ခဝေးတပ်ရဲ့နေဝင်ချိန်ရောက်ပြီ

လောက်ကိုင်တွင် ဗိုလ်မှူးချုပ် ၆ ဦးနှင့် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ လက် နက်ချ အလင်းဝင်မှု ဖက်ဆစ် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းဖြစ်ပြီး စစ်အာဏာရှင် နိဂုံးချုပ်မည့်အကြို ရက်ဟု ညီနောင် ၃ ဖွဲ့ ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် ဗိုလ်မှူးချုပ် ၆ ဦးနှင့် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ လက်နက်ချ အလင်းဝင်မှုသည် ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့က တရားဝင်ထုတ်ပြန် ကြေညာသည်။

၁၀၂၇ စစ်ဆင်ရေး၏ ၇၁ ရက်မြောက်နေ့ဖြစ်သော ဇန်နဝါရီလ ၅ ရက်နေ့တွင် ထောင်ချီသောတပ်ဖွဲဝင်များပါဝင်သည့် ဒကစ (လောက်ကိုင်) တစ်ခုလုံးအပါအဝင် ၎င်းပတ်ဝန်းကျင်အတွင်း ရှိသမျှသော တပ်ရင်းစခန်းအားလုံးတိုမှ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီး ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီ ဖြစ်ကြောင်း၊ ထိုမြင်ကွင်းမှာ “မြန်မာ့တပ်မတော်” ဟုခေါ်သော စစ်ကောင်စီသမိုင်းတွင် စစ်အာဏာရှင်စနစ်နိဂုံးချုပ်မည့် အကြိုနေ့ရက်များပင်ဖြစ်ကြောင်း ပြောဆိုသည်။

ယမန်နေ့ လက်နက်ချအညံ့ခံကြသောသူများထဲတွင် ဒကစ (လောက်ကိုင်) ကို စစ်ကူပေးရန်ရောက်ရှိလာကြသော မြန်မာနိုင်ငံအနှံရှိ တပ်မ၊ တပ်ရင်းများအစုံထဲမှ တစ်ယောက်မကျန်ပါဝင်ခဲ့ကြောင်း၊ လက်နက်ချအညံ့ခံသူများအားလုံးထဲတွင် အရာရှိ ၂၂၈ ဦးပါဝင်ခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၆ ဦးပါဝင်ကာ ရဲဘော်မှ အခြားအဆင့်ရှိသူ ၁၈၉၅ ဦး ပါဝင်ကြောင်း၊ ထိုအတူ ၎င်းတို့၏ မိသားစုဝင်အားလုံး စုစုပေါင်း ၁၆၀၁ ဦး လည်း ပါဝင်ခဲ့ကြောင်း၊ လက်နက်ချ အလင်းဝင်သူများကို သွားလိုသည့်နေရာနှင့် လုံခြုံသောနေရာသို ပိုဆောင်ထားခဲ့ပြီလည်း ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆက်တွဲအနေဖြင့် ပွိင့် (၂၀၂၂) ဟုလူသိများသော ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း” မှ စစ်ကောင်စီတပ်ဖွဲဝင် ၂၆၆ ဦးတို့က လည်း နောက်ဆုံးအသုတ်အနေဖြင့် လက်နက်ချခဲ့သောကြောင့် လက်နက်ချအလင်းဝင်သူ စုစုပေါင်းမှာ ၂၃၈၉ ယောက်အထိရှိခဲ့ပြီး ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်ကြောင်း ပြောဆိုသည်။

လက်နက်ချအညံ့ခံသောသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံကြသောသူများကို မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ သူရဲကောင်းများအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဤကဲ့သို သူများနည်းတူ မြန်မာနိုင်ငံ၏ အခြားသော မည်သည့်နေရာ မဆို လက်နက်ချအလင်းဝင်လိုသည်ဖြစ်စေ၊ ပြည်သူ့ရင်ခွင်ထဲ ဝင်ရောက်ခိုလှုလိုသည်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း MNDAA က ကြေညာသည်။

ေလာက္ကိုင္တြင္ ဗိုလ္မႉးခ်ဳပ္ ၆ ဦးႏွင့္ တပ္ဖြဲ႕ဝင္ေထာင္ေပါင္းမ်ားစြာ လက္ နက္ခ် အလင္းဝင္မႈ ဖက္ဆစ္ မင္းေအာင္လႈိင္၏ ေနာက္ဆုံးထြက္သက္ ေန႔ရက္မ်ားအတြက္ ႏွစ္သစ္အႀကိဳနိဒါန္းျဖစ္ၿပီး စစ္အာဏာရွင္ နိဂုံးခ်ဳပ္မည့္အႀကိဳ ရက္ဟု ညီေနာင္ ၃ ဖြဲ႕ ေၾကညာ
ရန္ကုန္၊ ဇန္နဝါရီ ၆
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေလာက္ကိုင္ၿမိဳ႕နယ္တြင္ ဗိုလ္မႉးခ်ဳပ္ ၆ ဦးႏွင့္ တပ္ဖြဲ႕ဝင္ေထာင္ေပါင္းမ်ားစြာ လက္နက္ခ် အလင္းဝင္မႈသည္ ဖက္ဆစ္တပ္ေခါင္းေဆာင္ မင္းေအာင္လႈိင္၏ ေနာက္ဆုံးထြက္သက္ ေန႔ရက္မ်ားအတြက္ ႏွစ္သစ္အႀကိဳနိဒါန္းျဖစ္ေၾကာင္း ညီေနာင္ ၃ ဖြဲ႕က တရားဝင္ထုတ္ျပန္ ေၾကညာသည္။
၁၀၂၇ စစ္ဆင္ေရး၏ ၇၁ ရက္ေျမာက္ေန႔ျဖစ္ေသာ ဇန္နဝါရီလ ၅ ရက္ေန႔တြင္ ေထာင္ခ်ီေသာတပ္ဖြဲဝင္မ်ားပါဝင္သည့္ ဒကစ (ေလာက္ကိုင္) တစ္ခုလုံးအပါအဝင္ ၎ပတ္ဝန္းက်င္အတြင္း ရွိသမွ်ေသာ တပ္ရင္းစခန္းအားလုံးတိုမွ “ေခြးတစ္ေကာင္၊ ေၾကာင္တစ္ၿမီး” ပါမက်န္ လက္နက္ခ်အညံ့ခံခဲ့ၾကၿပီး ကိုးကန႔္ (ေလာက္ကိုင္) တစ္ခြင္လုံးသည္ “စစ္ေကာင္စီ ကင္းစင္သည့္နယ္ေျမ’ ျဖစ္ခဲ့ၿပီ ျဖစ္ေၾကာင္း၊ ထိုျမင္ကြင္းမွာ “ျမန္မာ့တပ္မေတာ္” ဟုေခၚေသာ စစ္ေကာင္စီသမိုင္းတြင္ စစ္အာဏာရွင္စနစ္နိဂုံးခ်ဳပ္မည့္ အႀကိဳေန႔ရက္မ်ားပင္ျဖစ္ေၾကာင္း ေျပာဆိုသည္။
ယမန္ေန႔ လက္နက္ခ်အညံ့ခံၾကေသာသူမ်ားထဲတြင္ ဒကစ (ေလာက္ကိုင္) ကို စစ္ကူေပးရန္ေရာက္ရွိလာၾကေသာ ျမန္မာႏိုင္ငံအႏွံရွိ တပ္မ၊ တပ္ရင္းမ်ားအစုံထဲမွ တစ္ေယာက္မက်န္ပါဝင္ခဲ့ေၾကာင္း၊ လက္နက္ခ်အညံ့ခံသူမ်ားအားလုံးထဲတြင္ အရာရွိ ၂၂၈ ဦးပါဝင္ခဲ့ၿပီး ဗိုလ္မႉးခ်ဳပ္အဆင့္ရွိသူ ၆ ဦးပါဝင္ကာ ရဲေဘာ္မွ အျခားအဆင့္ရွိသူ ၁၈၉၅ ဦး ပါဝင္ေၾကာင္း၊ ထိုအတူ ၎တို႔၏ မိသားစုဝင္အားလုံး စုစုေပါင္း ၁၆၀၁ ဦး လည္း ပါဝင္ခဲ့ေၾကာင္း၊ လက္နက္ခ် အလင္းဝင္သူမ်ားကို သြားလိုသည့္ေနရာႏွင့္ လုံၿခဳံေသာေနရာသို ပိုေဆာင္ထားခဲ့ၿပီလည္း ျဖစ္ေၾကာင္း သိရွိရသည္။
ေနာက္ဆက္တြဲအေနျဖင့္ ပြိင့္ (၂၀၂၂) ဟုလူသိမ်ားေသာ ကိုးကန႔္အေခၚ “နမ္ထင္းမိန္ရွန္း” မွ စစ္ေကာင္စီတပ္ဖြဲဝင္ ၂၆၆ ဦးတို႔က လည္း ေနာက္ဆုံးအသုတ္အေနျဖင့္ လက္နက္ခ်ခဲ့ေသာေၾကာင့္ လက္နက္ခ်အလင္းဝင္သူ စုစုေပါင္းမွာ ၂၃၈၉ ေယာက္အထိရွိခဲ့ၿပီး ဖက္ဆစ္တပ္ေခါင္းေဆာင္ မင္းေအာင္လွိင္၏ ေနာက္ဆုံးထြက္သက္ ေန႔ရက္မ်ားအတြက္ ႏွစ္သစ္အႀကိဳနိဒါန္းပင္ျဖစ္ေၾကာင္း ေျပာဆိုသည္။
လက္နက္ခ်အညံ့ခံေသာသူမ်ားႏွင့္ ျပည္သူ႔ရင္ခြင္ခိုလႈံၾကေသာသူမ်ားကို ျမန္မာျပည္သူလူထုတစ္ရပ္လုံးမွ သူရဲေကာင္းမ်ားအျဖစ္ သတ္မွတ္ထားၿပီးျဖစ္ေၾကာင္း၊ ဆက္လက္၍လည္း ဤကဲ့သို သူမ်ားနည္းတူ ျမန္မာႏိုင္ငံ၏ အျခားေသာ မည္သည့္ေနရာ မဆို လက္နက္ခ်အလင္းဝင္လိုသည္ျဖစ္ေစ၊ ျပည္သူ႔ရင္ခြင္ထဲ ဝင္ေရာက္ခိုလႈလိုသည္ျဖစ္ေစ အခ်ိန္မေ႐ြး ဆက္သြယ္ႏိုင္ပါေၾကာင္း MNDAA က ေၾကညာသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *