လူတောတိုးရဲသလား မေးပေးအုန်း

ယူနီဖောင်းဝတ်ပြီး လူတောတိုးရဲသလား ရပ်ထဲရွာထဲ သွားရဲသလား မိဘရပ်ထံ ပြန်ရဲသလားလို့ စစ်ကောင်စီလက်အောက်ခံတွေကို ဦးရည်မွန် မေးခွန်းထုတ်

ယူနီဖောင်းဝတ်ပြီး လူတောတိုးရဲသလား ရပ်ထဲရွာထဲ သွားရဲသလား မိဘရပ်ထံ ပြန်ရဲသလားလို့ စစ်အုပ်စုလက်အောက်ခံ တပ်မှုးတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် မေးခွန်းထုတ်ပြောဆိုလိုက်ပါတယ်။

(ဇန်နဝါရီ၄) ၇၆နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ကစစ်အုပ်စုလက်အောက်ခံ တပ်မှုးတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အထူးအသိပေးနှိုးဆော်ချက် ထုတ်ပြန်ချိန်မှာ ရေးသားထားတာပါ။

“တပ်မတော်တစ်ခုရဲ့ အဓိကတာဝန်ဟာ နိုင်ငံနဲ့ ပြည်သူကို အကာအကွယ်ပေးဖို့ ဖြစ်တယ်။ စစ်အာဏာရှင်ကို အကာအကွယ်ပေးဖို့ မဟုတ်ဘူး၊ ခင်ဗျားတို့ ယူနီဖောင်းဝတ်ပြီး လူတောတိုးရဲသလား ရပ်ထဲရွာထဲ သွားရဲသလား မိဘရပ်ထံ ပြန်ရဲသလား၊ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ ပြည်သူ့ချစ်တပ်မတော်ဟာ ဒီကနေ့တော့ ပြည်သူ့တံတွေးခွက်ထဲ မျောခဲ့ပြီ၊ ပြည်သူက ခင်ဗျားတို့ကို စစ်ခွေး ရဲခွေးလို့ ခေါ်ကြတာ အကြောင်းမဲ့ မဟုတ်ဘူး” လို့သူကပြောပါတယ်။

နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေတာဖြစ်ပြီး လူကိုတိုက်တာမဟုတ်တဲ့အတွက် စစ်အာဏာရှင်ခိုင်းတာကိုလုပ်ဆောင်နေတာဟာ ပျက်စီးစေတဲ့ လမ်းကြောင်းဖြစ်တယ်လို့ ဦးရည်မွန်ကပြောပါတယ်။

” ခင်ဗျားတို့ အမြင်မှန်ရဖို့ အချိန်ရောက်နေပြီ၊စစ်အုပ်စုကို သစ္စာခံပြီး စစ်အာဏာရှင်ကို အကာအကွယ်ပေးနေတဲ့အလုပ်ကို ရပ်တန်းက ရပ်ဖို့ အချိန်ရောက်လာပြီ၊ ခင်ဗျားတို့လက်မှာ ပြည်သူ့သွေး ထပ်မစွန်းပါစေတော့နဲ့၊ စစ်အာဏာရှင် ခိုင်းသမျှ နာခံနေခြင်းဟာ ခင်ဗျားတို့ အသက်တွေ ၊ ဘဝတွေ အချီးနှီး ပျက်စီးမှုနဲ့ပဲ လမ်းဆုံးလိမ့်မယ်ဆိုတာ သတိချပ်စေလိုတယ်၊ ပြည်ထောင်စု ပြိုကွဲမှာစိုးတယ်ဆိုတဲ့ ခြောက်လုံးနဲ့ တိုင်းရင်းသားပြည်သူအပေါ် ဂုတ်ခွစီးပြီး အခွင့်ထူးခံနေတဲ့ လုပ်စားအတွေးအခေါ်ဟာ လုံးဝကျဆုံးခဲ့ပြီဆိုတာ သတိချပ်စေလိုတယ်” လို့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ပြောပါတယ်။

စစ်မြေပြင်ရောက်မှ သုံ့ပန်းအဖြစ် မဖမ်းလိုပါဘူး အသက်သာမက ဘဝ၊ ဂုဏ်သိက္ခါကိုလည်း ဒီထက်ပိုပြီး အသိအမှတ်ပြု လေးစားလိုတယ်တယ်လို့လည်း သူကပြောဆိုထားပါတယ်။

ယူနီေဖာင္းဝတ္ၿပီး လူေတာတိုးရဲသလား ရပ္ထဲ႐ြာထဲ သြားရဲသလား မိဘရပ္ထံ ျပန္ရဲသလားလို႔ စစ္ေကာင္စီလက္ေအာက္ခံေတြကို ဦးရည္မြန္ ေမးခြန္းထုတ္
C8 News
ရန္ကုန္၊ဇန္နဝါရီ(၅)
ယူနီေဖာင္းဝတ္ၿပီး လူေတာတိုးရဲသလား ရပ္ထဲ႐ြာထဲ သြားရဲသလား မိဘရပ္ထံ ျပန္ရဲသလားလို႔ စစ္အုပ္စုလက္ေအာက္ခံ တပ္မႈးတပ္သားေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ျပည္ေထာင္စုဝန္ႀကီး ဦးရည္မြန္ ေမးခြန္းထုတ္ေျပာဆိုလိုက္ပါတယ္။
မေန႔က(ဇန္နဝါရီ၄) ၇၆ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔မွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးရည္မြန္ ကစစ္အုပ္စုလက္ေအာက္ခံ တပ္မႈးတပ္သားေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြကို အထူးအသိေပးႏႈိးေဆာ္ခ်က္ ထုတ္ျပန္ခ်ိန္မွာ ေရးသားထားတာပါ။
“တပ္မေတာ္တစ္ခုရဲ႕ အဓိကတာဝန္ဟာ ႏိုင္ငံနဲ႔ ျပည္သူကို အကာအကြယ္ေပးဖို႔ ျဖစ္တယ္။ စစ္အာဏာရွင္ကို အကာအကြယ္ေပးဖို႔ မဟုတ္ဘူး၊ ခင္ဗ်ားတို႔ ယူနီေဖာင္းဝတ္ၿပီး လူေတာတိုးရဲသလား ရပ္ထဲ႐ြာထဲ သြားရဲသလား မိဘရပ္ထံ ျပန္ရဲသလား၊ဗိုလ္ခ်ဳပ္ေအာင္ဆန္း ထူေထာင္ခဲ့တဲ့ ျပည္သူ႔ခ်စ္တပ္မေတာ္ဟာ ဒီကေန႔ေတာ့ ျပည္သူ႔တံေတြးခြက္ထဲ ေမ်ာခဲ့ၿပီ၊ ျပည္သူက ခင္ဗ်ားတို႔ကို စစ္ေခြး ရဲေခြးလို႔ ေခၚၾကတာ အေၾကာင္းမဲ့ မဟုတ္ဘူး” လို႔သူကေျပာပါတယ္။
ေႏြဦးေတာ္လွန္ေရးဟာ စစ္အာဏာရွင္စနစ္ကို တိုက္ဖ်က္ေနတာျဖစ္ၿပီး လူကိုတိုက္တာမဟုတ္တဲ့အတြက္ စစ္အာဏာရွင္ခိုင္းတာကိုလုပ္ေဆာင္ေနတာဟာ ပ်က္စီးေစတဲ့ လမ္းေၾကာင္းျဖစ္တယ္လို႔ ဦးရည္မြန္ကေျပာပါတယ္။
” ခင္ဗ်ားတို႔ အျမင္မွန္ရဖို႔ အခ်ိန္ေရာက္ေနၿပီ၊စစ္အုပ္စုကို သစၥာခံၿပီး စစ္အာဏာရွင္ကို အကာအကြယ္ေပးေနတဲ့အလုပ္ကို ရပ္တန္းက ရပ္ဖို႔ အခ်ိန္ေရာက္လာၿပီ၊ ခင္ဗ်ားတို႔လက္မွာ ျပည္သူ႔ေသြး ထပ္မစြန္းပါေစေတာ့နဲ႔၊ စစ္အာဏာရွင္ ခိုင္းသမွ် နာခံေနျခင္းဟာ ခင္ဗ်ားတို႔ အသက္ေတြ ၊ ဘဝေတြ အခ်ီးႏွီး ပ်က္စီးမႈနဲ႔ပဲ လမ္းဆုံးလိမ့္မယ္ဆိုတာ သတိခ်ပ္ေစလိုတယ္၊ ျပည္ေထာင္စု ၿပိဳကြဲမွာစိုးတယ္ဆိုတဲ့ ေျခာက္လုံးနဲ႔ တိုင္းရင္းသားျပည္သူအေပၚ ဂုတ္ခြစီးၿပီး အခြင့္ထူးခံေနတဲ့ လုပ္စားအေတြးအေခၚဟာ လုံးဝက်ဆုံးခဲ့ၿပီဆိုတာ သတိခ်ပ္ေစလိုတယ္” လို႔ ျပည္ေထာင္စုဝန္ႀကီး ဦးရည္မြန္ ေျပာပါတယ္။
စစ္ေျမျပင္ေရာက္မွ သုံ႔ပန္းအျဖစ္ မဖမ္းလိုပါဘူး အသက္သာမက ဘဝ၊ ဂုဏ္သိကၡါကိုလည္း ဒီထက္ပိုၿပီး အသိအမွတ္ျပဳ ေလးစားလိုတယ္တယ္လို႔လည္း သူကေျပာဆိုထားပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *