တတိယအကြိမ်တွေ့ဆုံပွဲတွင် လနချခိုင်း ဟာသကောင်ငပု

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ တတိယအကြိမ်တွေ့ဆုံပွဲတွင် MNDAA ကို လက်နက်ချခိုင်းပြီး စစ်တပ်အောက်မှာပဲ နေခိုင်း၍ ဆွေးနွေးမှုက ပျက်သွား

ဇန်နဝါရီလ ၁၁ ရက်

အာဏာသိမ်းစစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ တစ်လအတွင်း သုံးကြိမ်တွေ့ဆုံခဲ့ပြီး ယခုတတိယအကြိမ် တွေ့ဆုံပွဲတွင် ကိုးကန့်တပ် MNDAA ကို စစ်ကောင်စီက လက်နက်ချခိုင်းခဲ့ကြောင်း သိရသည်။

MNDAA ကို ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ အထူး ၁ ထူထောင်ခွင့်ပေးမည်ဖြစ်ပြီး သို့သော်လည်း MNDAA အနေဖြင့် လက်နက်ချရမည်ဟု စစ်ကောင်စီက တွေ့ဆုံမှုတွင် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းမှုဖြင့် တတိယအကြိမ် တွေ့ဆုံခဲ့ကြကြောင်း ရှမ်းပြည် သတင်းများက ဖော်ပြသည်။

စစ်ကောင်စီသတင်းရင်းမြစ်များနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ သတင်းရင်းမြစ်များအား ကိုးကား၍ Shan News ကဆိုသည်။

“စစ်ကောင်စီက ကိုးကန်ဒေသ အထူး ၁ ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် ကိုးကန်တပ်ဖွဲ့တွေကို လက်နက်ချခိုင်းတာပေါ့။ ပြီးတော့ စစ်တပ်အောက်မှာပဲ နေခိုင်းတာပေါ့။ အဲကြောင့် ဆွေးနွေးမှုက ပျက်သွားတာ။ ဒါကိုလည်း MNDAA အနေနဲ့ တင်းမာထားတာပေါ့” ဟု ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များကို အပြင်းအထန်တိုက်ထုတ်ပြီး ကိုးကန့်ဒေသ (လောက်ကိုင်) တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ထားသည့် MNDAA အနေဖြင့် စစ်ကောင်စီထံ လက်နက်ချရန် လုံးဝမဖြစ်နိုင်ခြင်းကြောင့် တွေ့ဆုံဆွေးနွေးမှု ရလဒ်ကောင်းများ မထွက်သေးခြင်းဖြစ်သည်။

ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ တရုတ်အစိုးရကြားဝင်မှုဖြင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး MNDAA နှင့် စစ်ကောင်စီတို့ ရက်သတ္တပတ်ကြာ ယာယီအပစ်အခတ် ရပ်စဲခဲ့ကြသည်။

ဆက်လက်ပြီး ဒီဇင်ဘာ ၂၂ ရက်ကနေ ၂၄ ရက်နေ့အထိ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ ဒုတိယအကြိမ် တွေ့ဆုံခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရှိန်လျှော့ရေးနှင့် လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်များကို အလေးထား ဆွေးနွေးခဲ့ကြသည်။

ဒုတိယအကြိမ် တွေ့ဆုံမှုနောက်တွင် လောက်ကိုင်မြို့ရှိ စစ်ကောင်စီ၏ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) တစ်ခုလုံး MNDAA ထံ လက်နက်ချခဲ့ကာ အရာရှိများအပါအဝင် တပ်သားများနှင့် တပ်မိသားစုဝင် စုစုပေါင်း ၃၇၀၀ ကျော် လောက်ကိုင်မြို့မှ စွန့်ခွာသွားခဲ့ရသည်။

လက်ရှိတွင် ကိုးကန့်ဒေသတစ်ခုလုံးကို MNDAA က အလုံးစုံ သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်းနှင့် MNDAA က ကိုးကန့်ဒေသအား ပြန်လည်ထူထောင်ရေး စတင်တော့မည်ဟု အသိပေး ကြေညာထားသည်။

တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှု အောင်မြင်မှုမရရှိခြင်းနှင့်အတူ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် တိုက်ပွဲများ တစ်ရက်ထက်တစ်ရက် ပိုပြင်းထန်လာနေသည်။

လားရှိုးမြို့ပေါ်သို့ တိုက်ပွဲများရောက်ရှိလာမည်ကို စိုးရိမ်၍ မြို့ပေါ်ဒေသခံများမှာ နေ့စဉ်နှင့်အမျှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

လားရှိုးမြို့ဒေသခံတစ်ဦးက “လားရှိုးမြို့မှာတော့ အခုတော့ အကုန်ထွက်ပြေးသွားနေကြပြီ။ တစ်ရက်ကို ကားအစီ၁၀၀ ကျော်လောက်က ထွက်ပြေးတိမ်းရှောင်နေကြပြီ။ ပြောချင်တာကတော့ အသက်ကြီးတဲ့သူတွေ ၊ ကျန်းမာရေးမကောင်းတဲ့သူတွေလည်း ထွက်ပြေးတိမ်းရှောင်ထားသင့်နေပြီပေါ့။ သတင်းတွေကိုလည်း နားစွန့်နားထောင်နေရတယ်။ အခုဆွေးနွေးမှုရလဒ်နဲ့တော့ လားရှိုးအထိတိုက်ပွဲရောက်လာနိုင်တယ်” ဟု သျှမ်းသတင်းက ဖော်ပြထားသည်။

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ တိုက်ပွဲများမှာ စစ်ဘေးရှောင် ၃၀၀၀ နီးပါးရှိသည့် လားရှိုးမြို့နှင့် မန္တလေးအထိ တိုက်ပွဲများပြန့်ကြဲသွားနိုင်ကြောင်း ရှမ်းနိုင်ငံရေးသမားများက သုံးသပ်ထားကြသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရှိန်များ ဆက်လက်မြင့်တက်ကာ ပြည်သူလူထုများလိုလားသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သွားမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်တိုင်းတွင် ပြောဆိုထားသည်။

ပုံစာ-မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်မှ အဖွဲ့ဝင်များသည် ချင်းရွှေဟော်မြို့ တောင်ကုန်းပေါ်ရှိ မြန်မာစစ်တပ်ကင်းစခန်းမှ သိမ်းဆည်းရမိသည့် လက်နက်များနှင့်အတူ တွေ့ရစဉ်

စစ္ေကာင္စီႏွင့္ ညီေနာင္မဟာမိတ္တို႔ တတိယအႀကိမ္ေတြ႕ဆုံပြဲတြင္ MNDAA ကို လက္နက္ခ်ခိုင္းၿပီး စစ္တပ္ေအာက္မွာပဲ ေနခိုင္း၍ ေဆြးေႏြးမႈက ပ်က္သြား
ဇန္နဝါရီလ ၁၁ ရက္
အာဏာသိမ္းစစ္ေကာင္စီႏွင့္ ညီေနာင္မဟာမိတ္တပ္ဖြဲ႕တို႔ တစ္လအတြင္း သုံးႀကိမ္ေတြ႕ဆုံခဲ့ၿပီး ယခုတတိယအႀကိမ္ ေတြ႕ဆုံပြဲတြင္ ကိုးကန႔္တပ္ MNDAA ကို စစ္ေကာင္စီက လက္နက္ခ်ခိုင္းခဲ့ေၾကာင္း သိရသည္။
MNDAA ကို ရွမ္းျပည္ေျမာက္ပိုင္း ကိုးကန႔္ေဒသ အထူး ၁ ထူေထာင္ခြင့္ေပးမည္ျဖစ္ၿပီး သို႔ေသာ္လည္း MNDAA အေနျဖင့္ လက္နက္ခ်ရမည္ဟု စစ္ေကာင္စီက ေတြ႕ဆုံမႈတြင္ ေတာင္းဆိုခဲ့ေၾကာင္း သိရွိရသည္။
ညီေနာင္မဟာမိတ္တပ္ဖြဲ႕မ်ားႏွင့္ စစ္ေကာင္စီတို႔ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၇ ရက္ေန႔မွ ၉ ရက္ေန႔အထိ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ ကူမင္းၿမိဳ႕တြင္ တ႐ုတ္အစိုးရ ၾကားဝင္ညႇိႏႈိင္းမႈျဖင့္ တတိယအႀကိမ္ ေတြ႕ဆုံခဲ့ၾကေၾကာင္း ရွမ္းျပည္ သတင္းမ်ားက ေဖာ္ျပသည္။
စစ္ေကာင္စီသတင္းရင္းျမစ္မ်ားႏွင့္ ညီေနာင္မဟာမိတ္တပ္ဖြဲ႕ သတင္းရင္းျမစ္မ်ားအား ကိုးကား၍ Shan News ကဆိုသည္။
“စစ္ေကာင္စီက ကိုးကန္ေဒသ အထူး ၁ ေပးမယ္လို႔ေျပာတယ္။ ဒါေပမယ့္ ကိုးကန္တပ္ဖြဲ႕ေတြကို လက္နက္ခ်ခိုင္းတာေပါ့။ ၿပီးေတာ့ စစ္တပ္ေအာက္မွာပဲ ေနခိုင္းတာေပါ့။ အဲေၾကာင့္ ေဆြးေႏြးမႈက ပ်က္သြားတာ။ ဒါကိုလည္း MNDAA အေနနဲ႔ တင္းမာထားတာေပါ့” ဟု ေဖာ္ျပထားသည္။
အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားကို အျပင္းအထန္တိုက္ထုတ္ၿပီး ကိုးကန႔္ေဒသ (ေလာက္ကိုင္) တစ္ခုလုံးကို အၿပီးသတ္သိမ္းပိုက္ထားသည့္ MNDAA အေနျဖင့္ စစ္ေကာင္စီထံ လက္နက္ခ်ရန္ လုံးဝမျဖစ္ႏိုင္ျခင္းေၾကာင့္ ေတြ႕ဆုံေဆြးေႏြးမႈ ရလဒ္ေကာင္းမ်ား မထြက္ေသးျခင္းျဖစ္သည္။
ညီေနာင္မဟာမိတ္တပ္ဖြဲ႕မ်ားႏွင့္ စစ္ေကာင္စီတို႔သည္ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁၁ ရက္ကေန ၁၃ ရက္ေန႔အထိ တ႐ုတ္အစိုးရၾကားဝင္မႈျဖင့္ ပထမဆုံးအႀကိမ္ ေတြ႕ဆုံခဲ့ၿပီး MNDAA ႏွင့္ စစ္ေကာင္စီတို႔ ရက္သတၱပတ္ၾကာ ယာယီအပစ္အခတ္ ရပ္စဲခဲ့ၾကသည္။
ဆက္လက္ၿပီး ဒီဇင္ဘာ ၂၂ ရက္ကေန ၂၄ ရက္ေန႔အထိ စစ္ေကာင္စီႏွင့္ ညီေနာင္မဟာမိတ္တပ္ဖြဲ႕တို႔ ဒုတိယအႀကိမ္ ေတြ႕ဆုံခဲ့ၿပီး ရွမ္းျပည္ေျမာက္ပိုင္းတြင္ စစ္ရွိန္ေလွ်ာ့ေရးႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈကိစၥရပ္မ်ားကို အေလးထား ေဆြးေႏြးခဲ့ၾကသည္။
ဒုတိယအႀကိမ္ ေတြ႕ဆုံမႈေနာက္တြင္ ေလာက္ကိုင္ၿမိဳ႕ရွိ စစ္ေကာင္စီ၏ ေဒသကြက္ကဲေရးစစ္ဌာနခ်ဳပ္ (ဒကစ) တစ္ခုလုံး MNDAA ထံ လက္နက္ခ်ခဲ့ကာ အရာရွိမ်ားအပါအဝင္ တပ္သားမ်ားႏွင့္ တပ္မိသားစုဝင္ စုစုေပါင္း ၃၇၀၀ ေက်ာ္ ေလာက္ကိုင္ၿမိဳ႕မွ စြန႔္ခြာသြားခဲ့ရသည္။
လက္ရွိတြင္ ကိုးကန႔္ေဒသတစ္ခုလုံးကို MNDAA က အလုံးစုံ သိမ္းပိုက္ရရွိထားၿပီျဖစ္ေၾကာင္းႏွင့္ MNDAA က ကိုးကန႔္ေဒသအား ျပန္လည္ထူေထာင္ေရး စတင္ေတာ့မည္ဟု အသိေပး ေၾကညာထားသည္။
တတိယအႀကိမ္ ေတြ႕ဆုံေဆြးေႏြးမႈ ေအာင္ျမင္မႈမရရွိျခင္းႏွင့္အတူ ရွမ္းျပည္ေျမာက္ပိုင္း လားရႈိးၿမိဳ႕နယ္တြင္ တိုက္ပြဲမ်ား တစ္ရက္ထက္တစ္ရက္ ပိုျပင္းထန္လာေနသည္။
လားရႈိးၿမိဳ႕ေပၚသို႔ တိုက္ပြဲမ်ားေရာက္ရွိလာမည္ကို စိုးရိမ္၍ ၿမိဳ႕ေပၚေဒသခံမ်ားမွာ ေန႔စဥ္ႏွင့္အမွ် ထြက္ေျပးတိမ္းေရွာင္ေနရေၾကာင္း ေဒသခံမ်ားက ေျပာဆိုေနၾကသည္။
လားရႈိးၿမိဳ႕ေဒသခံတစ္ဦးက “လားရႈိးၿမိဳ႕မွာေတာ့ အခုေတာ့ အကုန္ထြက္ေျပးသြားေနၾကၿပီ။ တစ္ရက္ကို ကားအစီ၁၀၀ ေက်ာ္ေလာက္က ထြက္ေျပးတိမ္းေရွာင္ေနၾကၿပီ။ ေျပာခ်င္တာကေတာ့ အသက္ႀကီးတဲ့သူေတြ ၊ က်န္းမာေရးမေကာင္းတဲ့သူေတြလည္း ထြက္ေျပးတိမ္းေရွာင္ထားသင့္ေနၿပီေပါ့။ သတင္းေတြကိုလည္း နားစြန႔္နားေထာင္ေနရတယ္။ အခုေဆြးေႏြးမႈရလဒ္နဲ႔ေတာ့ လားရႈိးအထိတိုက္ပြဲေရာက္လာႏိုင္တယ္” ဟု သွ်မ္းသတင္းက ေဖာ္ျပထားသည္။
စစ္ေကာင္စီႏွင့္ ညီေနာင္မဟာမိတ္တို႔ တိုက္ပြဲမ်ားမွာ စစ္ေဘးေရွာင္ ၃၀၀၀ နီးပါးရွိသည့္ လားရႈိးၿမိဳ႕ႏွင့္ မႏၲေလးအထိ တိုက္ပြဲမ်ားျပန႔္ႀကဲသြားႏိုင္ေၾကာင္း ရွမ္းႏိုင္ငံေရးသမားမ်ားက သုံးသပ္ထားၾကသည္။
ရွမ္းျပည္ေျမာက္ပိုင္းတြင္ စစ္ရွိန္မ်ား ဆက္လက္ျမင့္တက္ကာ ျပည္သူလူထုမ်ားလိုလားေသာ စစ္အာဏာရွင္စနစ္ အျမစ္ျပတ္ေရးအတြက္ စြမ္းစြမ္းတမံ ေဆာင္႐ြက္သြားမည္ဟု ညီေနာင္မဟာမိတ္ ၃ ဖြဲ႕က သတင္းထုတ္ျပန္တိုင္းတြင္ ေျပာဆိုထားသည္။
ပုံစာ-ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ မဟာမိတ္တပ္မေတာ္မွ အဖြဲ႕ဝင္မ်ားသည္ ခ်င္းေ႐ႊေဟာ္ၿမိဳ႕ ေတာင္ကုန္းေပၚရွိ ျမန္မာစစ္တပ္ကင္းစခန္းမွ သိမ္းဆည္းရမိသည့္ လက္နက္မ်ားႏွင့္အတူ ေတြ႕ရစဥ္

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *