သူနဲ့ပုသိမ်အလှမယ်လေးနိုနိုမေတို့ရဲ့ပတ်သက်မှုကို ပရိသတ်တွေသိအောင် ပြန်လည်ဖြေရှင်းလာတဲ့ ကိုဂျွန်ဦး

ပရိသတ်ကြီးရေ… ပြီးခဲ့တဲ့ရက်ပိုင်း က ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar ပြိုင်ပွဲကြီးကတော့ ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူ အသီးသီးကိုလည်း ရွေးချယ်ပေးခဲ့ပြီပဲဖြစ်ပါတယ်။ Miss Universe Pathein ဆုရှင် နိုနိုမေဟာလည်း 4th Runner Up ဆုကို ရရှိပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။မနေ့က စက်တင်ဘာလ (၁၆) ရက်နေ့မှာတော့ နိုနိုမေရဲ့ လက်ရှိခင်ပွန်းဆိုတဲ့ ကိုဂျွန်ဦးရဲ့ ပထမမိန်းမကြီး ဒေါ် ဧကရီဝင်းက Miss Universe Pathein နိုနိုမေရဲ့ အကြောင်းကို ဖွင့်ဟလာခဲ့ပါတယ်။ နိုနိုမေဟာ အသက် (၁၆) နှစ်ကတည်းက အိမ်ထောင်ကျခဲ့တာဖြစ်ပြီး အိမ်ထောင်ကျခဲ့ပြီး ဒုတိယအိမ်ထောင်ကို မယားနဲ့ သားသမီးတွေရှိတဲ့ ကိုဂျွန်ဦး ဆိုတဲ့ အမျိုးသားနဲ့ ပတ်သက်ခဲ့ကာ သားသမီးတွေနဲ့လည်း လုံးဝပေးတွေ့ ခွင့်မပေးတဲ့အထိလုပ်ခဲ့တယ်လို့့ ဖွင့်ဟလာခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ပွန်းဆိုသူ ကိုဂျွန်ဦးကအခုလက်ရှိမှာ နိုနိုမေနဲ့သူ့ရဲ့ဆက်ဆံရေးအကြောင်းကို မီဒီယာကနေတစ်ဆင့် ပရိသတ်ကြီးအားပြန်လည်ဖြေရှင်းလာပါတယ်။

ကိုဂျွန်ဦးက” 2018 နိုဝင်ဘာလက နော်ဝေနိုင်ငံမှာဇနီးဟောင်းဖြစ်သူဒေါ်ဧကရီဝင်းနဲ့ကွာရှင်းခဲ့တာပါ။ခုအောက်ဖဲတွေဘာလို့လှန်လဲလို့ ပြောကြမယ် ။ ကျွန်တော် လုံးဝအောက်ဖဲ မလှန်လို့မရအောင်ဖြစ်သွားပြီ။ မပြောရင် ကျွန်တော်ခွေးလုံးလုံးဖြစ်မယ်၊ နော်ဝေမှာကိုယ့်သားသမီး သုံးယောက်အတွက် ရှင်လျှက်သေနေတဲ့ ဘဝကိုသည်းခံဖြတ်သန်းခဲ့ပြီးပြီ။ ကွာရှင်းပြန်လာပြီးတော့ တစ်နှစ်ကျော်မှ နိုနိုမေ အမေနဲ့ အရင်တွေ့ပြီး အသိဟောင်းတွေမို့ အဆက်သွယ်ရခဲ့တယ်။ နိုနိုမေ .. အသက် ၁၁ လသား မှာ သူ့ဖခင်ဆုံး သွားခဲ့တာပါ။ သူ့အဖေကကိုယ့်ရဲ့ သူငယ်ချင်းပေါ့။ မိဘအုပ်ထိန်းမှုပိုင်း အရ လည်း ကူညီပေးခဲ့တယ်၊ လူကြီး တစ်ယောက်အနေနဲ့လည်း ဖေးမပေးတယ်၊ အနေ နီးစပ်မှု နဲ့ ချစ်ကြိုက်သွားတဲ့ အပိုင်းတွေရှိတယ် ဆိုတာဝန်ခံပါတယ်။

နောက်ပိုင်းမှာ အမျိုးသမီးဟောင်းဖြစ်ခဲ့တဲ့ သူကတောက်လျှောက် ဆိုရှယ်မီဒီယာမှာ အဖက်ဖက်က တိုက်ခိုက်လာခဲ့တယ်။ “နင် အသက် လည်း ငယ်သေးတယ်၊ နင့်ဘဝ ရှေ့ရေးရှိတယ်။ နင်နဲ့ငါ ရပ်တန်းကရပ်ပြီး ဦးလေးလို၊မိဘလို သဘောထားပြီး စောင့်ရှောက်ပေးမယ်”ဆိုတာမျိုးနဲ့ ခရီးဆက်ခဲ့တာ အတော်ကြာပါပြီ ။ အကြောင်းအရာမ သိတဲ့မီဒီယာတွေ ဖြတ်ညှပ်ကပ်ပြီး မဟုတ်တာတွေ မတင်ကြဖို့လည်း ပြောချင်တယ်”ဆိုပြီးပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။အခုချိန်မှာနိုနိုမေနဲ့သူဟာ ဖြူစင်တဲ့ဆက်ဆံရေးသာရှိတော့ကြောင်းနဲ့ သူတို့နှစ်ယောက်နဲ့ပတ်သက်ပြီး အထင်မလွဲကြဖို့ ပရိသတ်တွေကို တောင်ဆိုခဲ့တာပဲဖြစ်ပါတယ်နော်။

Credit;

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *