တေတာကလွဲပြီး ဘာမှမဖြစ်ပါစေနဲ့

ပဲနွယ်ကုန်းတိုက်ပွဲတွင် ရှေ့တန်းတပ်များကို ဦးစီး ကွပ်ကဲရသော တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း၊ ဒုဗိုလ်မှူးကြီး မင်းထင်အောင် ဗုံးထိမှန် ဒဏ်ရာရရှိပြီး ဗုံးစ ထုတ်မရ

ဇန်နဝါရီ ၈ ရက်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှစတင်၍ တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲတွင် ရှေ့တန်းတပ်များကို ဦးစီးကွပ်ကဲရသော တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း၊ ဒုဗိုလ်မှူးကြီး မင်းထင်အောင် ဗုံးစထိမှန် ဒဏ်ရာရရှိပြီး ဗုံးအစ ကိုယ်ခန္ဓာထဲဝင် စိုက်ဝင်နေမှု ထုတ်မရဖြစ်နေကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှစတင်ပြီး ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို KNLA တပ်များနှင့် PDF တပ်များ က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် တော်လှန်ရေးတပ်များက နတ်သံကွင်းနှင့်ကပ်လျက် ပဲနွယ်ကုန်းမြို့အထိပါ ချီတက်လာရာ စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်၍ ပဲနွယ်ကုန်းမြို့တိုက်ပွဲ အလွန်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်များက လေယာဉ်များဖြင့် နေ့စဉ် ရက်ဆက် ဗုံးကျဲ ချခဲ့ကြောင်း ၊ ပဲနွယ်ကုန်းတိုက်ပွဲတွင် စစ်တပ်ကဘက်မှ ရှေ့တန်းတပ်များကို ဦးစီးကွပ်ကဲရသော တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း၊ ဒုဗိုလ်မှူးကြီး မင်းထင်အောင် ဗုံးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“တောင်ငူ ဂျီဝမ်း ဒုမှူးကြီး မင်းထင်အောင် ပဲနွယ်ကုန်း တိုက်ပွဲ ဗုံးထိတယ်။ ခေါင်း မျက်နှာ ခန္ဓာကိုယ် အနှံ့ ဒဏ်ရာရ ခန္ဓာကိုယ်ထဲ ကဗုံးစထုတ်မရသေးဘူး။ သူက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အရေးပါတယ်။ ရှေ့တန်း စစ်မြေပြင်နဲ့ တပ်တွေကို ဦးစီးကွပ်ကဲရတဲ့သူ အခုတော့ ဒဏ်ရာနဲ့ အတော် အခြေအနေမကောင်းဘူးလို့ သိရပါတယ်” ဟု တပ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ပဲခူးတိုင်းတွင် ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူးမြို့နယ်အထိပါ တော်လှန်ရေးတပ်များက ထိုးစစ် ဆင်မှုများ လုပ်ဆောင်လာပြီး ရန်ကုန်နှင့် မိုင် ၁၀၀ ကျော်သာ ကွာဝေးသော ကညွတ်ကွင်းတွင်ပါ ထိုးစစ်ဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပဲခူးတိုင်းကို ကွင်းဆင်းစစ်ဆေးနေသော ဒုတိယဗိုလ်မှူးကြီး မင်းထင်အောင်။ (၂၀၂၂ ခုနှစ် ပုံအဟောင်းဖြစ်ပါသည်။

ပဲႏြယ္ကုန္းတိုက္ပြဲတြင္ ေရွ႕တန္းတပ္မ်ားကို ဦးစီး ကြပ္ကဲရေသာ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ စစ္ဦးစီးမႉး ပထမတန္း၊ ဒုဗိုလ္မႉးႀကီး မင္းထင္ေအာင္ ဗုံးထိမွန္ ဒဏ္ရာရရွိၿပီး ဗုံးစ ထုတ္မရ
ဇန္နဝါရီ ၈ ရက္
ပဲခူးတိုင္း၊ ေညာင္ေလးပင္ခ႐ိုင္၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ ပဲႏြယ္ကုန္းၿမိဳ႕တြင္ ဒီဇင္ဘာလ ၂၇ ရက္ေန႔မွစတင္၍ တိုက္ပြဲမ်ား အျပင္း အထန္ျဖစ္ပြားခဲ့ၿပီး ယင္းတိုက္ပြဲတြင္ ေရွ႕တန္းတပ္မ်ားကို ဦးစီးကြပ္ကဲရေသာ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ စစ္ဦးစီးမႉး ပထမတန္း၊ ဒုဗိုလ္မႉးႀကီး မင္းထင္ေအာင္ ဗုံးစထိမွန္ ဒဏ္ရာရရွိၿပီး ဗုံးအစ ကိုယ္ခႏၶာထဲဝင္ စိုက္ဝင္ေနမႈ ထုတ္မရျဖစ္ေနေၾကာင္း သိရွိရသည္။
၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလ ၂၆ ရက္ေန႔မွစတင္ၿပီး ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ နတ္သံကြင္းၿမိဳ႕ကို KNLA တပ္မ်ားႏွင့္ PDF တပ္မ်ား က ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း၊ ယင္းေနာက္ ေတာ္လွန္ေရးတပ္မ်ားက နတ္သံကြင္းႏွင့္ကပ္လ်က္ ပဲႏြယ္ကုန္းၿမိဳ႕အထိပါ ခ်ီတက္လာရာ စစ္ေကာင္စီတပ္မ်ားႏွင့္ ေတာ္လွန္ေရးတပ္မ်ားအၾကား အျပင္းအထန္ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း၊ ဒီဇင္ဘာလ ၂၉ ရက္ေန႔မွစတင္၍ ပဲႏြယ္ကုန္းၿမိဳ႕တိုက္ပြဲ အလြန္ျပင္းထန္ခဲ့ၿပီး စစ္ေကာင္စီတပ္မ်ားက ေလယာဥ္မ်ားျဖင့္ ေန႔စဥ္ ရက္ဆက္ ဗုံးက်ဲ ခ်ခဲ့ေၾကာင္း ၊ ပဲႏြယ္ကုန္းတိုက္ပြဲတြင္ စစ္တပ္ကဘက္မွ ေရွ႕တန္းတပ္မ်ားကို ဦးစီးကြပ္ကဲရေသာ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ စစ္ဦးစီးမႉး ပထမတန္း၊ ဒုဗိုလ္မႉးႀကီး မင္းထင္ေအာင္ ဗုံးထိမွန္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။
“ေတာင္ငူ ဂ်ီဝမ္း ဒုမႉးႀကီး မင္းထင္ေအာင္ ပဲႏြယ္ကုန္း တိုက္ပြဲ ဗုံးထိတယ္။ ေခါင္း မ်က္ႏွာ ခႏၶာကိုယ္ အႏွံ႔ ဒဏ္ရာရ ခႏၶာကိုယ္ထဲ ကဗုံးစထုတ္မရေသးဘူး။ သူက ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွာ အေရးပါတယ္။ ေရွ႕တန္း စစ္ေျမျပင္နဲ႔ တပ္ေတြကို ဦးစီးကြပ္ကဲရတဲ့သူ အခုေတာ့ ဒဏ္ရာနဲ႔ အေတာ္ အေျခအေနမေကာင္းဘူးလို႔ သိရပါတယ္” ဟု တပ္ဘက္သတင္းရင္းျမစ္က ေျပာဆိုသည္။
ပဲခူးတိုင္းတြင္ ေက်ာက္ႀကီး၊ ေက်ာက္တံခါး၊ ျဖဴးၿမိဳ႕နယ္အထိပါ ေတာ္လွန္ေရးတပ္မ်ားက ထိုးစစ္ ဆင္မႈမ်ား လုပ္ေဆာင္လာၿပီး ရန္ကုန္ႏွင့္ မိုင္ ၁၀၀ ေက်ာ္သာ ကြာေဝးေသာ ကၫြတ္ကြင္းတြင္ပါ ထိုးစစ္ျဖင့္ တိုက္ခိုက္မႈမ်ား လုပ္ေဆာင္လာေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ပဲခူးတိုင္းကို ကြင္းဆင္းစစ္ေဆးေနေသာ ဒုတိယဗိုလ္မႉးႀကီး မင္းထင္ေအာင္။ (၂၀၂၂ ခုႏွစ္ ပုံအေဟာင္းျဖစ္ပါသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *