စားအုန်းဆီတိုးပြီးအပြန် အနီးကပ်နဲ့ အုပ်ကြီးသွာပြန်ပြီး

စားအုန်းဆီထုတ်ပြီး ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ညောင်ပင်ဝိုင်းကျေးရွာအနီး ကျေးရွာချင်းဆက်လမ်းပေါ်မှာ စားအုန်းဆီထုတ်ပြီး ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီကျော်မှာ အောင်လံမြို့နယ်ထွေအုပ်ရုံးက ထုတ်ပေးတဲ့ စားအုန်းဆီတွေကို ကျေးရွာမှာ ခွဲတမ်းနဲ့ ပြန်ရောင်းချပေးဖို့ ဆီသယ်ပြန်လာတဲ့ ကင်ပွန်းခြုံကျေးရွာမှ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် ၅၀ နှစ်ကျော်နဲ့ အဖော်အဖြစ်လိုက်လာတဲ့ ဦးမြင့်ရွှေ အသက် ၅၅ နှစ် တို့ကို သေနတ်သမားတွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“အုပ်ချုပ်ရေးမှူးကိုပဲ ရွေးပစ်သွားတာ။ သူနဲ့အဖော်လိုက်လာတဲ့ တယောက်ကိုတော့ဘာမှ မလုပ်သွားဘူး။ သေနတ်သမားတွေကလည်း သတင်းရလို့ လာစောင့်နေတာဖြစ်မယ်”လို့ ဒေသခံတဦးကပြောပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခံရလို့ ဦးဝင်းနိုင်မှာ ရင်ဘတ်နဲ့ဦးခေါင်းမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ဦးဝင်းနိုင်ဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သလို ရပ်ကျေးကြံ့ခိုင်ရေးပါတီဝင်တဦးလည်းဖြစ်ပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က ဘာကြောင့်ပစ်ခတ်တယ်ဆိုတာ မသိရသေးဘဲ သတင်းထုတ်ပြန်ထားတာလည်း မတွေ့ရသေးပါဘူး။

နိုဝင်ဘာ ၂၂ ရက်ကလည်း ဆင်ပေါင်ဝဲမြို့နယ်၊ ငါးရန့်ချောင်းကျေးရွာနေ အောင်လံခရိုင် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး နေအိမ်မှာပစ်သတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စားအုန္းဆီထုတ္ၿပီး ျပန္လာတဲ့ အုပ္ခ်ဳပ္ေရးမႉး ပစ္သတ္ခံရ
ဇန္နဝါရီ ၁၁
မေကြးတိုင္းေဒသႀကီး၊ ေအာင္လံၿမိဳ႕နယ္၊ ေညာင္ပင္ဝိုင္းေက်း႐ြာအနီး ေက်း႐ြာခ်င္းဆက္လမ္းေပၚမွာ စားအုန္းဆီထုတ္ၿပီး ျပန္လာတဲ့ အုပ္ခ်ဳပ္ေရးမႉး ပစ္သတ္ခံရၿပီး ေသဆုံးသြားတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
ဇန္နဝါရီ ၁၀ ရက္ ညေန ၄ နာရီေက်ာ္မွာ ေအာင္လံၿမိဳ႕နယ္ေထြအုပ္႐ုံးက ထုတ္ေပးတဲ့ စားအုန္းဆီေတြကို ေက်း႐ြာမွာ ခြဲတမ္းနဲ႔ ျပန္ေရာင္းခ်ေပးဖို႔ ဆီသယ္ျပန္လာတဲ့ ကင္ပြန္းၿခဳံေက်း႐ြာမွ အုပ္စုအုပ္ခ်ဳပ္ေရးမႉး ဦးဝင္းႏိုင္ ၅၀ ႏွစ္ေက်ာ္နဲ႔ အေဖာ္အျဖစ္လိုက္လာတဲ့ ဦးျမင့္ေ႐ႊ အသက္ ၅၅ ႏွစ္ တို႔ကို ေသနတ္သမားေတြက ပစ္ခတ္ခဲ့တာလို႔ ဆိုပါတယ္။
“အုပ္ခ်ဳပ္ေရးမႉးကိုပဲ ေ႐ြးပစ္သြားတာ။ သူနဲ႔အေဖာ္လိုက္လာတဲ့ တေယာက္ကိုေတာ့ဘာမွ မလုပ္သြားဘူး။ ေသနတ္သမားေတြကလည္း သတင္းရလို႔ လာေစာင့္ေနတာျဖစ္မယ္”လို႔ ေဒသခံတဦးကေျပာပါတယ္။
ေသနတ္နဲ႔အနီးကပ္ပစ္ခံရလို႔ ဦးဝင္းႏိုင္မွာ ရင္ဘတ္နဲ႔ဦးေခါင္းမွာ က်ည္ထိဒဏ္ရာေတြနဲ႔ ေနရာမွာပဲ ေသဆုံးခဲ့ပါတယ္။
ဦးဝင္းႏိုင္ဟာ စစ္ေကာင္စီခန႔္အုပ္ခ်ဳပ္ေရးမႉးျဖစ္သလို ရပ္ေက်းႀကံ့ခိုင္ေရးပါတီဝင္တဦးလည္းျဖစ္ပါတယ္။
ဒီပစ္ခတ္မႈကို ဘယ္အဖြဲ႕က ဘာေၾကာင့္ပစ္ခတ္တယ္ဆိုတာ မသိရေသးဘဲ သတင္းထုတ္ျပန္ထားတာလည္း မေတြ႕ရေသးပါဘူး။
ႏိုဝင္ဘာ ၂၂ ရက္ကလည္း ဆင္ေပါင္ဝဲၿမိဳ႕နယ္၊ ငါးရန႔္ေခ်ာင္းေက်း႐ြာေန ေအာင္လံခ႐ိုင္ ႀကံ့ခိုင္ေရးပါတီ အတြင္းေရးမႉး ေနအိမ္မွာပစ္သတ္ခံရၿပီး ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *