ဒဗမှူးကြီးအောင်ဇော်လင်း အပါအဝင် စခ ၄ ဦးဆို့အောက်

ဘုတလင်တွင် ပြည်သူပိုင်ပစ္စည်းများကို လုယက်နေသည့် စစ်ကြောင်းကို တိုက်ခိုက်မှု တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဇော်လင်း အပါအဝင် စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများကို လုယက်နေ သည့် စစ်ကြောင်းကို တိုက်ခိုက်ရာ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဇော် လင်း အပါအဝင် စစ်သား ၄ ဦးသေဆုံးကြောင်း ကျောင်းသား လက်ရုံး တပ် တော် မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

ဇန်နဝါရီလ၊ ၇ ရက်နေ့ နံနက် ၉ နာရီ ၂ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ယုန်လှေးကုန်းကျေးရွာသို့ စီးနင်းဝင်ရောက်ပြီး ပြည်သူ ပိုင်ပစ္စည်းများကို စစ်တပ်က လုယက်သွားကြောင်း၊ အဆိုပါ စစ်ကြောင်း ဘုတလင်မြို့သို့ ပြန်လည်ထွက်ခွာစဉ် ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ မုံရွာခရိုင် တပ်ရင်း-၂၄၊ မြို့နယ်ပကဖ တို့ ပူးပေါင်း၍ သီးပင်အိုင်ကျေးရွာ အနောက်ဘက်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ၂၈မိနစ်ကြာ မြင့်ခဲ့ပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဇော်လင်း အပါအဝင် စစ်သား ၄ ဦးကျဆုံးခဲ့ပြီး ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး လက်နက်သိမ်းဆည်းရရှိမှု အခြေအနေကို မပြောလိုကြောင်း ကျောင်းသားလက်ရုံးတပ်တော်မှ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။

လတ်တလော ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်း (အပတ်စဥ်သစ်) အတွက် တပ်သားသစ် ခေါ်ယူနေပြီး ကျောင်းသား သမဂ္ဂ ခွပ်ဒေါင်းအလံတော် အောက်တွင် ကျောင်းသားလက်ရုံးတပ်တော်နှင့်အတူ တိုက်ပွဲဝင်မည့် အပတ်စဉ်သစ် ရဲဘော်များ စတင်လက်ခံစု‌ဆောင်းနေသဖြင့် ပါဝင်လိုသူများ ဆက်သွယ်နိုင်ကြောင်း ကျောင်းသားလက်ရုံးတပ်တော် တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။

ဘုတလင္တြင္ ျပည္သူပိုင္ပစၥည္းမ်ားကို လုယက္ေနသည့္ စစ္ေၾကာင္းကို တိုက္ခိုက္မႈ တပ္ရင္းမႉး ဒုဗိုလ္မႉးႀကီး ေအာင္ေဇာ္လင္း အပါအဝင္ စစ္သား ၄ ဦးေသဆုံး
ရန္ကုန္၊ ဇန္နဝါရီ ၁၁
စစ္ကိုင္းတိုင္း၊ ဘုတလင္ၿမိဳ႕နယ္တြင္ ျပည္သူပိုင္ပစၥည္းမ်ားကို လုယက္ေန သည့္ စစ္ေၾကာင္းကို တိုက္ခိုက္ရာ တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး ေအာင္ေဇာ္ လင္း အပါအဝင္ စစ္သား ၄ ဦးေသဆုံးေၾကာင္း ေက်ာင္းသား လက္႐ုံး တပ္ ေတာ္ မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆို သည္။
ဇန္နဝါရီလ၊ ၇ ရက္ေန႔ နံနက္ ၉ နာရီ ၂ မိနစ္အခ်ိန္ စစ္ကိုင္းတိုင္း၊ မုံ႐ြာခ႐ိုင္၊ ဘုတလင္ၿမိဳ႕နယ္၊ ယုန္ေလွးကုန္းေက်း႐ြာသို႔ စီးနင္းဝင္ေရာက္ၿပီး ျပည္သူ ပိုင္ပစၥည္းမ်ားကို စစ္တပ္က လုယက္သြားေၾကာင္း၊ အဆိုပါ စစ္ေၾကာင္း ဘုတလင္ၿမိဳ႕သို႔ ျပန္လည္ထြက္ခြာစဥ္ ေက်ာင္းသားလက္႐ုံးတပ္ေတာ္ (SAF) ၊ မုံ႐ြာခ႐ိုင္ တပ္ရင္း-၂၄၊ ၿမိဳ႕နယ္ပကဖ တို႔ ပူးေပါင္း၍ သီးပင္အိုင္ေက်း႐ြာ အေနာက္ဘက္တြင္ ေစာင့္ႀကိဳတိုက္ခိုက္ခဲ့ေၾကာင္း၊ တိုက္ပြဲမွာ ၂၈မိနစ္ၾကာ ျမင့္ခဲ့ၿပီး စစ္တပ္ဘက္မွ တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး ေအာင္ေဇာ္လင္း အပါအဝင္ စစ္သား ၄ ဦးက်ဆုံးခဲ့ၿပီး ၆ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။
ေတာ္လွန္ေရး ပူးေပါင္းတပ္ဖြဲ႕မွ ရဲေဘာ္ တစ္ဦး ထိခိုက္ဒဏ္ရာ (မစိုးရိမ္ရ) ရရွိခဲ့ၿပီး လက္နက္သိမ္းဆည္းရရွိမႈ အေျခအေနကို မေျပာလိုေၾကာင္း ေက်ာင္းသားလက္႐ုံးတပ္ေတာ္မွ တာဝန္ရွိသူက ဆက္လက္ရွင္းျပသည္။
လတ္တေလာ ေက်ာင္းသားလက္႐ုံးတပ္ေတာ္ အေျခခံစစ္ပညာသင္တန္း (အပတ္စဥ္သစ္) အတြက္ တပ္သားသစ္ ေခၚယူေနၿပီး ေက်ာင္းသား သမဂၢ ခြပ္ေဒါင္းအလံေတာ္ ေအာက္တြင္ ေက်ာင္းသားလက္႐ုံးတပ္ေတာ္ႏွင့္အတူ တိုက္ပြဲဝင္မည့္ အပတ္စဥ္သစ္ ရဲေဘာ္မ်ား စတင္လက္ခံစု‌ေဆာင္းေနသျဖင့္ ပါဝင္လိုသူမ်ား ဆက္သြယ္ႏိုင္ေၾကာင္း ေက်ာင္းသားလက္႐ုံးတပ္ေတာ္ တာဝန္ရွိသူက ရွင္းလင္းေျပာဆိုသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *