နာရေးကားစီးလာတော့နာရေးတွေဖြစ်ကုန်(ရုပ်သံ)

ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော နာရေးကားနှင့် ဆိုင်ကယ် ၂ စီးကို မိုင်းဆွဲ တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၁၂

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော နာရေးကားနှင့် ဆိုင်ကယ် ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၃ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ်ဌ ငမြာကြီးစခန်းမှ နယ်ထိန်း (ဗိုလ်အောင်သူရ) မောင်းနှင်လာသော နာရေးကား ၁ စီးနှင့် ဆိုင်ကယ် ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ပေါက်တောကျေးရွာနှင့် ကုန်းလည်ကျေးရွာ အကြားတွင် မိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ ထိခိုက်သေဆုံးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး” ဟု ငါန်းဇွန်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ငါန်းဇွန်မြို့နယ်ပကဖ) ၊ T.G.R people defence force မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Black Eagle Defence Force – MMU ၊ ငါန်းဇွန် ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့ ၊ 925 ပျောက်ကျားအဖွဲ့ ၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့ ၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့ ၊ လက်ရုံးပျောက်ကျားအဖွဲ့ ၊ ငန်းနက် ပျောက်ကျားအဖွဲ့ ၊ အားမာန်သစ်ပျောက်ကျားအဖွဲ့ ၊ ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့ နှင့် တပ်ရင်း ၆ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါန္းဇြန္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီ တပ္သားမ်ား လိုက္ပါလာေသာ နာေရးကားႏွင့္ ဆိုင္ကယ္ ၂ စီးကို မိုင္းဆြဲ တိုက္ခိုက္ (႐ုပ္/သံ)
ရန္ကုန္၊ ဇန္နဝါရီ ၁၂
မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ား လိုက္ပါလာေသာ နာေရးကားႏွင့္ ဆိုင္ကယ္ ၂ စီးကို မိုင္းဆြဲ တိုက္ခိုက္ခဲ့ေၾကာင္း ငါန္းဇြန္ၿမိဳ႕နယ္ ပကဖ မွ တာဝန္ရွိသူ တစ္ဦးက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။
ဇန္နဝါရီလ ၁၁ ရက္ေန႔ မြန္းလြဲ ၂ နာရီ ၁၃ မိနစ္ခန္႔တြင္ ငါန္းဇြန္ၿမိဳ႕နယ္ဌ ငျမာႀကီးစခန္းမွ နယ္ထိန္း (ဗိုလ္ေအာင္သူရ) ေမာင္းႏွင္လာေသာ နာေရးကား ၁ စီးႏွင့္ ဆိုင္ကယ္ ၂ စီးကို ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက ေပါက္ေတာေက်း႐ြာႏွင့္ ကုန္းလည္ေက်း႐ြာ အၾကားတြင္ မိုင္း ၆ လုံးျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
“စစ္ေခြးေတြ ထိခိုက္ေသဆုံးမႈ အေျခအေနေတာ့ အတည္မျပဳႏိုင္ေသးဘူး” ဟု ငါန္းဇြန္ၿမိဳ႕နယ္ ပကဖ မွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္။
အဆိုပါ တိုက္ခိုက္မႈကို ငါန္းဇြန္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (ငါန္းဇြန္ၿမိဳ႕နယ္ပကဖ) ၊ T.G.R people defence force ေျမာင္ၿမိဳ႕နယ္ T.G.R ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ ၊ Black Eagle Defence Force – MMU ၊ ငါန္းဇြန္ ပကဖ အဖြဲ႕ဝင္မ်ားျဖစ္ေသာ ေ႐ႊဂ်ိဳးျဖဴေပ်ာက္က်ားအဖြဲ႕ ၊ 925 ေပ်ာက္က်ားအဖြဲ႕ ၊ TGYR ေပ်ာက္က်ားအဖြဲ႕၊ ေဒါင္းဖိုက္တာေပ်ာက္က်ားအဖြဲ႕ ၊ ျပည္ေတာ္ဝင္ေပ်ာက္က်ားအဖြဲ႕ ၊ လက္႐ုံးေပ်ာက္က်ားအဖြဲ႕ ၊ ငန္းနက္ ေပ်ာက္က်ားအဖြဲ႕ ၊ အားမာန္သစ္ေပ်ာက္က်ားအဖြဲ႕ ၊ ဖက္ဒရယ္ညီအကိုေပ်ာက္က်ားအဖြဲ႕ ႏွင့္ တပ္ရင္း ၆ တို႔က ပူးေပါင္း ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *