ငပုတော့ဖျင်ကြိမ်းနေလောက်ပြီး

မြန်မာဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ယူနန်ပြည်နယ်ထဲ ကျရောက်ခဲ့လို့ လူတစ်ဦး ဒဏ်ရာရတယ်လို့ တရုတ် ပြော

ဇန်နဝါရီ ၅ ရက်

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာ မနေ့က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့တာကြောင့် လူတစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှ ပစ်ခတ်ခဲ့တယ်လို့ ယူဆရတဲ့ အမြောက်ကျည်ဆံတစ်လုံးဟာ နန်ဆန်မြို့အတွင်း ကျရောက် ခဲ့ရာ မည်သူမည်ဝါမသိရသူ လူတစ်ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ပေကျင်းမြို့တော်အခြေစိုက် The Global Times က ဖော်ပြပါတယ်။

The Global Times က တင်ထားတဲ့ ရုပ်သံဖိုင်ထဲမှာ အဝတ်အစားတွေမှာ သွေးပေနေတဲ့ လူတစ်ဉီး မြေ ပြင်ပေါ် လဲလျောင်းနေတာကို ပြသနေပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေချိန် အခုလို လက်နက်ကြီးကျည်တစ်လုံး တရုတ်နိုင်ငံ ပိုင်နက်အတွင်း ကျရောက်ခဲ့တာပါ။

ကိုးကန့်အဖွဲ့ MNDAA၊ ရခိုင့်တပ်တော် AA နဲ့ တအောင်းအဖွဲ့ TNLA တို့နဲ့ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမ ဟာမိတ်အဖွဲ့ဟာ အောက်တိုဘာလနှောင်းပိုင်းမှစတင်ကာ မြန်မာနိုင်ငံမြောက်ပိုင်းရှိ နယ်မြေတွေကိုသိမ်းပိုက်ဖို့ အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်နေပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှုကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ မြန်မာစစ်ကောင်စီကြား အပစ်အ ခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ရရှိခဲ့တယ်လို့ တရုတ်နိုင်ငံက ပြီးခဲ့တဲ့လအတွင်း ပြောကြားခဲ့ပါတယ်။

ျမန္မာဘက္ကပစ္ခတ္တဲ့ လက္နက္ႀကီးက်ည္ ယူနန္ျပည္နယ္ထဲ က်ေရာက္ခဲ့လို႔ လူတစ္ဦး ဒဏ္ရာရတယ္လို႔ တ႐ုတ္ ေျပာ
ဇန္နဝါရီ ၅ ရက္
ျမန္မာႏိုင္ငံနဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း ယူနန္ျပည္နယ္မွာ မေန႔က လက္နက္ႀကီးက်ည္တစ္လုံး က်ေရာက္ခဲ့တာေၾကာင့္ လူတစ္ဦးထက္မနည္း ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။
ျမန္မာႏိုင္ငံမွ ပစ္ခတ္ခဲ့တယ္လို႔ ယူဆရတဲ့ အေျမာက္က်ည္ဆံတစ္လုံးဟာ နန္ဆန္ၿမိဳ႕အတြင္း က်ေရာက္ ခဲ့ရာ မည္သူမည္ဝါမသိရသူ လူတစ္ဉီး ဒဏ္ရာရရွိခဲ့တယ္လို႔ ေပက်င္းၿမိဳ႕ေတာ္အေျခစိုက္ The Global Times က ေဖာ္ျပပါတယ္။
The Global Times က တင္ထားတဲ့ ႐ုပ္သံဖိုင္ထဲမွာ အဝတ္အစားေတြမွာ ေသြးေပေနတဲ့ လူတစ္ဉီး ေျမ ျပင္ေပၚ လဲေလ်ာင္းေနတာကို ျပသေနပါတယ္။
ျမန္မာႏိုင္ငံေျမာက္ပိုင္းမွာ တိုက္ပြဲေတြျပင္းထန္ေနခ်ိန္ အခုလို လက္နက္ႀကီးက်ည္တစ္လုံး တ႐ုတ္ႏိုင္ငံ ပိုင္နက္အတြင္း က်ေရာက္ခဲ့တာပါ။
ကိုးကန႔္အဖြဲ႕ MNDAA၊ ရခိုင့္တပ္ေတာ္ AA နဲ႔ တေအာင္းအဖြဲ႕ TNLA တို႔နဲ႔ဖြဲ႕စည္းထားတဲ့ ေျမာက္ပိုင္းမ ဟာမိတ္အဖြဲ႕ဟာ ေအာက္တိုဘာလေႏွာင္းပိုင္းမွစတင္ကာ ျမန္မာႏိုင္ငံေျမာက္ပိုင္းရွိ နယ္ေျမေတြကိုသိမ္းပိုက္ဖို႔ အာဏာသိမ္းစစ္ေကာင္စီကို တိုက္ခိုက္ေနပါတယ္။
တ႐ုတ္ႏိုင္ငံရဲ႕ ၾကားဝင္ဖ်န္ေျဖမႈေၾကာင့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕နဲ႔ ျမန္မာစစ္ေကာင္စီၾကား အပစ္အ ခတ္ရပ္စဲေရး သေဘာတူညီခ်က္တစ္ရပ္ ရရွိခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံက ၿပီးခဲ့တဲ့လအတြင္း ေျပာၾကားခဲ့ပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *