မဂ်လာရှိလိုက်တာဖယ်ခုံသတင်းလေးက မြင်ကွင်းကလည်းလှ

ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံး၊ဖယ်ခုံ ရဲစခန်း အပါအဝင် ဌာနဆိုင်ရာ ရုံး အများစုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားရန်ကုန်၊ ဇန်နဝါရီ ၁၁ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်ပေါင်းစုက ၁၁၁၁ စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်‌ေးသဆုံးကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောသည်။ဖယ်ခုံမြို့မရဲစခန်းနှင့် စစ်ကောင်စီ ရုံးအများစုနှင့် စစ်တပ်တပ်စွဲထားသော ကုန်းဆုံဘုန်းကြီးကျောင်းကို ဇန်နဝါရီ ၈ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်သိမ်းပိုက်မှုကို ဖယ်ခုံ PDF တပ်ရင်းများအပါအဝင် တော်လှန်ရေးတပ်ပေါင်းစုများက တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောသည်။ဇန်နဝါရီလ ၈ ရက်နေ့ ဖယ်ခုံမြို့နယ်၊ ကုန်ဆုံဘုန်းကြီးကျောင်းတိုက်ပွဲတစ်ခုတည်းတွင်ပင် စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ သေဆုံးသော စစ်သား အလောင်းများကို စုပုံ၍ မီးရှို့သဂြိုလ်ပေးခဲ့ကြောင်း သိရှိရသည်။ တိုက်ပွဲအခြေအနေများနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိမှု အသေးစိတ်အခြေအနေများကို သက်ဆိုင်ရာ တော်လှန်ရေးတပ်ပေါင်းစုကနေ ထုတ်ပြန်သွားမည်ဟု သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *