လွတ်လပ်ရေးနေ့တစ်နေ့တာအဖြစ်အပျက်ဆောင်းပါး

မေမြို့ နား ကပ်လာပြီ၊ ကထိက ဖမ်းမိ

***

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်မှ ယူနန်ပြည်နယ် နမ်ဆန် မြို့တွင်း ကျရောက်လာသော ဗုံးဆံ ထိမှန်၍ မိုဘိုင်းဖုန်း ဆိုင် ပျက်စီးသွားပြီး လူ ငါးဦး ထိခိုက် ဒဏ်ရာရသွားသည့် ဖြစ်ရပ် အပေါ် လွန်စွာ စိတ်မကောင်း ဖြစ်ရကြောင်း၊ မိမိတို့ဖက်မှ နိုင်ငံသားများ၏ အသက်အိုးအိမ်ကို ကာကွယ်ရန် လိုအပ်သလို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် နှစ်ဖက် အပစ်အခတ် ရပ်စဲရန်လည်း ထပ်မံ တောင်းဆိုကြောင်း အစရှိသဖြင့် ပြောဆိုသွားခဲ့သည်။

၎င်းထိုသို့ ပြောနေချိန်တွင် TNLA နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ပြည်သူ့ကာကွယ်ရေး တပ်များ ပူးပေါင်း၍ နောင်ချို ရှိ သံဘို စစ်စခန်း ကို တညလုံး နီးပါး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၃ ရက်နေ့ မနက်ပိုင်းတွင် သိမ်းယူလိုက်ကြပြီ ဖြစ်သည်။ နောင်ချိုသည် မေမြို့ စစ်တက္ကသိုလ် နှင့် ကားလမ်းမှ တနာရီ ခန့်သာ သွားရသော အကွာအဝေးတွင် ရှိနေသည်။

အံ့ဩစရာ ကောင်းနေသည်က ဖမ်းဆီးရမိခဲ့သော စစ်ကြောင်းမှုးသည် မေမြို့ စစ်တက္ကသိုလ် လက်အောက်ခံ နည်းပညာ ဌာန မှ စက်မှု ကထိက ဒု ဗိုလ်မှုးကြီး သက်အောင် ဖြစ်နေခြင်းပင်၊ ၎င်းသည် စာသင်ကြားရေး အပိုင်း ကိုသာ တာဝန်ယူရသူ ဖြစ်ပြီး တိုက်ခိုက်ရေး အတွေ့အကြုံ မရှိ သူ ဖြစ်သည်၊ ထိုကဲ့သို့သော လူမျိုးအား ရှေ့တန်း လွှတ်ထားရသည်ကို ကြည့်ခြင်းဖြင့် အာဏာသိမ်း အဖွဲ့ လက်အောက်ခံ တပ်များ အဖို့ တိုက်ပွဲ အတွေ့အကြုံမရှိသူများ အပါအဝင် ရနိုင်သမျှ အင်အားကို ထုတ်နှုတ်သုံးနေရပြီ ဆိုသည်ကို သိသာထင်ရှားလာခဲ့သည်။

အဆိုပါ သံဘိုစခန်းကြီးအား သိမ်းပိုက်နိုင်ခဲ့မှု ကြောင့် တော်လှန်ရေး မဟာမိတ်များသည် မေမြို့ကိုသာ မက မန္တလေး တိုင်း ဒေသကြီး အတွင်း စစ်ဆင်ရေး တိုးချဲ့ရန် အခိုင်အမာ ခြေကုပ်ယူနိုင်လာပြီ ဖြစ်သည်။ (ပုံတွင်ရှု)

ထိုစခန်းသိမ်းတိုက်ပွဲသည် ပြည်သူများ အတွက် “နှစ်သစ်ကူး လက်ဆောင်” ဖြစ်သည်ဟု PDF ၏ ကြေငြာချက်တွင် ဖေါ်ပြထားသည်။

အာဏာသိမ်း အဖွဲ့၏ ပြည်သူများအတွက် နှစ်သစ်ကူး လက်ဆောင်သည်က နိုင်ငံ အနှံ့ ရှိ ထောင်များမှ ရာဇဝတ်မှု ကျူးလွန်ခဲ့သူ ၉,၆၅၂’ဦးအား လွှတ်ပေးလိုက်ခြင်းပင် ဖြစ်သည်ာ ထိုအထဲတွင် မိမိတို့၏ ခံယူချက် ကြောင့် ဖမ်းဆီးခံထားရသူ စုစုပေါင်း ၂၅,၇၃၀ ‌ဦး ထဲမှ ထုံးစံ အတိုင်း မဖြစ်စလောက် အရည်အတွက်သာ ပါဝင်ပေလိမ့်မည်။

၎င်းတို့ အာဏာ ဆုပ်ကိုင်ထားဆဲ သုံးနှစ် အတွင်း ၁၂ ကြိမ် မြောက် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာတွင် ပြစ်မှု မျိုးစုံဖြင့် ထောင်ကျနေသည့် အကျဉ်းသား ကိုးသောင်း ခန့် လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသား ၅,၈၀၀ သာ ပါဝင်ခဲ့ရာ စုစု ပေါင်း၏ ၇ ရာနှန်းသာ ရှိသည်ဟု AAPP အား ကိုးကား၍ မြန်မာနောင်းသတင်းတွင် ဖေါ်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားများ အကူအညီပေးရေး အဖွဲ့ AAPP အဆိုအရ အကျ‌ဉ်းထောင်များထဲတွင် ၁၉,၉၃၀ ဦးသာ ရှိနေ၍ ၄,၂၇၇ ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

နောက်ထပ် သတင်း အရ လောက်ကိုင် မြိုသည် စစ်ကောင်စီ လက်အောက်မှ လွတ်မြောက်သွားပြီဟု ယုံကြည်နိုင်‌ လောက်သည့် သတင်းများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ MNDAA တပ်ဖွဲ့ဝင်များ မှ မင်းအောင် လှိုင်ဘွဲ့ထူး ဂုဏ်ထူးများ ပေးကာ ခန့်အပ်ထားသော ကိုးကန့် စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်၏ နေအိမ် ကို ဝင်ရောက် သိမ်းပိုက်ခဲ့သည့် ဗီဒီယို ဖိုင် ထွက်ပေါ် လာခဲ့သည်။

လောက်ကိုင် မြို့တွင်းရှိ ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ်မှ တပ်သားအားလုံး လက်နက်ချလာသည့် အတွက် ယခုလို အလုံးစုံ ထိန်းချုပ်သွား နိုင်ခဲ့ကြောင်း ညီနောင် မဟာမိတ် အဖွဲ့နှင့် နီးစပ်သော သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

အမေရိကန် အစိုးရ မှ မြန်မာ ပြည်သူများထံ လွတ်လပ်ရေး နေ့ သဝဏ်လွှာ ပေးပို့ရာတွင် မြန်မာ ပြည်သူများ နှင့် ၎င်းတို့ ၏ အနာဂတ်ဖြစ်သော တစည်းတလုံးတည်း ရှိမည့် ပြည်ထောင်စု ကြီး ပေါ်ပေါက်ရေး လမ်းကြောင်းကို သွားနေမှု အား ထောက်ခံကြောင်း ပါရှိလာခဲ့သည်။

မင်းအောင်လှိုင်သည် ၎င်းတို့ အဖွဲ့ သုံးနှစ်ကြာလာသည့် တိုင် သုံးစားမရ၍ ပြည်ပသို့ တဖွဲဖွဲ နှင့် ထွက်ကာ လုပ်ကိုင်နေကြသူများ ၏ လစာထဲမှ တလ ၂% ပြန်ပေးရန် မျက်နှာပြောင်တိုက်၍ ‌လက်မှတ်ထိုး ထုတ်ပြန်‌ သော အခွန် ဥပဒေသည် အောက်တိုဘာ ၁ ရက်တွင် စတင် အကျုံးဝင်နေပြီ ဖြစ်သော်လည်း အများစု မှ ပေးရန် ငြင်းဆန်နေကြဆဲ ဖြစ်သည်ဟု RFA သတင်းတွင် ဖေါ်ပြထားသည်။

အထူးသဖြင့် ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများမှ မိမိတို့၏ အလုပ်သမား အခွင့်အရေးကို မည်သို့မျှပင် အကာအကွယ် ပေးရန် စိတ်ကူးမရှိပဲ လေယာဉ်ဆီ ဝယ်ရန် ၎င်းတို့ အိပ်ကပ်ထဲမှ လာနှိုက်နေခြင်းဟု ပြောလာကြပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

ေမၿမိဳ႕ နား ကပ္လာၿပီ၊ ကထိက ဖမ္းမိ


တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရ ပုဂၢိဳလ္မွ ယူနန္ျပည္နယ္ နမ္ဆန္ ၿမိဳ႕တြင္း က်ေရာက္လာေသာ ဗုံးဆံ ထိမွန္၍ မိုဘိုင္းဖုန္း ဆိုင္ ပ်က္စီးသြားၿပီး လူ ငါးဦး ထိခိုက္ ဒဏ္ရာရသြားသည့္ ျဖစ္ရပ္ အေပၚ လြန္စြာ စိတ္မေကာင္း ျဖစ္ရေၾကာင္း၊ မိမိတို႔ဖက္မွ ႏိုင္ငံသားမ်ား၏ အသက္အိုးအိမ္ကို ကာကြယ္ရန္ လိုအပ္သလို ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ႏွင့္ ႏွစ္ဖက္ အပစ္အခတ္ ရပ္စဲရန္လည္း ထပ္မံ ေတာင္းဆိုေၾကာင္း အစရွိသျဖင့္ ေျပာဆိုသြားခဲ့သည္။
၎ထိုသို႔ ေျပာေနခ်ိန္တြင္ TNLA ႏွင့္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ ၏ ျပည္သူ႔ကာကြယ္ေရး တပ္မ်ား ပူးေပါင္း၍ ေနာင္ခ်ိဳ ရွိ သံဘို စစ္စခန္း ကို တညလုံး နီးပါး တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီး ဇန္နဝါရီ ၃ ရက္ေန႔ မနက္ပိုင္းတြင္ သိမ္းယူလိုက္ၾကၿပီ ျဖစ္သည္။ ေနာင္ခ်ိဳသည္ ေမၿမိဳ႕ စစ္တကၠသိုလ္ ႏွင့္ ကားလမ္းမွ တနာရီ ခန႔္သာ သြားရေသာ အကြာအေဝးတြင္ ရွိေနသည္။
အံ့ဩစရာ ေကာင္းေနသည္က ဖမ္းဆီးရမိခဲ့ေသာ စစ္ေၾကာင္းမႈးသည္ ေမၿမိဳ႕ စစ္တကၠသိုလ္ လက္ေအာက္ခံ နည္းပညာ ဌာန မွ စက္မႈ ကထိက ဒု ဗိုလ္မႈးႀကီး သက္ေအာင္ ျဖစ္ေနျခင္းပင္၊ ၎သည္ စာသင္ၾကားေရး အပိုင္း ကိုသာ တာဝန္ယူရသူ ျဖစ္ၿပီး တိုက္ခိုက္ေရး အေတြ႕အႀကဳံ မရွိ သူ ျဖစ္သည္၊ ထိုကဲ့သို႔ေသာ လူမ်ိဳးအား ေရွ႕တန္း လႊတ္ထားရသည္ကို ၾကည့္ျခင္းျဖင့္ အာဏာသိမ္း အဖြဲ႕ လက္ေအာက္ခံ တပ္မ်ား အဖို႔ တိုက္ပြဲ အေတြ႕အႀကဳံမရွိသူမ်ား အပါအဝင္ ရႏိုင္သမွ် အင္အားကို ထုတ္ႏႈတ္သုံးေနရၿပီ ဆိုသည္ကို သိသာထင္ရွားလာခဲ့သည္။
အဆိုပါ သံဘိုစခန္းႀကီးအား သိမ္းပိုက္ႏိုင္ခဲ့မႈ ေၾကာင့္ ေတာ္လွန္ေရး မဟာမိတ္မ်ားသည္ ေမၿမိဳ႕ကိုသာ မက မႏၲေလး တိုင္း ေဒသႀကီး အတြင္း စစ္ဆင္ေရး တိုးခ်ဲ႕ရန္ အခိုင္အမာ ေျခကုပ္ယူႏိုင္လာၿပီ ျဖစ္သည္။ (ပုံတြင္ရႈ)
ထိုစခန္းသိမ္းတိုက္ပြဲသည္ ျပည္သူမ်ား အတြက္ “ႏွစ္သစ္ကူး လက္ေဆာင္” ျဖစ္သည္ဟု PDF ၏ ေၾကျငာခ်က္တြင္ ေဖၚျပထားသည္။
အာဏာသိမ္း အဖြဲ႕၏ ျပည္သူမ်ားအတြက္ ႏွစ္သစ္ကူး လက္ေဆာင္သည္က ႏိုင္ငံ အႏွံ႔ ရွိ ေထာင္မ်ားမွ ရာဇဝတ္မႈ က်ဴးလြန္ခဲ့သူ ၉,၆၅၂’ဦးအား လႊတ္ေပးလိုက္ျခင္းပင္ ျဖစ္သည္ာ ထိုအထဲတြင္ မိမိတို႔၏ ခံယူခ်က္ ေၾကာင့္ ဖမ္းဆီးခံထားရသူ စုစုေပါင္း ၂၅,၇၃၀ ‌ဦး ထဲမွ ထုံးစံ အတိုင္း မျဖစ္စေလာက္ အရည္အတြက္သာ ပါဝင္ေပလိမ့္မည္။
၎တို႔ အာဏာ ဆုပ္ကိုင္ထားဆဲ သုံးႏွစ္ အတြင္း ၁၂ ႀကိမ္ ေျမာက္ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးခဲ့ရာတြင္ ျပစ္မႈ မ်ိဳးစုံျဖင့္ ေထာင္က်ေနသည့္ အက်ဥ္းသား ကိုးေသာင္း ခန႔္ လႊတ္ေပးခဲ့ေသာ္လည္း ႏိုင္ငံေရး အက်ဥ္းသား ၅,၈၀၀ သာ ပါဝင္ခဲ့ရာ စုစု ေပါင္း၏ ၇ ရာႏွန္းသာ ရွိသည္ဟု AAPP အား ကိုးကား၍ ျမန္မာေနာင္းသတင္းတြင္ ေဖၚျပထားသည္။
ႏိုင္ငံေရး အက်ဥ္းသားမ်ား အကူအညီေပးေရး အဖြဲ႕ AAPP အဆိုအရ အက်‌ဥ္းေထာင္မ်ားထဲတြင္ ၁၉,၉၃၀ ဦးသာ ရွိေန၍ ၄,၂၇၇ ဦး ေပ်ာက္ဆုံးေနသည္ဟု သိရသည္။
ေနာက္ထပ္ သတင္း အရ ေလာက္ကိုင္ ၿမိဳသည္ စစ္ေကာင္စီ လက္ေအာက္မွ လြတ္ေျမာက္သြားၿပီဟု ယုံၾကည္ႏိုင္‌ ေလာက္သည့္ သတင္းမ်ား ထြက္ေပၚလာခဲ့ၿပီ ျဖစ္သည္။ MNDAA တပ္ဖြဲ႕ဝင္မ်ား မွ မင္းေအာင္ လႈိင္ဘြဲ႕ထူး ဂုဏ္ထူးမ်ား ေပးကာ ခန႔္အပ္ထားေသာ ကိုးကန႔္ စစ္ေခါင္းေဆာင္ ပယ္ေဆာက္ခ်ိန္၏ ေနအိမ္ ကို ဝင္ေရာက္ သိမ္းပိုက္ခဲ့သည့္ ဗီဒီယို ဖိုင္ ထြက္ေပၚ လာခဲ့သည္။
ေလာက္ကိုင္ ၿမိဳ႕တြင္းရွိ ေဒသ ကြပ္ကဲေရး စစ္ဌာနခ်ဳပ္မွ တပ္သားအားလုံး လက္နက္ခ်လာသည့္ အတြက္ ယခုလို အလုံးစုံ ထိန္းခ်ဳပ္သြား ႏိုင္ခဲ့ေၾကာင္း ညီေနာင္ မဟာမိတ္ အဖြဲ႕ႏွင့္ နီးစပ္ေသာ သတင္းရပ္ကြက္မ်ား အဆိုအရ သိရသည္။
အေမရိကန္ အစိုးရ မွ ျမန္မာ ျပည္သူမ်ားထံ လြတ္လပ္ေရး ေန႔ သဝဏ္လႊာ ေပးပို႔ရာတြင္ ျမန္မာ ျပည္သူမ်ား ႏွင့္ ၎တို႔ ၏ အနာဂတ္ျဖစ္ေသာ တစည္းတလုံးတည္း ရွိမည့္ ျပည္ေထာင္စု ႀကီး ေပၚေပါက္ေရး လမ္းေၾကာင္းကို သြားေနမႈ အား ေထာက္ခံေၾကာင္း ပါရွိလာခဲ့သည္။
မင္းေအာင္လႈိင္သည္ ၎တို႔ အဖြဲ႕ သုံးႏွစ္ၾကာလာသည့္ တိုင္ သုံးစားမရ၍ ျပည္ပသို႔ တဖြဲဖြဲ ႏွင့္ ထြက္ကာ လုပ္ကိုင္ေနၾကသူမ်ား ၏ လစာထဲမွ တလ ၂% ျပန္ေပးရန္ မ်က္ႏွာေျပာင္တိုက္၍ ‌လက္မွတ္ထိုး ထုတ္ျပန္‌ ေသာ အခြန္ ဥပေဒသည္ ေအာက္တိုဘာ ၁ ရက္တြင္ စတင္ အက်ဳံးဝင္ေနၿပီ ျဖစ္ေသာ္လည္း အမ်ားစု မွ ေပးရန္ ျငင္းဆန္ေနၾကဆဲ ျဖစ္သည္ဟု RFA သတင္းတြင္ ေဖၚျပထားသည္။
အထူးသျဖင့္ ထိုင္းႏိုင္ငံတြင္ လုပ္ကိုင္ေနၾကေသာ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားမွ မိမိတို႔၏ အလုပ္သမား အခြင့္အေရးကို မည္သို႔မွ်ပင္ အကာအကြယ္ ေပးရန္ စိတ္ကူးမရွိပဲ ေလယာဥ္ဆီ ဝယ္ရန္ ၎တို႔ အိပ္ကပ္ထဲမွ လာႏႈိက္ေနျခင္းဟု ေျပာလာၾကၿပီ ျဖစ္သည္။
ျပည္သူတို႔၏ ခုခံ တြန္းလွန္စစ္ မုခ်ေအာင္ရမည္!!!

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *