အဘကဇွတ်ပဲ မနိုင်လို့ပြန်ဆုတ်နေရတာကို

သိန္နီ စကခ-၁၆ ကို ၃ ရက်အတွင်း ပြန်မရရင် တိုင်းမှူး၊ ဒုတိုင်းမှူးများ အပြုတ်ပဲဟု စစ်ခေါင်းဆောင် ရာဇသံပေးထားပြီး ရရှိရန်ကြိုးစားနေသည့် စစ်ကောင်စီတပ် မထိုး ဖောက်နိုင်၍ ပြန်ဆုတ်

ဇန်နဝါရီ ၁၁

ရှမ်းမြောက်၊ သိန္နီရှိ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ် (စကခ ၁၆)ကို လက်လွှတ်ခဲ့ရသည့်အတွက် “သိန္နီကို သုံးရက်အတွင်း ပြန်မရရင် တိုင်းမှူး၊ ဒုတိုင်းမှူးတွေ အပြုတ်ပဲ” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရာဇသံပေးထားကြောင်း သိရသည်။

စစ်ခေါင်ဆောင်ရာဇသံပေးချက်အတိုင်း သိန္နီ စကခ-၁၆ ကို ပြန်ရရန် သွားရောက် တိုက်ခိုက်သည့် စစ်ကောင်စီတပ်ဖွဲ့များသည် မဟာမိတ်တပ်များ၏ အင်အားကိုမထိုးဖောက်နိုင်၍ တပ်ပြန်ဆုတ်ခဲ့ရကြောင်း စစ်ကောင်စီ၏ စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။

“သိန္နီကိုမရမနေ ပြန်ယူခိုင်းနေတယ်။ မလှန်နိုင်လို့ကို တပ်ဆုတ်ပြေးရပါတယ်ဆိုမှ ပြန်ရအောင်တိုက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ မဟာမိတ်တပ်တွေက နှစ်ရက်ထဲနဲ့ စခန်း တစ်ခုလုံးကို လှန်သွားတာ။ ညတွင်းချင်း အကုန်ဆုတ်ပြေးခဲ့ရတယ်။ စစ်ခေါင်းဆောင်ကတော့ သိန္နီမရရင် အကုန်အပြုတ်ပဲလို့ ကြိမ်းထားတယ်”ဟု တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

စစ်ခေါင်းဆောင်က ဇန်နဝါရီ ၇ ရက်နေ့တွင် ပါတီပေါင်းစုံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် စစ်တိုင်းမှူး၊ ဒုတိုင်းမှူးများနှင့် သီးသန့်တွေ့ဆုံကာ ယခုကဲ့သို့ ပြောဆိုခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မဟာမိတ်တပ်ဖွဲ့များသည် ပြီးခဲ့သည် နို၀င်ဘာလကတည်းက သိန္နီမြို့ကို သိမ်းထားပြီး ဖြစ်သော်လည်း မြို့အတွင်းတွင် စစ်ကောင်စီ၏ ခလရ-၆၉ နှင့် စကခ-၁၆ တို့ကျန်ရှိနေ၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းတွင် စစ်ဌာန နှစ်ခုလုံးကို မဟာမိတ်အဖွဲ့က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ ဆုံးရှုံးခဲ့ရသည့် စကခ-၁၆ ကို ပြန်လည်ရရှိရန်အတွက် အပြင်းအထန်ကြိုးစားနေပြီး စစ်ခေါင်းဆောင်က ယခုကဲ့သို့ ရာဇသံပေး၍ ဖိအားပေးစေခိုင်းထားခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်း မြစ်က ဆိုသည်။

စစ်ကောင်စီ၏ စကခ-၁၆ ကို ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့က ဇန်နဝါရီ ၄ ရက်နေ့တွင် ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ၇ ရက်နေ့တွင် စခန်းကိုအပြီးသတ် စီးနင်း သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စီးနင်းတိုက်ခိုက်နေစဉ် စကခ-၁၆ အတွင်းရှိ စစ်ကောင်စီ၏ GE တပ်အပါအ၀င် ခမရ- ၂၄၀၊ ခမရ-၃၂၃ နှင့် ဆေးတပ်များအားလုံး စခန်းကိုစွန့်ခွာ ထွက်ပြေး သွားခြင်း ဖြစ်သည်ဟု မဟာမိတ်တပ်ဖွဲ့၏ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ပူးပေါင်း တော်လှန်ရေးတပ်များသည် စစ်ကောင်စီတပ်များ ကျန်ရှိနေသည့် စကခ ဧရိယာ တစ်ခုလုံးရှိ တပ်ရင်းများ၊ လက်နက်ကြီးကုန်း၊ လက်နက်ဂိုထောင်၊ သံချပ် ကာကား၊ ပွိုင့် 5 လက်နက်၊ ဟောင်၀စ်ဇာများနှင့် လက်နက် ခဲယမ်းအမြောက်အများကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်ကလည်း တိုက်ပွဲအတွင်း စခန်းမကျစေရေးအတွက် တင့်ကား၊ ၄၀-မမ၊ ၆၀-မမ၊ RPG ပွိုင့် 5၊ အခြားလက်နက်ကြီးမျိုးစုံတို့နှင့် ပစ်ခတ်တိုက် ခိုက်ခဲ့သည့်အပြင် လေကြောင်းမှလည်း အကြိမ်ပေါင်းများစွာခုခံတိုက်ခိုက်ခဲ့သည်ဟု PLA ကထုတ် ပြန်ထားသည်။

ပုံစာ-
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *