ္ဆြဲတာ၊ ႏွစ္ဦးဒဏ္ရာရတယ္၊ အဲဒီ ဒဏ္ရာရတဲ့ ၂ ဦးထဲက တစ္ဦးေသ သြားတယ္၊ မိုင္းဆြဲခံရၿပီးေတာ့ အေလာင္းကို လာေကာက္ရဲေတာ့ဘူး၊ နာေရးကူညီမႈအသင္းတစ္ခု ကို သြားေကာက္ခိုင္းတာ၊ မေကာက္ေပးရင္ တစ္သင္းလုံးဖမ္းမယ္ဆီးမယ္လို႔ ၿခိမ္းေျခာက္ၿပီး သြား ေကာက္ခိုင္းတဲ့အတြက္ လႊတ္ေပးလိုက္တယ္” ဟု ေခ်ာင္းဦး PDF တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *