သေချာပုန်းလေ ခုတော့မွှင်းခါးတွေဖြစ်ကုန်ပြီ

မတ္တရာနယ်ကျောက်တံတားရွာဇရပ်အတွင်းကင်းပုန်းဝပ်နေတဲ့ စစ်သားတွေမိုင်းဆွဲခံရလို့ ၃ယောက်သေ

ဇန်နဝါရီ ၆ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်လမ်းပိုင်းပေါ်က ကျောက်တံတားရွာဇရပ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ပြောခွင့်ရသူကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။

ယနေ့မနက် ၃နာရီခွဲအချိန်မှာ မိုင်းကွင်းအတွင်းကစစ်သား၅ယောက်ကို အပိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား၃ယောက်သေ၊ ၂ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။

“မိုင်းဆွဲလိုက်တော့ စခ၅ယောက်ရှိတယ်၊ပုံမှန်ဆိုရင် စစ်သားတွေကကင်းပတ်နေကြတာညတိုင်းပေါ့ အခုကမိုင်းဆွဲလိုက်တော့ ၃ကောင်သေ၊ ၂ကောင်ဒဏ်ရာရသွားတယ်”လို့ပြောခွင့်ရသူကပြောပါတယ်။

မတ္တရာမျိုးမှန်တပ်ဖွဲ့အနေဖြင့် ယနေ့အချိန်အထိ စစ်ဆင်ရေးပေါင်း (၉၅) ခု ဖော်ဆောင်ထားနိုင်ပြီး စစ်ဆင်ရေးများအတွင်း ရန်သူ (၂၄၇) ဦးကျော် ရှင်းလင်းနိုင်ခဲ့ကာ

စစ်ဆင်ရေးများနှင့်ပတ်သက်သော အချက်အလက်များကိုလည်း စနစ်တကျ မှတ်တမ်းတင် ထိန်းသိမ်းထားရှိထားတယ်လို့ဆိုပါတယ်။

မတၱရာနယ္ေက်ာက္တံတား႐ြာဇရပ္အတြင္းကင္းပုန္းဝပ္ေနတဲ့ စစ္သားေတြမိုင္းဆြဲခံရလို႔ ၃ေယာက္ေသ
ဇန္နဝါရီ ၆ ရက္
မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္၊ မႏၲေလး-မိုးကုတ္လမ္းပိုင္းေပၚက ေက်ာက္တံတား႐ြာဇရပ္မွာ ကင္းပုန္းဝပ္ေနတဲ့ စစ္သားေတြကို မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ ထိခိုက္ေသဆုံးမႈေတြရွိခဲ့တယ္လို႔ မတၱရာမ်ိဳးမွန္တပ္ဖြဲ႕ေျပာခြင့္ရသူကေသာင္ရင္းသတင္းလႊာကိုေျပာပါတယ္။
ယေန႔မနက္ ၃နာရီခြဲအခ်ိန္မွာ မိုင္းကြင္းအတြင္းကစစ္သား၅ေယာက္ကို အပိုင္မိုင္းဆြဲတိုက္ခိုက္ခဲ့ရာမွာ စစ္သား၃ေယာက္ေသ၊ ၂ေယာက္ထိခိုက္ဒဏ္ရာရသြားတယ္လို႔ဆိုပါတယ္။
“မိုင္းဆြဲလိုက္ေတာ့ စခ၅ေယာက္ရွိတယ္၊ပုံမွန္ဆိုရင္ စစ္သားေတြကကင္းပတ္ေနၾကတာညတိုင္းေပါ့ အခုကမိုင္းဆြဲလိုက္ေတာ့ ၃ေကာင္ေသ၊ ၂ေကာင္ဒဏ္ရာရသြားတယ္”လို႔ေျပာခြင့္ရသူကေျပာပါတယ္။
မတၱရာမ်ိဳးမွန္တပ္ဖြဲ႕အေနျဖင့္ ယေန႔အခ်ိန္အထိ စစ္ဆင္ေရးေပါင္း (၉၅) ခု ေဖာ္ေဆာင္ထားႏိုင္ၿပီး စစ္ဆင္ေရးမ်ားအတြင္း ရန္သူ (၂၄၇) ဦးေက်ာ္ ရွင္းလင္းႏိုင္ခဲ့ကာ
စစ္ဆင္ေရးမ်ားႏွင့္ပတ္သက္ေသာ အခ်က္အလက္မ်ားကိုလည္း စနစ္တက် မွတ္တမ္းတင္ ထိန္းသိမ္းထားရွိထားတယ္လို႔ဆိုပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *