စခရဲ့နိဂုံးချုပ်မယ့် အကြိုနေ့ရက်တွေ ဖြစ်ပြီ

စစ်အာဏာရှင်စနစ်နိဂုံးချုပ်မယ့် အကြိုနေ့ရက်တွေ ဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေအတွက် ညီနောင်မဟာမိတ်သုံးဖွဲ့က ပေးအပ်တဲ့ အကောင်းဆုံးသော နှစ်သစ်လက်ဆောင်မွန်ကောင်းဟု ယုံကြည်ကြောင်း အသိပေး

၆ ဇန်နဝါရီ ||| နွေဦးအသံ |||

၁၀၂၇ စစ်ဆင်ရေး ၇၁ ရက်မြောက်နေ့တွင် ကိုးကန့်ဒေသ၊ လောက်ကိုင်တခွင်လုံးမှာ အကြမ်းဖက် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီ ဖြစ်ပြီး ဒီမြင်ကွင်းက စစ်အာဏာရှင်စနစ်နိဂုံးချုပ်မယ့် အကြိုနေ့ရက်တွေပဲ ဖြစ်တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၅ ရက်မှာ တရားဝင် သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဒကစ (လောက်ကိုင်) တခုလုံး အပါအဝင် အနီးဝန်းကျင်ရှိ တပ်ရင်းစခန်းအားလုံးတို့မှ “ခွေးတကောင်၊ ကြောင်တမြီး” ပါမကျန်အောင် နှစ်ထောင်ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးက ဇန်နဝါရီ ၅ ရက်မှာ MNDAA ထံလက်နက်ချ အညံ့ခဲ့ကြတာကြောင့် ကိုးကန့်ဒေသတခုလုံး စကစ ကင်းစင်နယ်မြေ အဖြစ်သို့ ရောက်ရှိခဲ့တာပါ။

ဒီဖြစ်ရပ်ဟာ မြန်မာပြည်သူပြည်သားတွေအတွက် ညီနောင်မဟာမိတ်သုံးဖွဲ့က ပေးအပ်တဲ့ အကောင်းဆုံးသော နှစ်သစ်လက်ဆောင်မွန်ကောင်းဖြစ်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ပြီး ဆက်လက်ပြီး ယခုထက် ကောင်းမွန်လှပပြည့်စုံပြီး အနှစ်သာရအရှိဆုံးသော လက်ဆောင်မွန်ကောင်းတွေကို ထပ်မံပေးအပ်နိုင်ရန်အတွက် အကောင်းဆုံးကြိုးစားနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က လေးစားစွာ အသိပေးကြေညာထားတာ တွေ့ရပါတယ်။

စစ္အာဏာရွင္စနစ္နိဂုံးခ်ဳပ္မယ့္ အႀကိဳေန႔ရက္ေတြ ျဖစ္ၿပီး ျမန္မာျပည္သူျပည္သားေတြအတြက္ ညီေနာင္မဟာမိတ္သုံးဖြဲ႕က ေပးအပ္တဲ့ အေကာင္းဆုံးေသာ ႏွစ္သစ္လက္ေဆာင္မြန္ေကာင္းဟု ယုံၾကည္ေၾကာင္း အသိေပး
၆ ဇန္နဝါရီ ||| ေႏြဦးအသံ |||
၁၀၂၇ စစ္ဆင္ေရး ၇၁ ရက္ေျမာက္ေန႔တြင္ ကိုးကန႔္ေဒသ၊ ေလာက္ကိုင္တခြင္လုံးမွာ အၾကမ္းဖက္ “စစ္ေကာင္စီ ကင္းစင္သည့္နယ္ေျမ’ ျဖစ္ခဲ့ၿပီ ျဖစ္ၿပီး ဒီျမင္ကြင္းက စစ္အာဏာရွင္စနစ္နိဂုံးခ်ဳပ္မယ့္ အႀကိဳေန႔ရက္ေတြပဲ ျဖစ္တယ္လို႔ ညီေနာင္မဟာမိတ္သုံးဖြဲ႕က ဇန္နဝါရီ ၅ ရက္မွာ တရားဝင္ သတင္းထုတ္ျပန္ထားတာ ေတြ႕ရပါတယ္။
ဒကစ (ေလာက္ကိုင္) တခုလုံး အပါအဝင္ အနီးဝန္းက်င္ရွိ တပ္ရင္းစခန္းအားလုံးတို႔မွ “ေခြးတေကာင္၊ ေၾကာင္တၿမီး” ပါမက်န္ေအာင္ ႏွစ္ေထာင္ေက်ာ္ရွိတဲ့ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္အားလုံးက ဇန္နဝါရီ ၅ ရက္မွာ MNDAA ထံလက္နက္ခ် အညံ့ခဲ့ၾကတာေၾကာင့္ ကိုးကန႔္ေဒသတခုလုံး စကစ ကင္းစင္နယ္ေျမ အျဖစ္သို႔ ေရာက္ရွိခဲ့တာပါ။
ဒီျဖစ္ရပ္ဟာ ျမန္မာျပည္သူျပည္သားေတြအတြက္ ညီေနာင္မဟာမိတ္သုံးဖြဲ႕က ေပးအပ္တဲ့ အေကာင္းဆုံးေသာ ႏွစ္သစ္လက္ေဆာင္မြန္ေကာင္းျဖစ္လိမ့္မယ္လို႔ အျပည့္အဝ ယုံၾကည္ၿပီး ဆက္လက္ၿပီး ယခုထက္ ေကာင္းမြန္လွပျပည့္စုံၿပီး အႏွစ္သာရအရွိဆုံးေသာ လက္ေဆာင္မြန္ေကာင္းေတြကို ထပ္မံေပးအပ္ႏိုင္ရန္အတြက္ အေကာင္းဆုံးႀကိဳးစားေနတယ္လို႔ ညီေနာင္မဟာမိတ္သုံးဖြဲ႕က ေလးစားစြာ အသိေပးေၾကညာထားတာ ေတြ႕ရပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *