အဘ ကျွန်နော့်ကိုလာခေါ်ပေးအုန်း ဟားဟားဟား(ရုပ်သံ)

အုတ်ဖိုမြို့မှာ အကြမ်းဖက်စစ်သားတွေ ကိုယ်တိုင်ဦးဆောင်ပြုလုပ်တဲ့ လောင်းကစားဝိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း

ပျူစောထီးခေါင်းဆောင်အပါအဝင် ပျူ ၄ ဉီးနဲ့ စစ်သား ၁ ဉီးသေဆုံး (ရုပ်/သံ)

ဇန်နဝါရီ ၈ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မြောင်ကျေးရွာမှာ အကြမ်းဖက်စစ်သားတွေ ကိုယ်တိုင်ဦးဆောင်ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို မြေအောက် ပြောက်ကျားတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင်အပါအဝင် ပျူ ၄ ဉီးနဲ့ စစ်သား ၁ ဉီးသေဆုံးသွားတယ်လို့ မြောက်အောက်ပျောက်ကျားတပ်ဖွဲ့ (အုတ်ဖို)မှ အသိပေးထုတ်ပြန်လာ ပါတယ်။

ဇန်နဝါရီလ ၇ရက်နေ့၊ နေ့လည် ၂နာရီမှာ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) ၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ရဲဘော်တွေက ရှောင်တခင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ် နီးပါးကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

“ဝိုင်းကကြီးတယ်၊ ကြေးလည်းကြီးတယ်၊ ပျူစောထီးတွေကြီးပဲ ဆော့နေကြတာ၊ သူတို့ဘက်က တော်တော်အထိနာသွားတာ၊ စခတွေက အဲ့ဒီအုပ်ကြီးအိမ်မှာက အဝင်အထွက်အမြဲရှိတယ်၊ စခတွေက uniform တောင်ချွတ်ပြီးနေနေတာ၊ ပြီးတော့ ပစ်တဲ့နေရာက ခမရ (၆) (တိမ်မြုပ်စစ်တပ်) နဲ့ ဆိုင်ကယ်နဲ့သွားရင် ၁၅ မိနစ်လောက်ပဲ ဝေးတာ၊ အဲ့တာကို တစ်ကောင်မှ မထွက်လာမကူဘူး၊ မိုင်းဆွဲခံထိမှာကြောက်လို့” ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) တပ်ခွဲမှူး ရဲဘော်ဒေဝ ကမောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုအပြီး ခမရ ၆ မှ ဗိုလ် ၁ ဉီးက ပျူစောထီးခေါင်းဆောင်ကို ဖုန်းဆက်ပြီး အကျိုးအ ကြောင်းမေးမြန်းခဲ့ရာ တော်လှန်ရေးရဲဘော် ၁ ဉီးက ဟန်ဆောင်ဖြေကြားခဲ့တဲ့ ဗီဒီယိုဖိုင်ကို ရရှိ ခဲ့ပါတယ်။

လောင်းကစားဝိုင်းမှ လက်လုပ်သေနတ် (၂) လက်၊ လက်ပစ်ဗုံး (၂) လုံး၊ လက်ကောက်နှင့် ဆွဲကြိုးထည့်ထားတဲ့ ကော်ဗူး (၁) ခု၊ မိုလ်ဘိုင်းဖုန်း (၃) လုံး၊ ငွေသား (၇၈၀၀၀) ကျပ်၊ စစ်ယူနီဖောင်း (၈) စုံ၊ နှင့် စာရွက်စာတန်းတချို့ (တာဝန်ပြောင်းတဲ့ စာရွက်စာတန်းနှင့် လောင်းကစားဝိုင်းတွေကို ခွင့်ပြုပေးထားတဲ့စာ) တွေကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။

+++++++++++++++++++++
ဇန်နဝါရီ ၈ ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *