မဲလုံးထွက်လာပြန်ပြီး ငိုသံကြီးနဲ့

လက်နက်ကိုင်ပဋိပက္ခကို အမြန်ဆုံးချုပ်ငြိမ်းနိုင်ရန် လောက်ကိုင်ကို လက်လွှတ်လိုက်ရဟု စစ်ကောင်စီ ပြော

ဇန်နဝါရီ ၆ ရက်

လောက်ကိုင်(ဒကစ)တစ်ခုလုံး လက်နက်ချအညံ့ခံ သွားသည့်ဖြစ်ရပ်နှင့်ပတ်သက်ပြီး လက်နက်ကိုင် ပဋိ ပက္ခကို အမြန်ဆုံးချုပ်ငြိမ်းနိုင်ရန် လက်လွှတ်လိုက်ရ ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယမန်နေ့ ဇန်နဝါရီ ၅ ရက်နေ့က လောက်ကိုင်ဒကစ အတွင်းရှိ စစ်ကောင်စီတပ်သားများနှင့် စစ်ကူရောက် ရှိနေသည့် တပ်ရင်းများ၊ ပြည်သူ့စစ်များပါမကျန် မဟာမိတ်အဖွဲ့ထံ လက်နက်ချသွားသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်ထွန်းက ပြည်တွင်း မီဒီယာတစ်ခုတွင် ပြောကြားထားသည်။

“တပ်မတော်အနေနဲ့ လောက်ကိုင်အခြေအနေနဲ့ပတ်သက်ပြီး အဖက်ဖက်ကစဉ်းစားခဲ့ပါတယ်။ စဉ်းစားခဲ့ တဲ့နေရာမှာ နံပါတ်တစ်အနေနဲ့ မိသားစု၀င်များရဲ့လုံ ခြုံရေးကို စဉ်းစားပါတယ်။ လောက်ကိုင်ဒေသမှာက တပ်မတော်သားအပြင် တပ်မတော်သားတွေရဲ့ မိသား စု၀င်တွေနေထိုင်တာဖြစ်တယ်။ မိသားစု၀င်တွေရဲ့လုံ ခြုံရေးကို ဦးစားပေးစဉ်းစားခဲ့ပါတယ်”ဟု ၎င်းကပြောဆိုခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ စစ်ကောင်စီက ၎င်းတို့၏ တပ်နှင့်တပ်မိသားစု၀င်များကို အလေးထားပြီး လောက်ကိုင် မြို့ကို လက်လွှတ်လိုက်ရသည်ဟု ဖြေကြားထားသော်လည်း ဒကစတစ်ခုလုံး အညံ့မခံခင်က လောက်ကိုင် မြို့အတွင်းရှိ ပြည်သူများကိုပစ်မှတ်ထား၍ ဓာတုအဆိပ်ဗုံးကိုပါ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း စစ်ရေး သတင်းထုတ်ပြန်ချက် များအရ သိရသည်။

ထို့အပြင် မြန်မာ နိုင်ငံလွတ်လပ်ရေးရသည်မှာ ၇၆ နှစ်ရှိပြီဖြစ်သော်လည်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် တိုးတက်မှုမရှိသည့်အတွက် လက်နက်ကိုင်ပဋိပက္ခကို အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေး ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံနှင့် ဆောင်ရွက်လျက်ရှိသည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

လက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းချင်သည်ဆိုသည့် စစ်ကောင်စီက လားရှိုးအခြေစိုက် ၆၈ ဂိတ်တပ်စခန်း မှနေ့၍ ယမန်နေ့ ၅ ရက်နေ့က ဟိုလောင်ကျေးရွာ၊ ပန်ဟုံကျေးရွာနှင့် ကုန်းညောင်ကျေးရွာများသို့ လက်နက် ကြီးဖြင့် ၄၈ ကြိမ်တိုင် ပစ်ခတ်ခဲ့ပြီး မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်မှလည်း ညောင်ကုန်းကျေးရွာသို့ လက် နက်ကြီး၊ ဂျက်ဖိုက်တာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းနေ့တစ်ရက်တည်းမှာပင် လားရှိုး၊ နမ္မတူ၊ သိန္နီ နှင့် ချင်းပြည်နယ် ပလက်၀၊ ရခိုင်ရှိ ကျောက်တော်၊ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များရှိ အရပ်သားပြည်သူများကို လေကြောင်းမှ ‌ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက္နက္ကိုင္ပဋိပကၡကို အျမန္ဆုံးခ်ဳပ္ၿငိမ္းႏိုင္ရန္ ေလာက္ကိုင္ကို လက္လႊတ္လိုက္ရဟု စစ္ေကာင္စီ ေျပာ
ဇန္နဝါရီ ၆ ရက္
ေလာက္ကိုင္(ဒကစ)တစ္ခုလုံး လက္နက္ခ်အညံ့ခံ သြားသည့္ျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး လက္နက္ကိုင္ ပဋိ ပကၡကို အျမန္ဆုံးခ်ဳပ္ၿငိမ္းႏိုင္ရန္ လက္လႊတ္လိုက္ရ ျခင္းျဖစ္သည္ဟု စစ္ေကာင္စီ၏ေျပာေရးဆိုခြင့္ရွိသူက ေျပာသည္။
ယမန္ေန႔ ဇန္နဝါရီ ၅ ရက္ေန႔က ေလာက္ကိုင္ဒကစ အတြင္းရွိ စစ္ေကာင္စီတပ္သားမ်ားႏွင့္ စစ္ကူေရာက္ ရွိေနသည့္ တပ္ရင္းမ်ား၊ ျပည္သူ႔စစ္မ်ားပါမက်န္ မဟာမိတ္အဖြဲ႕ထံ လက္နက္ခ်သြားသည့္ကိစၥႏွင့္ပတ္သက္ၿပီး စစ္ေကာင္စီ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္ထြန္းက ျပည္တြင္း မီဒီယာတစ္ခုတြင္ ေျပာၾကားထားသည္။
“တပ္မေတာ္အေနနဲ႔ ေလာက္ကိုင္အေျခအေနနဲ႔ပတ္သက္ၿပီး အဖက္ဖက္ကစဥ္းစားခဲ့ပါတယ္။ စဥ္းစားခဲ့ တဲ့ေနရာမွာ နံပါတ္တစ္အေနနဲ႔ မိသားစု၀င္မ်ားရဲ႕လုံ ၿခဳံေရးကို စဥ္းစားပါတယ္။ ေလာက္ကိုင္ေဒသမွာက တပ္မေတာ္သားအျပင္ တပ္မေတာ္သားေတြရဲ႕ မိသား စု၀င္ေတြေနထိုင္တာျဖစ္တယ္။ မိသားစု၀င္ေတြရဲ႕လုံ ၿခဳံေရးကို ဦးစားေပးစဥ္းစားခဲ့ပါတယ္”ဟု ၎ကေျပာဆိုခဲ့ျခင္းျဖစ္သည္။
ယခုကဲ့သို႔ စစ္ေကာင္စီက ၎တို႔၏ တပ္ႏွင့္တပ္မိသားစု၀င္မ်ားကို အေလးထားၿပီး ေလာက္ကိုင္ ၿမိဳ႕ကို လက္လႊတ္လိုက္ရသည္ဟု ေျဖၾကားထားေသာ္လည္း ဒကစတစ္ခုလုံး အညံ့မခံခင္က ေလာက္ကိုင္ ၿမိဳ႕အတြင္းရွိ ျပည္သူမ်ားကိုပစ္မွတ္ထား၍ ဓာတုအဆိပ္ဗုံးကိုပါ အသုံးျပဳတိုက္ခိုက္ခဲ့ေၾကာင္း စစ္ေရး သတင္းထုတ္ျပန္ခ်က္ မ်ားအရ သိရသည္။
ထို႔အျပင္ ျမန္မာ ႏိုင္ငံလြတ္လပ္ေရးရသည္မွာ ၇၆ ႏွစ္ရွိၿပီျဖစ္ေသာ္လည္း ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡေၾကာင့္ တိုးတက္မႈမရွိသည့္အတြက္ လက္နက္ကိုင္ပဋိပကၡကို အျမန္ဆုံးခ်ဳပ္ၿငိမ္းႏိုင္ေရး ျဖစ္ႏိုင္သည့္ နည္းလမ္းေပါင္းစုံႏွင့္ ေဆာင္႐ြက္လ်က္ရွိသည္ဟု စစ္ေကာင္စီေျပာေရးဆိုခြင့္ရွိသူက ဆိုသည္။
လက္နက္ကိုင္ပဋိပကၡကို ခ်ဳပ္ၿငိမ္းခ်င္သည္ဆိုသည့္ စစ္ေကာင္စီက လားရႈိးအေျခစိုက္ ၆၈ ဂိတ္တပ္စခန္း မွေန႔၍ ယမန္ေန႔ ၅ ရက္ေန႔က ဟိုေလာင္ေက်း႐ြာ၊ ပန္ဟုံေက်း႐ြာႏွင့္ ကုန္းေညာင္ေက်း႐ြာမ်ားသို႔ လက္နက္ ႀကီးျဖင့္ ၄၈ ႀကိမ္တိုင္ ပစ္ခတ္ခဲ့ၿပီး မိုးမိတ္ၿမိဳ႕ရွိ စစ္ေကာင္စီတပ္မွလည္း ေညာင္ကုန္းေက်း႐ြာသို႔ လက္ နက္ႀကီး၊ ဂ်က္ဖိုက္တာမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ညီေနာင္မဟာမိတ္သုံးဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းေန႔တစ္ရက္တည္းမွာပင္ လားရႈိး၊ နမၼတူ၊ သိႏၷီ ႏွင့္ ခ်င္းျပည္နယ္ ပလက္၀၊ ရခိုင္ရွိ ေက်ာက္ေတာ္၊ စစ္ေတြ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္ၿမိဳ႕နယ္မ်ားရွိ အရပ္သားျပည္သူမ်ားကို ေလေၾကာင္းမွ ‌ဗုံးႀကဲတိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *