လမ်းပြခဝေးလေး ဂိန်လို့တောင်မအော်နိုင်ရှာဘူး

အုတ်ဖိုက စစ်ကောင်စီရဲ့ လမ်းပြ ပျူစောထီးဆိုသူ သုတ်သင်ရှင်းလင်းခံရ++++++++ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာမှာ နေထိုင်တဲ့ စစ်ကောင်ရဲ့လမ်းပြ ပျုစောထီးဆိုသူ ကို ဇန်နဝါရီလ ၁၀ ရက်၊ နေ့လည် ၂နာရီ မှာ ပစ်ခတ်ရှင်းလင်း ခဲ့ရာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၁) Dragon Brothers (GBK-PDF) မှ သတင်းထုတ်ပြန်ထားပါတယ်။ ဝိုင်းကျေးရွာ၊ ဂမုန်းတံတား ၊ ဂမုန်းဆည် အနီးကို တက်လာစဉ် တော်လှန်ရဲဘော်တွေမှ ပျုစောထီးလမ်းပြဆိုသူအား နားထင်ကို ၁ချက်၊ ဗိုက်ကို ၁ချက်ခန့် အနီးကပ် ပစ်ခတ်ခဲ့တာကြောင့် ၎င်းမှာ နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။ “သူက ဝိုင်းရွာ စာသင်ကျောင်းကနေ ဆည်နားကို တစ်ယောက်ထဲ တက်လာတာ ၊ ဒီလူက တောတော်တော်ကျွမ်းတော့ စခတွေက စစ်ကြောင်းထိုးရင် သူကလမ်းပြအနေနဲ့ အမြဲပါတယ်၊ သူ့ကြောင့်နဲ့ တောထဲက pdf တွေနေရာပြောင်းရတာ ၄/၅ခါလောက်ရှိနေပြီ၊ ဒီရက်ထဲမှာတော့ သူက အရက်တအားသောက်လို့ စခတွေက မခေါ်ဘူးသူ့ကို၊ ပုံမှန်ဆိုသူက စခတွေနဲ့ အမြဲပူးနေတာ၊ ခုလို သူတစ်ယောက်ထဲရှိနေတဲ့ အချိန်မှာ အနီးကပ်ရှင်းလင်းလိုက်တာပါ” လို့ Dragon Brothers (GBK-PDF) ရဲ့ တပ်ခွဲမှူး ရဲဘော်ပြည့်ဝက မောင်းကိုပြောပါတယ်။ ရှင်းလင်းပြီးနောက်မှာတော့ သေဆုံးအလောင်းကို ဝိုင်းရွာ ရဲကင်းရှိ ရဲ‌တွေက လာရောက်သယ်သွားပြီး အနီးအနားရှိ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ ရှင်းလင်းခံရသူ လမ်းပြဆိုသူမှာ စစ်တပ်ထွက်ဖြစ်ပြီး စစ်တပ်မှ လက်နက်ပေးထားတဲ့ ပျူစောထီးတစ်ဦးလည်းဖြစ်ကာ ပြည်သူတွေကို လက်နက်ပြချိန်းခြောက် အနိုင်ကျင့်တာတွေ လုပ်ဆောင်နေတာကြောင့် အခုလိုရှင်းလင်းလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ ဝိုင်းရွာရှိ ရဲကင်းစခန်းမှာ ပုံမှန်အားဖြင့် အင်အား ၂၀ နှင့် တပ်စွဲနေတဲ့ စခန်းဖြစ်ပြီး အခြေအနေပေါ်မူတည်ကာ အင်အား ၅၀ လောက်ထိ တိုးမြင့်ထားရှိတဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *