အတေ နှစ်ထပ်ကွမ်းပေါ့ ဟိဟိ

ငါန်းဇွန် ပျူစောထီးအလောင်း တင်ဆောင်လာတဲ့ ကားကို တော်လှန်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်++++++++++++++++++ဇန်နဝါရီ၊ ၁၁မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကုန်းလည်နှင့် ပေါက်တောရွာကြား လမ်းတစ်နေရာမှာ ငမြာကျေးရွာကနေ ပျူအလောင်းကောက်ပြီး ထွက်လာတဲ့ ကားကို ဇန်နဝါရီလ ၁၁ရက်နေ့ ၊ နေ့လည် ၁၂ နာရီ ၁၃ မိနစ်အချိန်မှာ တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ TGYR အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။ ခန့်မှန်း အင်အား ၄ဦးလိုက်ပါစီးလာတဲ့ နာရေးကားမှာ ကားမောင်းသူမှာ နယ်ထိန်း ဗိုလ်ကြီး ကိုယ်တိုင်ဖြစ်ပြီး ကားအနောက်တွင်လည်း ဆိုင်ကယ် ၂စီးဖြင့် ရဲ ၄ဦးလိုက်လာတာကို တော်လှန်ရေးအင်အားစုတွေက မိုင်း ၆လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ “ဒလန် အလောင်းသွားကောက်ပြီးပြန်လာတာ၊ ဒလန်ရှင်းတာကတော့ ကျွန်တော်တို့အဖွဲ့က မဟုတ်ပါဘူး တစ်ခြားတစ်ဖွဲ့ကပါ၊ ကျွန်တော်တို့ကတော့ သူတို့ကားက ကျွန်တော်တို့လမ်းကြောကနေ ဖြတ်သွားလို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ၊ ကားကတော့ ဘော်ဒီရုံ ပို့လိုက်ရပြီကြားတယ်၊ ပြီးတော့ လူ၃ယောက်ထိတယ်လို့ သတင်းရထားပါတယ်၊ အတည်တော့မပြုနိုင်သေးပါဘူး” လို့ TGYR မှ ရဲဘော်အီကို ကမောင်းကိုပြောပါတယ်။မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရအပြီးမှာတော့ အဆိုပါကားဟာ ထိုနေရာမှ တောက်လျှောက်မောင်းထွက်သွားက ငမြာရွာထဲကိုပဲ လှည့်ပြန်သွားတယ်လို့ ဆိုပါတယ်။ “အဲ့ဒီလမ်းကြောမှာက အင်အား ၁၀၀လောက်နဲ့ စစ်ကြောင်းကလည်းရှိနေတယ်၊ မနက်က ဒလန်ရှင်းထားတော့ စစ်ကြောင်းလျှောက်နေတာ၊ ပြည်သူတွေကို ဖမ်းဆီးတာမျိုးလည်းမရှိခဲ့ဘူး၊ ဘာလို့လည်းဆိုတော့ သူတို့ကားက ရခ တွေပဲပါတော့ အင်အားနည်းတယ်လေ၊ ပြီးတော့ ရဲတွေက နည်းနည်းကြောက်တတ်တယ်လေ၊ သူတို့ဒီတိုင်းပဲ မောင်းပြေးသွားတယ်” လို့ ရဲဘော် အီကိုကပြောပါတယ်။တိုက်ခိုက်မှုကိုတော့ TGYR-Youth Guerrilla Counter Revolution-NZ ပြောက်ကျားတပ်ဖွဲ့ ၊ ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ 925-ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *