အဘဆီပြန်သွားလို့ကတော့ နောက်ခါဆိုအပြတ်ဗျင်း

Breaking News – လောက်ကိုင်ဒကစနှင့် “နမ်ထင်းမိန်ရှန်း” တောင်ကုန်းစခန်းမှ ဗိုလ်မှူးချုပ် ၆ ဦး၊ တပ်ဖွဲ့ဝင်နှင့်မိသားစု ၄၀၀၀ ကျော် လက်နက်ချ အလင်းဝင်ပြီး အိမ်ပြန်ခရီးစဉ် စီစဉ်ပေးထားဟု MNDAA ပြောခွင့်ရ လီကျားဝင်း တရားဝင် အသိပေးပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်နှင့် နမ်ထင်းမိန်ရှန်း တောင်ကုန်းစခန်းမှ ဗိုလ်မှူးချုပ် ၆ ဦး၊ တပ်ဖွဲ့ဝင်နှင့် မိသားစု အရေအတွက် ၄၀၀၀ ကျော် လက်နက်ချ အလင်းဝင်ပြီး အိမ်ပြန်ခရီးစဉ်ကို စီစဉ်ပေးထားကြောင်း MNDAA ပြောခွင့်ရ လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် တွေ့ဆုံခန်းတွင် ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် လောက်ကိုင်ဒကစမှ ဗိုလ်မှူးချုပ် ၆ ဦး၊ တပ်ဖွဲ့ဝင် ၂၁၀၀ ကျော်၊ တပ်မိသားစုဝင် ၁၆၀၀ ကျော် စုစုပေါင်း ၃၇၂၄ ဦး၊ ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် လောက်ကိုင် နမ်ထင်းမိန်ရှန်း တောင်ကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကလည်း လက်နက်ချ အလင်းဝင်လာကြောင်း၊ ထို့ကြောင့် စုစုပေါင်း ဗိုလ်မှူးချုပ် ၆ ဦး၊ တပ်ဖွဲ့ဝင်နှင့်မိသားစုဝင် ၄၀၂၄ ဦး လက်နက်ချ အလင်းဝင်လာကြောင်း၊ လက်ရှိတွင် MNDAA က အိမ်ပြန်ခရီးစဉ်များ စီစဉ်ပေးထားကြောင်း လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကိုးကန့် MNDAA ထံတွင် လက်နက်ချခဲ့သော ဗိုလ်မှူးချုပ် ၆ ဦးတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက်ကိုင်ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မိုးကျော််သူ ၊ တပ်မမှူး ၅၅ ဗိုလ်မှူးချုပ် အေးခိုင်၊ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်၊ စကခမှူး ၁၄ ဗိုလ်မှူးချုပ်၊ စကခမှူး ၁၆ ဗိုလ်မှူးချုပ်တို့ပါဝင်ကြောင်း သိရှိရသည်။

“Operation ဖော်ဆောင်လာတဲ့ ၇၁ ရက်မြောက်နေ့မှာ အဲဒီ ၁ လပိုင်း ၄ ရက်နေ့မှာ ဒကစကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်။ ဒကစမှာရှိတဲ့ ဗိုလ်မှူးချုပ် ၆ ယောက်၊ တပ်ဖွဲ့ဝင် ၂၁၀၀ ကျော်၊ မိသားစုဝင် ၁၆၀၀ ကျော် လောက်က ကျနော်တို့ဆီ အလင်းဝင်လာပါတယ်။ ၁ လ ပိုင်း ၄ ရက်နေ့နေ့လယ်ပိုင်း ၂ နာရီလောက်မှာစပြီး သူတို့ရဲ့ အိမ်ပြန်ရေးလမ်းကြောင်းကို စီစဉ်ပေးခဲ့ပါတယ်။ ၁ လပိုင်း ၅ ရက်နေ့ နေ့လယ်ပိုင်း နမ့်ထင်းမန်တောင်ကုန်း လောက်ကိုင်မှာရှိတဲ့ အမြင့်ဆုံးတောင်ကုန်းကို ဝင်ရောက်နိုင်ခဲ့တယ် ။ ပြီးတော့ အဲဒီမှာ ရှိတဲ့ တပ်ဖွဲ့ ၃၀၀ ကလည်း ကျနော်တို့ဆီ အလင်းဝင်လာခဲ့ပါတယ်။ သံလွင်မြစ်အရှေ့ဘက်ခြမ်း ကိုးကန့်ဒေသမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် လုံး၀ မရှိတော့ဘူးလို့ ပြောလို့ရပါတယ်။ ကျနော်တို့ MNDAA အနေနဲ့ အထူး ဒေသ၁ ကိုးကန့် ခရိုင်၊ မုံးကိုးခရိုင်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းအားလုံး ပြန်လည် သိမ်းပိုက်ရရှိခဲ့ပြီး သိန္နီနဲ့ကွတ်ခိုင်မှာတော့ တပ်စခန်းအများအပြားကို ပြန်လည် ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမှာရှိပါတယ်။ ၁ လပိုင်း ၄ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ သူတို့ရဲ့ အိမ်ပြန်လမ်း ခရီးစဉ်ကို စီစဉ်ပေးခဲ့ပါတယ်” ဟု လီကျားဝင်းက ပြောဆိုသည်။

ဓာတ်ပုံ- အလင်းဝင်သူ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် အပါအဝင် ဗိုလ်မှူးချုပ် ၆ ဦးကို ဧည့်ခံထားစဉ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *