၁၅မိုင်ပဲဝေးတော့တာဆိုတော့ ပြင်ဦးလွင်နီးပြီပေါ့

နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပြင်ဦးလွင်စစ်တက္ကသိုလ်နှင့် ၁၅ မိုင်သာ ကွာဝေးတော့ဟု ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

ရန်ကုန်၊ ဇန်ဝါရီ ၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် ယင်းစခန်းသည် ပြင်ဦးလွင် စစ်တက္ကသိုလ်နှင့် ၁၅ မိုင်သာ ကာဝေးတော့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ (၂) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ပူးပေါင်းတပ်ဖွဲ့များသည် နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက် စခန်းအား ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၃ ရက်နေ့၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် သံဘိုကျေးရွာစခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်၏ Drone Jammer စက်အကြီးများအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါသံဘိုကျေးရွာ စစ်စခန်းသည် စစ်ကောင်စီ၏ စစ်တက္ကသိုလ်များတည်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်သာ ကွာဝေးသည့်နေရာရှိ စခန်းတခုဖြစ်ကြောင်း၊ ဇန်နဝါရီလ ၃ ရက်နေ့၊ မွန်းလွဲပိုင်း ကျောက်မဲလေးဘက်မှ သံဘိုကျေးရွာသို့ ကား (၃) စီးနှင့်လာသော စစ်တပ် စစ်ကူအဖွဲ့ကို ထပ်မံ ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

သံဘိုကျေးရွာ တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီးသက်အောင်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကာ တို့ရဲဘော်တချို့ ပြည်သူ့တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ဒုဗိုလ်မှူးကြီးအဆင့် အရာရှိ (၁) ဦးကို ပထမဆုံးအကြိမ်အဖြစ် လက်ရ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ေနာင္ခ်ိဳၿမိဳ႕နယ္၊ သံဘိုေက်း႐ြာရွိ စစ္ေကာင္စီစခန္းကို တိုက္ခိုက္သိမ္းပိုက္မႈ ျပင္ဦးလြင္စစ္တကၠသိုလ္ႏွင့္ ၁၅ မိုင္သာ ကာေဝးေတာ့ဟု ကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္
ရန္ကုန္၊ ဇန္ဝါရီ ၄
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕နယ္၊ သံဘိုေက်း႐ြာရွိ စစ္ေကာင္စီစခန္းကို ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက တိုက္ခိုက္သိမ္းပိုက္ခဲ့ရာတြင္ ယင္းစခန္းသည္ ျပင္ဦးလြင္ စစ္တကၠသိုလ္ႏွင့္ ၁၅ မိုင္သာ ကာေဝးေတာ့သည္ဟု အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။
ဇန္နဝါရီလ (၂) ရက္ေန႔တြင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ (မႏၲေလး) ႏွင့္ တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (PSLF/TNLA) ပူးေပါင္းတပ္ဖြဲ႕မ်ားသည္ ေနာင္ခ်ိဳၿမိဳ႕နယ္၊ သံဘိုေက်း႐ြာရွိ စစ္ေကာင္စီအေျခစိုက္ စခန္းအား ဝင္ေရာက္ စီးနင္း တိုက္ခိုက္ခဲ့ေၾကာင္း၊ ဇန္နဝါရီလ ၃ ရက္ေန႔၊ နံနက္ ၇ နာရီ ၃၀ မိနစ္အခ်ိန္ သံဘိုေက်း႐ြာစခန္းကို အၿပီးသတ္ သိမ္းပိုက္ရရွိခဲ့ၿပီး စစ္တပ္၏ Drone Jammer စက္အႀကီးမ်ားအပါအဝင္ လက္နက္ခဲယမ္းမ်ားစြာ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရွိရသည္။
အဆိုပါသံဘိုေက်း႐ြာ စစ္စခန္းသည္ စစ္ေကာင္စီ၏ စစ္တကၠသိုလ္မ်ားတည္ရွိရာ ျပင္ဦးလြင္ၿမိဳ႕ႏွင့္ ၁၅ မိုင္သာ ကြာေဝးသည့္ေနရာရွိ စခန္းတခုျဖစ္ေၾကာင္း၊ ဇန္နဝါရီလ ၃ ရက္ေန႔၊ မြန္းလြဲပိုင္း ေက်ာက္မဲေလးဘက္မွ သံဘိုေက်း႐ြာသို႔ ကား (၃) စီးႏွင့္လာေသာ စစ္တပ္ စစ္ကူအဖြဲ႕ကို ထပ္မံ ျဖတ္ေတာက္ တိုက္ခိုက္ခဲ့ရာ စစ္သား အမ်ားအျပား ေသဆုံးခဲ့ၿပီး လက္နက္ခဲယမ္းမ်ား ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရွိရသည္။
သံဘိုေက်း႐ြာ တိုက္ပြဲအတြင္း စစ္တပ္စစ္ေၾကာင္းမႉး ဒုဗိုလ္မႉးႀကီးသက္ေအာင္ကို အရွင္ဖမ္းဆီးရမိခဲ့ၿပီး စစ္တပ္ဘက္မွ ထိခိုက္ေသဆုံးမႈ မ်ားျပားခဲ့ကာ တို႔ရဲေဘာ္တခ်ိဳ႕ ျပည္သူ႔ေတာ္လွန္ေရးအတြက္ ျမင့္ျမတ္စြာ အသက္ေပးလႉသြားခဲ့ေၾကာင္း၊ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္အေနျဖင့္ ဒုဗိုလ္မႉးႀကီးအဆင့္ အရာရွိ (၁) ဦးကို ပထမဆုံးအႀကိမ္အျဖစ္ လက္ရ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *